ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်သွားခိုင်းရန် ပြင်ဆင်နေပြီဖြစ်တဲ့ စပါးအသင်း

စပါးအသ်းဟာ ဂါရတ်ဘေးလ်ကို သူ့ရဲ့ မိခင် ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ရာသီအကုန်မှာ ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။ ၇ အကြာမှ အသက် (၃၁) နှစ်အရွယ် ဘေးလ်ဟာ စပါးအသင်းဆီ စက်တင်ဘာလက အငှားနဲ့ ပြန်ရောက်လာခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေနဲ့ ထပ်မံ လုံးပမ်းနေရပါတယ်။ သတင်းများရဲ ဖော်ပြချက်အရ စပါးအသင်းဟာ ဇွန်လမှာ ဘေးလ်ကို အပြီးသတ်ခေါ်ယူမှာ မဟုတ်ပဲ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြန်လည်ပို့ဆောင်ဖို့ပဲကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဝေးလ်လက်ရွေးစင်ကစားသမားဟာ ဒီဇင်ဘာလက စတုတ်စီးတီးအသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေသလုံး ကြွက်သားဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ဘေးလ်ဟာ အဆိုပါပွဲမှာ ပထမပိုင်း၌ ဂိုးသွင်းယူပေးထားပေမယ့် စပါးအသင်းရဲ့ ၂၀၂၁ အစောပိုင်းအပတ်တွေကို ဂါရတ်ဘေးလ် မပါဝင်ပဲ နဲ့ ကစားရမယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့က စပိန်သတင်းစာ အေအက်စ်ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းအကြီးအကဲတွေကလည်း ဘေးလ်ကို ၂၀၂၀-၂၁ ဘောလုံးရာသီအကုန်မှာ အသင်းဆီ ပြန်လည်ပို့ဆောင်မှာကို စိုးရိမ်ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။ သူဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်း၌ တစ်နှစ်ကို ပေါင် ၁၃ သန်း ရရှိနေတာဖြစ်လို့ သူ့ကို ခေါ်ယူမယ့် အသင်းအများစုဟာ ယခုအချိန်ကာလမှာ ခေါ်ယူရန် လက်တွန့်နေတာ ဖြစ်ပါတယ်။

နောက်ရာသီဆိုရင် ဘေးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ကို ရောက်ရှိလာပြီဖြစ်ပြီး ၂၀၂၂ နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာပါ။ စပါးအသင်းကို ရောက်လာကတည်းက ဘေးလ်ဟာ (၁၁) ပွဲကစားပေးထားပြီး (၃) ဂိုးသွင်းယူပေးထားပါတယ်။ စပါးအသင်းဟာ အင်္ဂါနေ့က ဘရန့်ဖိုဒ့်အသင်းကို ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲမှာ (၂-ဝ) နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။

ဂါရတ္ေဘးလ္ကို ရီးရဲလ္မက္ဒရစ္အသင္းဆီ ျပန္သြားခိုင္းရန္ ျပင္ဆင္ေနၿပီျဖစ္တဲ့ စပါးအသင္း

စပါးအသ္းဟာ ဂါရတ္ေဘးလ္ကို သူ႔ရဲ႕ မိခင္ ကလပ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဆီ ရာသီအကုန္မွာ ျပန္လည္ပို႔ေဆာင္ရန္ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ ၇ အၾကာမွ အသက္ (၃၁) ႏွစ္အရြယ္ ေဘးလ္ဟာ စပါးအသင္းဆီ စက္တင္ဘာလက အငွားနဲ႔ ျပန္ေရာက္လာခဲ့ေပမယ့္ ဒဏ္ရာ ျပႆနာေတြနဲ႔ ထပ္မံ လုံးပမ္းေနရပါတယ္။ သတင္းမ်ားရဲ ေဖာ္ျပခ်က္အရ စပါးအသင္းဟာ ဇြန္လမွာ ေဘးလ္ကို အၿပီးသတ္ေခၚယူမွာ မဟုတ္ပဲ ရီးရဲလ္မက္ဒရစ္အသင္းထံ ျပန္လညပို႔ေဆာင္ဖို႔ပဲကို ရည္ရြယ္ထားတာ ျဖစ္ပါတယ္။

ေ၀းလ္လက္ေရြးစင္ကစားသမားဟာ ဒီဇင္ဘာလက စတုတ္စီးတီးအသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခသလံုး ႂကြက္သားဒဏ္ရာ ရခဲ့တာျဖစ္ပါတယ္။ ေဘးလ္ဟာ အဆိုပါပြဲမွာ ပထမပိုင္း၌ ဂိုးသြင္းယူေပးထားေပမယ့္ စပါးအသင္းရဲ႕ ၂၀၂၁ အေစာပိုင္းအပတ္ေတြကို ဂါရတ္ေဘးလ္ မပါ၀င္ပဲ နဲ႔ ကစားရမယ္လို႔ သိရပါတယ္။

ဗုဒၶဟူးေန႔က စပိန္သတင္းစာ ေအအက္စ္ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းအႀကီးအကဲေတြကလည္း ေဘးလ္ကို ၂၀၂၀-၂၁ ေဘာလံုးရာသီအကုန္မွာ အသင္းဆီ ျပန္လည္ပို႔ေဆာင္မွာကို စိုးရိမ္ေၾကာက္ရြံ႕ေနတယ္လို႔ သိရပါတယ္။ သူဟာ လက္ရွိမွာ ရီးရဲလ္မက္ဒရစ္အသင္း၌ တစ္ႏွစ္ကို ေပါင္ ၁၃ သန္း ရရွိေနတာျဖစ္လို႔ သူ႔ကို ေခၚယူမယ့္ အသင္းအမ်ားစုဟာ ယခုအခ်ိန္ကာလမွာ ေခၚယူရန္ လက္တြန္႔ေနတာ ျဖစ္ပါတယ္။

ေနာက္ရာသီဆိုရင္ ေဘးလ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕စာခ်ဳပ္သက္တမ္းက ေနာက္ဆံုးႏွစ္ကို ေရာက္ရွိလာၿပီျဖစ္ၿပီး ၂၀၂၂ ေႏြရာသီမွာ သက္တမ္းကုန္ဆံုးမွာပါ။ စပါးအသင္းကို ေရာက္လာကတည္းက ေဘးလ္ဟာ (၁၁) ပြဲကစားေပးထားၿပီး (၃) ဂိုးသြင္းယူေပးထားပါတယ္။ စပါးအသင္းဟာ အဂၤါေန႔က ဘရန္႔ဖိုဒ့္အသင္းကို ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲမွာ (၂-၀) နဲ႔ အႏိုင္ရခဲ့ၿပီး ဗိုလ္လုပြဲကို တက္သြားၿပီျဖစ္ပါတယ္။