ဒီရာသီမှာ ချဲလ်ဆီးအနေနဲ့ အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်မယ်လို့ ပြောခဲ့တဲ့ အက်ပီလီကွီတာ


ချဲလ်ဆီးအသင်းခေါင်းဆောင်ဖြစ်တဲ့ အက်ပီလီကွီတာက လက်ရှိမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာကြောင့် ဝေဖန်မှုတွေ ခံနေရတယ်ဆိုပေမယ့် ရာသီအကုန်မှာ အသင်းအနေနဲ့ အောင်မြင်မှုတွေရရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။ အက်ပီလီကွီတာ ဟာ ၂၀၁၂ ခုနှစ်က မာဆေးကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီးနောက်မှာ အသင်းအတွက်ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၄၀၀ အထိ ကစားပေးထားသူလည်း ဖြစ်ပါတယ်။


နည်းပြဟောင်း ဒီမတ်တီယိုလက်ထက် ချန်ပီယံလိဂ်ရယူနိုင်ခဲတဲ့ ချဲလ်ဆီးအသင်းမှာ အက်ပီလီကွီတာဟာ ပါဝင်ခဲ့ခြင်း မရှိတာကြောင့် ချန်ပီယံလိဂ်မရခဲ့ဘူးဆိုပေမယ့် အသက် ၃၁ နှစ်ရှိနေပြီဖြစ်တာကြောင့် အသင်းကနေ သူမထွက်ခင်မှာ နောက်ထပ်အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် အလိုရှိနေတယ်လို့လည်း အက်ပီလီကွီတာက ပြောခဲ့ပါတယ်။ အက်ပီလီကွီတာရဲ့ နေရာကို လူငယ်ကစားသမား ရီမီဂျိမ်းစ်နဲ့ အစားထိုးပြီး နည်းပြလမ်းပတ်က ကစားစေတာကြောင့် သူအနေနဲ့ အသင်းမှာ ပုံမှန်နေရာရဖို့လည်း ရုန်းကန်နေရပါတယ်။


အက်ပီလီကွီတာက “ ကျွန်တော်တို့အသင်းက စိတ်ကူးယဉ်ပြီး လုပ်နေတဲ့အသင်းမဟုတ်ပါဘူး။ အောင်မြင်မှုတွေရယူနိုင်ဖို့ အတွက် ကစားသမားကောင်းတွေကို ခေါ်ယူထားပါတယ်။ ဒီအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရတဲ့အ တွက်လည်း တကယ်ကို ဂုဏ်ယူမိပါတယ်။ လက်ရှိမှာ အသင်းအနေနဲ့ ရလဒ်ပိုင်းတွေဆိုးရွားနေတယ်ဆိုပေမယ့် လက်ကျန် ရာသီဝက်မှာ အကောင်းဆုံးပြန်လာပြီး အောင်မြင်မှုတွေကို ရယူနိုင်မှာပါ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version
