ရီးရဲလ်မက်ဒရစ်အသင်းထက် အသာရအောင် အလာဘာကို တစ်နှစ် ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းလိုက်တဲ့ လီဗာပူးလ်
လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ ဘိုင်ယန်မြူးနစ် နောက်ခံလူကို အရယူခေါ်ယူနိုင်ရအတွက် လီဗာပူးလ်အသင်းဟာ အလာဘာကို တစ်နှစ် ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အလာဘာရဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း သြစတြီးယား လက်ရွေးစင်ကစားသမားကလည်း ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းကနေ အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။
၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၁၉) ပွဲကစားထားတဲ့ အသက် ၂၈ နှစ်အရွယ်ကစားသမားကို ခေါ်ယူနိုင်ရန် ရီးရဲလ်မက်ဒရစ်အသင်းက ရေပန်းအစားဆုံးဖြစ်နေ ပါတယ်။ သို့သော်လည်း အီတလီက သတင်းများအရ လီဗာပူးလ်အသင်းဟာ ဗဟိုနောက်ခံလူ ရီးရဲလ်မက်ဒရစ်ကို စိတ်မဝင်စားပဲ အန်းဖီးလ်ကို ပြောင်းရွှေ့လာရန်အတွက် တစ်နှစ်ကို ပေါင် ၉ သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအစကတည်းက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ဗန်ဒိုက်ချ်၊ ဂျိုးဂိုးမက်ဇ် နဲပ မာတစ်ပ်တို့ လို့ နောက်ခံလူ အားလုံးဟာ ဒဏ်ရာတွေ ရထားနေတာ ဖြစ်ပါတယ်။ အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကို ၂၀၁၀ ခုနှစ်ကတည်းက စတင်ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော်ကစားပေးထားပါတယ်။