တစ်နှစ်ကျော်အတွင်းမှာပဲ ဆာအဲလက်ဖာဂူဆန်ရဲ့ မှတ်တမ်းကို လိုက်မီသွားခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား


ပြီးခဲ့တဲ့နေ့ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ နှစ်ဂိုးပြတ်ရှုံးခဲ့ တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ အသင်းကိုကိုင်တွယ်တဲ့ တစ်နှစ်ကျော်အတွင်းမှာပဲ ဂန္တ ဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန်ရဲ့ မှတ်တမ်းကို လိုက်မီသွားခဲ့တယ်လို့ သိရပါတယ်။ ဆာအဲလက်ဖာဂူဆန်ဟာ ယူနိုက်တက်ကို ၂၆ နှစ်ကြာအောင် ကိုင်တွယ်ခဲ့ပြီးမှ ဒီမှတ်တမ်းကို ရရှိထားတာဖြစ်ပေမယ့် ဆိုးလ်ရှားကတော့ တစ်နှစ် ကျော်အတွင်းမှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။


ဆာအဲလက်ဖာဂူဆန်ရဲ့ ရရှိထားတဲ့မှတ်တမ်းကတော့ ယူနိုက်တက်အသင်းနည်းပြတစ်ယောက်အနေနဲ့ ဖလားလုပွဲတွေရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးပွဲ ၄ ပွဲအထိရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမှတ်တမ်းကိုတော့ ဆိုးလ်ရှားက မန်စီးတီးအသင်းကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ လိုက်မီသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုးလ်ရှားကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ဘောလုံး ရာသီတုန်းက အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားပွဲတွေမှာ ပြိုင်ဘက်တွေကို ရှုံးနိမ့်ပြီး ဆီမီး ဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။


မန်စီးတီးအသင်းကို ရှုံးပြီး ကာရာဘောင်းဖလားကနေ ထွက်ခဲ့ ရပြီးနောက် ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက “ ကျွန်တော်တို့ အသင်းအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတယ်ဆိုတာ မဟုတ်ပါဘူး။ ပြိုင်ပွဲတစ်ခုဖြစ်တာ ကြောင့် အနိုင်အရှုံးကတော့ ရှိမှာပါ။ အကြောင်းရင်းတိုက်ဆိုင်စွာနဲ့ ဆီမီးဖိုင်နယ်အဆင့်တွေကပဲ နောက်ဆုံးပြိုင်ပွဲ ၄ ကြိမ် ဆက်ထွက်ခဲ့ရတာပါ။ ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် အသင်းရဲ့ကစားပုံက အကောင်းဆုံးမှာ ရှိနေခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။

zawgyi version

တစ္ႏွစ္ေက်ာ္အတြင္းမွာပဲ ဆာအဲလက္ဖာဂူဆန္ရဲ႕ မွတ္တမ္းကို လိုက္မီသြားခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား
ၿပီးခဲ့တဲ့ေန႔ မန္စီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ယူႏိုက္တက္အေနနဲ႔ ႏွစ္ဂိုးျပတ္ရႈံးခဲ့ တာေၾကာင့္ ၿပိဳင္ပြဲက ထြက္ခဲ့ရေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ အသင္းကိုကိုင္တြယ္တဲ့ တစ္ႏွစ္ေက်ာ္အတြင္းမွာပဲ ဂႏၲ ဝင္နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္ရဲ႕ မွတ္တမ္းကို လိုက္မီသြားခဲ့တယ္လို႔ သိရပါတယ္။ ဆာအဲလက္ဖာဂူဆန္ဟာ ယူႏိုက္တက္ကို ၂၆ ႏွစ္ၾကာေအာင္ ကိုင္တြယ္ခဲ့ၿပီးမွ ဒီမွတ္တမ္းကို ရရွိထားတာျဖစ္ေပမယ့္ ဆိုးလ္ရွားကေတာ့ တစ္ႏွစ္ ေက်ာ္အတြင္းမွာပဲ ရရွိခဲ့တာျဖစ္ပါတယ္။
ဆာအဲလက္ဖာဂူဆန္ရဲ႕ ရရွိထားတဲ့မွတ္တမ္းကေတာ့ ယူႏိုက္တက္အသင္းနည္းျပတစ္ေယာက္အေနနဲ႔ ဖလားလုပြဲေတြရဲ႕ ဆီမီးဖိုင္နယ္အဆင့္မွာ ရႈံးပြဲ ၄ ပြဲအထိရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဒီမွတ္တမ္းကိုေတာ့ ဆိုးလ္ရွားက မန္စီးတီးအသင္းကို ရႈံးခဲ့တဲ့ ပြဲအၿပီးမွာ လိုက္မီသြားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဆိုးလ္ရွားကိုင္တြယ္ေနတဲ့ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေဘာလံုး ရာသီတုန္းက အက္ဖ္ေအဖလား၊ ကာရာေဘာင္းဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားပြဲေတြမွာ ၿပိဳင္ဘက္ေတြကို ရႈံးနိမ့္ၿပီး ဆီမီး ဖိုင္နယ္အဆင့္ကေန ထြက္ခဲ့ရတာ ျဖစ္ပါတယ္။
မန္စီးတီးအသင္းကို ရႈံးၿပီး ကာရာေဘာင္းဖလားကေန ထြက္ခဲ့ ရၿပီးေနာက္ ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက “ ကၽြန္ေတာ္တို႔ အသင္းအေနနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြရွိေနတယ္ဆိုတာ မဟုတ္ပါဘူး။ ၿပိဳင္ပြဲတစ္ခုျဖစ္တာ ေၾကာင့္ အႏိုင္အရႈံးကေတာ့ ရွိမွာပါ။ အေၾကာင္းရင္းတိုက္ဆိုင္စြာနဲ႔ ဆီမီးဖိုင္နယ္အဆင့္ေတြကပဲ ေနာက္ဆံုးၿပိဳင္ပြဲ ၄ ႀကိမ္ ဆက္ထြက္ခဲ့ရတာပါ။ ၿပိဳင္ပြဲက ထြက္ခဲ့ရေပမယ့္ အသင္းရဲ႕ကစားပံုက အေကာင္းဆံုးမွာ ရွိေနခဲ့ပါတယ္” လို႔ေျပာခဲ့ပါတယ္။