အသင်းအတွင်း ကိုဗစ်ပိုး ထပ်တွေ့တာ များလို့ လေ့ကျင့်ရေးကွင်းကိုပါ ပိတ်လိုက်ရပြီဖြစ်တဲ့ အက်စတွန်ဗီလာအသင်း လီဗာပူးလ် နဲ့ အက်ဖ်အေဖလားပွဲလည်း ရွှေ့ဆိုင်းရဖွယ်ရှိနေ

အသင်းအတွင်း ကိုဗစ် ပိုးတွေ ထပ်မံတွေ့ရှိနေလို့ အက်စတွန်ဗီလာအသင်းဟာ သူတို့ရ့ ဲ လေ့ကျင့်ရေးကွင်းကို ပိတ်လိုက်ပြီဖြစ်ပါတယ်။ ယခုလို အသင်းအတွင်း ကိုဗစ် ပိုးတွေ ထပ်မံတွေ့ ရှိနေလို့ အက်စတွန်ဗီလာအသင်းဟာ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် အက်ဖ်အေဖလားပွဲကိုလည်း ရွှေ့ဆိုင်ရဖွယ်ရှိနေပါတယ်။

အသင်းကတော့ ပထမအသင်းက ကစားသမားများ နဲ့ ဝန်ထမ်းအများစုဟာ တနလာၤနေ့က စစ်ဆေးခဲ့တဲ့ ပထမအကျော့မှာ ပိုးတွေ တွေ့ရှိခဲ့ပြီး ကြာသပတေးနေ့က နောက်တစ်ကြိမ် ထပ်စစ်ရာမှာလည်း Positive ရလဒ်တွေ ပိုပြီး တွေ့ရှိခဲ့တယ်လို့ အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

သောကြာနေ့မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ အက်ဖ်အေဖလားပွဲအတွက် စီစဉ်ထားတဲ့ လေ့ကျင့်ရေးကိုလည်း ယခုအခါ ဖျက်သိမ်းလိုက်ရပါပြီ။ အသင်းရဲ့ ဆေးအဖွဲ့တွေနဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေလည်း ဆက်လက်ပြီး တိုင်ပင်တာတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အသင္းအတြင္း ကိုဗစ္ပိုး ထပ္ေတြ႕တာ မ်ားလို႔ ေလ့က်င့္ေရးကြင္းကိုပါ ပိတ္လိုက္ရၿပီျဖစ္တဲ့ အက္စတြန္ဗီလာအသင္း လီဗာပူးလ္ နဲ႔ အက္ဖ္ေအဖလားပြဲလည္း ေရႊ႕ဆိုင္းရဖြယ္ရွိေန

အသင္းအတြင္း ကိုဗစ္ ပိုးေတြ ထပ္မံေတြ႕ရွိေနလို႔ အက္စတြန္ဗီလာအသင္းဟာ သူတို႔ရ႕ ဲ ေလ့က်င့္ေရးကြင္းကို ပိတ္လိုက္ၿပီျဖစ္ပါတယ္။ ယခုလို အသင္းအတြင္း ကိုဗစ္ ပိုးေတြ ထပ္မံေတြ႕  ရွိေနလို႔ အက္စတြန္ဗီလာအသင္းဟာ လီဗာပူးလ္အသင္းနဲ႔ ကစားမယ့္ အက္ဖ္ေအဖလားပြဲကိုလည္း ေရႊ႕ဆိုင္ရဖြယ္ရွိေနပါတယ္။

အသင္းကေတာ့ ပထမအသင္းက ကစားသမားမ်ား နဲ႔ ၀န္ထမ္းအမ်ားစုဟာ တနလာၤေန႔က စစ္ေဆးခဲ့တဲ့ ပထမအေက်ာ့မွာ ပိုးေတြ ေတြ႕ရွိခဲ့ၿပီး ၾကာသပေတးေန႔က ေနာက္တစ္ႀကိမ္ ထပ္စစ္ရာမွာလည္း Positive ရလဒ္ေတြ ပိုၿပီး ေတြ႕ရွိခဲ့တယ္လို႔ အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။

ေသာၾကာေန႔မွာ ကစားမယ့္ လီဗာပူးလ္အသင္းနဲ႔ အက္ဖ္ေအဖလားပြဲအတြက္ စီစဥ္ထားတဲ့ ေလ့က်င့္ေရးကိုလည္း ယခုအခါ ဖ်က္သိမ္းလိုက္ရပါၿပီ။ အသင္းရဲ႕ ေဆးအဖြဲ႔ေတြနဲ႔ ပရီးမီးယားလိဂ္ တာ၀န္ရွိသူေတြလည္း ဆက္လက္ၿပီး တိုင္ပင္တာေတြ လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။