အဂူရိုကို ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနို

ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုဟာ မန်စီးတီးအသင်းရဲ့ အဓိက တိုက်စစ်မှူး အဂူရိုကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးရန် (၆) လသာ ကျန်တော့သာ ဖြစ်ပြီး အခုအချိန်အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု မရသေးတာဖြစ်ပါတယ်။ ယခုအခါ ပိုချက်တီနိုက ပီအက်စ်ဂျီနည်းပြဘ၀ ပထမဆုံးသော ကစားသမားခေါ်ယူမှုကို အဂူရို နဲ့ စတင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အဂူရိုဟာ စာချုပ်သက်တမ်းတိုးရန် မသေချာသေးတာဖြစ်လို့ ယခုအချိန်မှာ ပရီးမီးယားလိဂ်ကမဟုတ်တဲ့ ဘယ်အသင်းနဲ့မဆို ဆွေးနွေးလို့ရနေပြီ ဖြစ်ပါတယ်။ စပါးနည်းပြဟောင်းဟာ ပြီးခဲ့တဲ့အပတ်ကမှ ပီအက်စ်ဂျီအသင်းကနေ ထုတ်ပယ်ခြင်းခံလိုက်ရတဲ့ နည်းပြသောမတ်စ်တူချယ်နေရာမှာ အစားထိုးဝင်ရောက်လာသူပါ။

ပီအက်စ်ဂျီကို ရောက်လာတော့လည်း သူ့ရဲ့ အာရုံတွေက အင်္ဂလန်ဘက်ကို ရောက်နေပြီး မန်စီးတီးအသင်းအတွက် ဂိုးအများဆုံးသွင်းထားတဲ့ အဂူရိုကို မျက်စိကျနေတာဖြစ်ပါတယ်။ အဂူရိုကို ခေါ်ယူလိုက်နိုင်ပါက အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ နေမာ နဲ့ အမ်ဘတ်ပေ တို့အတွက်လည်း ပိုပြီး အင်အားဖြစ်စေမယ်လို့ ရည်ရွယ်ထားပါတယ်။

သို့သော်လည်း အဂူရိုဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာပေါင်း များစွာနဲ့ ရုန်းကန်နေရပြီး (၅) ပွဲသာ ကစားထားရပါတယ်။ ဒါ့ကြောင့် ပိုချက်တီနိုအနေနဲ့ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂူရိုကို အရခေါ်ယူသွားနိုင်မလားဆိုတာကို ပရိသတ်တွေအနေနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

အဂူ႐ိုကို ေခၚယူရန္ ပစ္မွတ္ထားေနတဲ့ ပီအက္စ္ဂ်ီနည္းျပသစ္ ပိုခ်က္တီႏို

ပီအက္စ္ဂ်ီနည္းျပသစ္ ပိုခ်က္တီႏိုဟာ မန္စီးတီးအသင္းရဲ႕ အဓိက တိုက္စစ္မွဴး အဂူ႐ိုကို ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဝါရင့္တိုက္စစ္မွဴးဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးရန္ (၆) လသာ က်န္ေတာ့သာ ျဖစ္ၿပီး အခုအခ်ိန္အထိ စာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီမႈ မရေသးတာျဖစ္ပါတယ္။ ယခုအခါ ပိုခ်က္တီႏိုက ပီအက္စ္ဂ်ီနည္းျပဘ၀ ပထမဆံုးေသာ ကစားသမားေခၚယူမႈကို အဂူ႐ို နဲ႔ စတင္ရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

အဂူ႐ိုဟာ စာခ်ဳပ္သက္တမ္းတိုးရန္ မေသခ်ာေသးတာျဖစ္လို႔ ယခုအခ်ိန္မွာ ပရီးမီးယားလိဂ္ကမဟုတ္တဲ့ ဘယ္အသင္းနဲ႔မဆို ေဆြးေႏြးလို႔ရေနၿပီ ျဖစ္ပါတယ္။ စပါးနည္းျပေဟာင္းဟာ ၿပီးခဲ့တဲ့အပတ္ကမွ ပီအက္စ္ဂ်ီအသငး္ကေန ထုတ္ပယ္ျခင္းခံလိုက္ရတဲ့ နည္းျပေသာမတ္စ္တူခ်ယ္ေနရာမွာ အစားထိုး၀င္ေရာက္လာသူပါ။

ပီအက္စ္ဂ်ီကို ေရာက္လာေတာ့လည္း သူ႔ရဲ႕ အာရံုေတြက အဂၤလန္ဘက္ကို ေရာက္ေနၿပီး မန္စီးတီးအသင္းအတြက္ ဂိုးအမ်ားဆံုးသြင္းထားတဲ့ အဂူ႐ိုကို မ်က္စိက်ေနတာျဖစ္ပါတယ္။ အဂူ႐ိုကို ေခၚယူလိုက္ႏိုင္ပါက အသင္းရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ေနမာ နဲ႔ အမ္ဘတ္ေပ တို႔အတြက္လည္း ပိုၿပီး အင္အားျဖစ္ေစမယ္လို႔ ရည္ရြယ္ထားပါတယ္။

သို႔ေသာ္လည္း အဂူ႐ိုဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေပါင္း မ်ားစြာနဲ႔ ႐ုန္းကန္ေနရၿပီး (၅) ပြဲသာ ကစားထားရပါတယ္။ ဒါ့ေၾကာင့္ ပိုခ်က္တီႏိုအေနနဲ႔ မန္စီးတီးအသင္းရဲ႕ တိုက္စစ္မွဴး အဂူ႐ိုကို အရေခၚယူသြားႏိုင္မလားဆိုတာကို ပရိသတ္ေတြအေနနဲ႔ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။