တိုက်စစ်ကစားသမား ဒီယိုဂို ဂျိုတာ ထပ်ပြီး အနားယူရဦးမယ်လို့ ပြောကြားသွားတဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ် နည်းပြ ယာဂင်ကလော့ပ်က တိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာဟာ ပြန်လည်ကစားနိုင်ရန် အနည်းငယ် စောင့်ရဦးမယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဒဏ်ရာရ စာရင်းမှာ ကစားသမားအများအပြားရောက်ရှိနေပြီး ဒီယိုဂိုဂျိုတာလည်း ပြန်လည်ကစားဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

သူဟာ ဒီဇင်ဘာလက မစ်ဂျဲလန်းအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးပြန်လည်ဆင်းနိုင်ရန် အနည်းငယ်စောင့်ရဦးမယ်လို့ ကလော့ပ်က ပြောသွားခဲ့ပါတယ်။ “သူအနေနဲ့ အချိန်ယူရဦးမှာပါ။ သူဟာ သက်သာလာနေဆဲဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အပြည့်အ၀ လေ့ကျင့်ရေးဆင်းနိုင်ရန် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရဦးမှာပါ” လို့ ကလော့ပ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မာတစ်ပ် နဲ့ ကီတာ တို့အတွက် သတင်းကောင်းကို ကလော့ပ်က သောကြာနေ့ကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပွဲမတိုင်မီ ပြောသွားခဲ့ပါတယ်။

“ကီတာက မကြာခင် ပြန်ကစားနိုင်တော့မှာ ဖြစ်ပေမယ့် ဗီလာနဲ့ ပွဲမှာတော့ မဟုတ်သေးပါဘူး။ သူ့ကို ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် အဆင်သင့်ဖြစ်အောင် ကြိုးစားသွားမှာပါ၊ သူလည်း ကစားဖို့ မစောင့်နိုင်တော့ဘူးဖြစ်နေပါတယ်။ ဒါပေမယ့် သူအဆင်သင့်ဖြစ်မဖြစ် တော့ သေချာပေါက် ကျွန်တော်တို့ မသိသေးပါဘူး” လို့ ကလော့ပ်က ထပ်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

တိုက္စစ္ကစားသမား ဒီယိုဂို ဂ်ိဳတာ ထပ္ၿပီး အနားယူရဦးမယ္လို႔ ေျပာၾကားသြားတဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

လီဗာပူးလ္ နည္းျပ ယာဂင္ကေလာ့ပ္က တိုက္စစ္ကစားသမား ဒီယိုဂိုဂ်ိဳတာဟာ ျပန္လည္ကစားႏိုင္ရန္ အနည္းငယ္ ေစာင့္ရဦးမယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းရဲ႕ ဒဏ္ရာရ စာရင္းမွာ ကစားသမားအမ်ားအျပားေရာက္ရွိေနၿပီး ဒီယိုဂိုဂ်ိဳတာလည္း ျပန္လည္ကစားဖို႔ အခ်ိန္ယူရဦးမွာ ျဖစ္ပါတယ္။

သူဟာ ဒီဇင္ဘာလက မစ္ဂ်ဲလန္းအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ဒူးဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး ေလ့က်င့္ေရးျပန္လည္ဆင္းႏိုင္ရန္ အနည္းငယ္ေစာင့္ရဦးမယ္လို႔ ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။ “သူအေနနဲ႔ အခ်ိန္ယူရဦးမွာပါ။ သူဟာ သက္သာလာေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ အျပည့္အ၀ ေလ့က်င့္ေရးဆင္းႏိုင္ရန္ ရက္သတၱပတ္အနည္းငယ္ေလာက္ အနားယူရဦးမွာပါ” လို႔ ကေလာ့ပ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ မာတစ္ပ္ နဲ႔ ကီတာ တို႔အတြက္ သတင္းေကာင္းကို ကေလာ့ပ္က ေသာၾကာေန႔ကစားမယ့္ အက္စတြန္ဗီလာအသင္းနဲ႔ ပြဲမတိုင္မီ ေျပာသြားခဲ့ပါတယ္။

“ကီတာက မၾကာခင္ ျပန္ကစားႏိုင္ေတာ့မွာ ျဖစ္ေပမယ့္ ဗီလာနဲ႔ ပြဲမွာေတာ့ မဟုတ္ေသးပါဘူး။ သူ႔ကို ယူႏိုက္တက္နဲ႔ ပြဲမတိုင္ခင္ အဆင္သင့္ျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ၊ သူလည္း ကစားဖို႔ မေစာင့္ႏိုင္ေတာ့ဘူးျဖစ္ေနပါတယ္။ ဒါေပမယ့္ သူအဆင္သင့္ျဖစ္မျဖစ္ ေတာ့ ေသခ်ာေပါက္ ကၽြန္ေတာ္တို႔ မသိေသးပါဘူး” လို႔ ကေလာ့ပ္က ထပ္ၿပီး ေျပာသြားခဲ့တာ ျဖစ္ပါတယ္။