ဝက်စ်ဟမ်းကို အနာဂတ်မှာ ဦးဆောင်မယ့်သူက ဒီကလန်ရိုက်စ် လို့ ဂန္တဝင်ကစားသမား တိုနီကော့တီ ပြောဆို


ဝက်စ်ဟမ်းအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ တိုနီကော့တီက အသင်းကိုအနာဂတ်မှာ ဦးဆောင်သွားမယ့်သူက ဒီကလန်ရိုက်စ်လို့ ပြောခဲ့တာကြောင့် သူကိုခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းကြီးတွေအနေနဲ့ အခက်တွေ့စေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီရာသီမှာ ဝက်စ်ဟမ်းအနေနဲ့ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတယ်လို့ သတင်းတွေက ဖော်ပြနေကြပေမယ့် လက်ရှိအချိန်မှာတော့ အသင်းက အမှတ်ပေးဇယားအဆင့်-၁၀ နေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။


အသက် ၂၁ နှစ်သာရှိသေးတဲ့ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းခဲ့တာမျိုးတော့မရှိခဲ့ဘဲ ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုပြုလုပ်လာနိုင် တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်နေသေးသူဖြစ်ပြီး အသင်းတာဝန်ရှိသူတွေကတော့ သူကို အနာဂတ်အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ထား တယ်လို့ ဖော်ပြခဲ့ကြပါတယ်။


အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဝက်စ်ဟမ်းအသင်း ဂန္တဝင်တိုက်စစ်မှူး တိုနီကော့တီက “ ကျွန်တော်အနေနဲ့ အခုချိန်မှာ အသင်း အတွက် စဉ်းစားမိတာက နည်းပြမိုယက်စ်နဲ့ နောက်ခံလူ ဒီကလန်ရိုက်စ်တို့ ထွက်မသွားဖို့ပါပဲ။ အသင်းက ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတယ်ဆိုပေမယ့် မိုယက်စ်က နည်းပြကောင်းတစ်ယောက်ဖြစ်လို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိပါတယ်။ ဒီ ကလန်ရိုက်ကလည်း အသင်းရဲ့ အနာဂတ်ခေါင်းဆောင်ဖြစ်တာကြောင့် သူကို ဆက်ရှိနေစေချင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဝက္စ္ဟမ္းကို အနာဂတ္မွာ ဦးေဆာင္မယ့္သူက ဒီကလန္႐ိုက္စ္ လို႔ ဂႏၲဝင္ကစားသမား တိုနီေကာ့တီ ေျပာဆို
ဝက္စ္ဟမ္းအသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ တိုနီေကာ့တီက အသင္းကိုအနာဂတ္မွာ ဦးေဆာင္သြားမယ့္သူက ဒီကလန္႐ိုက္စ္လို႔ ေျပာခဲ့တာေၾကာင့္ သူကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းႀကီးေတြအေနနဲ႔ အခက္ေတြ႕ေစတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒီရာသီမွာ ဝက္စ္ဟမ္းအေနနဲ႔ ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အသင္းက အမွတ္ေပးဇယားအဆင့္-၁၀ ေနရာမွာ ရွိေနတာပဲ ျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ခ်ဲလ္ဆီးက ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့တာမ်ိဳးေတာ့မရွိခဲ့ဘဲ ဒီဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကမ္းလွမ္းမႈျပဳလုပ္လာႏိုင္ တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒီကလန္႐ိုက္စ္ဟာ ဝက္စ္ဟမ္းအသင္းနဲ႔ စာခ်ဳပ္သက္တမ္း သံုးႏွစ္က်န္ေနေသးသူျဖစ္ၿပီး အသင္းတာဝန္ရွိသူေတြကေတာ့ သူကို အနာဂတ္အသင္းေခါင္းေဆာင္အျဖစ္ သတ္မွတ္ထား တယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။
အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဝက္စ္ဟမ္းအသင္း ဂႏၲဝင္တိုက္စစ္မွဴး တိုနီေကာ့တီက “ ကၽြန္ေတာ္အေနနဲ႔ အခုခ်ိန္မွာ အသင္း အတြက္ စဥ္းစားမိတာက နည္းျပမိုယက္စ္နဲ႔ ေနာက္ခံလူ ဒီကလန္႐ိုက္စ္တို႔ ထြက္မသြားဖို႔ပါပဲ။ အသင္းက ပံုမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတယ္ဆိုေပမယ့္ မိုယက္စ္က နည္းျပေကာင္းတစ္ေယာက္ျဖစ္လို႔ ဘယ္လိုေျဖရွင္းရမလဲဆိုတာ သိပါတယ္။ ဒီ ကလန္႐ိုက္ကလည္း အသင္းရဲ႕ အနာဂတ္ေခါင္းေဆာင္ျဖစ္တာေၾကာင့္ သူကို ဆက္ရွိေနေစခ်င္ပါတယ္” လို႔ ေျပာသြားခဲ့ပါ တယ္။