ယူနိုက်တက်အသင်းဆီ ပေါင် ၃၇ သန်းနဲ့ အပြီးသတ် ရောက်ရှိလာပြီ ဖြစ်တဲ့ ဒီယယ်လို

ယူနိုက်တက်အသင်းဟာ အတ္တလန္တာအသင်းဆီက တောင်ပံကစားသမား ဒီယယ်လိုကို (၄) နှစ်ခွဲစာချုပ်နဲ့ အပြီးသတ်လက်မှတ်ထိုး ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးအတွက် ယူနိုက်တက်အသင်းဟာ ပေါင် ၁၉ သန်း အပါအဝင် အပိုဆုကြေး ပေါင် ၁၈ သန်း လောက်အထိ ပေးသွားရမှာ ဖြစ်ပြီး ဆေးစစ်မှုလည်း အောင်မြင်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် အိုင်ဗရီကိုစ့် ကစားသမားလေးဟာ အလုပ်ပါမစ် ရတာနဲ့ အင်္ဂလန်ကို ရောက်လာမှာ ဖြစ်ပါတယ်။

“ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နွေရာသီကတည်းက စောင့်ခဲ့တာက အခုတော့ အိပ်မက်တွေ အမှန်တစ်ကယ်ဖြစ်မြောက်လာပါပြီ။ ကျွန်တော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိပြီး ပွဲတွေအတွင်းမှာလည်း ကျွန်တော်ရယူချင်တာတွေ ရှိပါတယ်။ နည်းပြနဲ့ စကားပြောပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့ အသင်းကို ရွေးချယ်ခဲ့တာကို သိခဲ့ရပါတယ်။ ဒီအသင်းမှာ အရမ်းကောင်းတဲ့ လူတွေ အများကြီးရှိလို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ နေ့တိုင်း ကျွန်တော်ဟာ သင်ယူသွားပြီး အလုပ်ကြိုးစားသွားမယ်လို့ ကတိပေးနိုင်ပါတယ်” လို့ ဒီယယ်လိုက ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ဘက်ကတော့ ဒီယယ်လိုရဲ့ စာချုပ်ကို နောက်ထပ် (၁၂) လ သက်တမ်းတိုးခွင့် ရှိထားတာလည်း ဖြစ်ပါတယ်။ သူဟာ အတ္တလန္တာအသင်းကြီးအတွက် (၅) ပွဲကစားထားပြီး (၁) ဂိုးသွင်းယူပေးခဲ့ပါတယ်။

ယူႏိုက္တက္အသင္းဆီ ေပါင္ ၃၇ သန္းနဲ႔ အၿပီးသတ္ ေရာက္ရွိလာၿပီ ျဖစ္တဲ့ ဒီယယ္လို

ယူႏိုက္တက္အသင္းဟာ အတၱလႏၲာအသင္းဆီက ေတာင္ပံကစားသမား ဒီယယ္လိုကို (၄) ႏွစ္ခြဲစာခ်ဳပ္နဲ႔ အၿပီးသတ္လက္မွတ္ထိုး ေခၚယူလိုက္ၿပီ ျဖစ္ပါတယ္။ ေျပာင္းေရႊ႕ေၾကးအတြက္ ယူႏိုက္တက္အသင္းဟာ ေပါင္ ၁၉ သန္း အပါအ၀င္ အပိုဆုေၾကး ေပါင္ ၁၈ သန္း ေလာက္အထိ ေပးသြားရမွာ ျဖစ္ၿပီး ေဆးစစ္မႈလည္း ေအာင္ျမင္ခဲ့ၿပီလို႔ သိရပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ အိုင္ဗရီကိုစ့္ ကစားသမားေလးဟာ အလုပ္ပါမစ္ ရတာနဲ႔ အဂၤလန္ကို ေရာက္လာမွာ ျဖစ္ပါတယ္။

“ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ ေႏြရာသီကတည္းက ေစာင့္ခဲ့တာက အခုေတာ့ အိပ္မက္ေတြ အမွန္တစ္ကယ္ျဖစ္ေျမာက္လာပါၿပီ။ ကၽြန္ေတာ့္မွာ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြရွိၿပီး ပြဲေတြအတြင္းမွာလည္း ကၽြန္ေတာ္ရယူခ်င္တာေတြ ရွိပါတယ္။ နည္းျပနဲ႔ စကားေျပာၿပီးတဲ့ေနာက္မွာေတာ့ ကၽြန္ေတာ္ဟာ ၿပီးျပည့္စံုတဲ့ အသင္းကို ေရြးခ်ယ္ခဲ့တာကို သိခဲ့ရပါတယ္။ ဒီအသင္းမွာ အရမ္းေကာင္းတဲ့ လူေတြ အမ်ားႀကီးရွိလို႔ အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။ ေန႔တိုင္း ကၽြန္ေတာ္ဟာ သင္ယူသြားၿပီး အလုပ္ႀကိဳးစားသြားမယ္လို႔ ကတိေပးႏိုင္ပါတယ္” လို႔ ဒီယယ္လိုက ေျပာသြားခဲ့ပါတယ္။

ယူႏိုက္တက္ဘက္ကေတာ့ ဒီယယ္လိုရဲ႕  စာခ်ဳပ္ကို ေနာက္ထပ္ (၁၂) လ သက္တမ္းတိုးခြင့္ ရွိထားတာလည္း ျဖစ္ပါတယ္။ သူဟာ အတၱလႏာၱအသင္းႀကီးအတြက္ (၅) ပြဲကစားထားၿပီး (၁) ဂိုးသြင္းယူေပးခဲ့ပါတယ္။