ဈေးမှန်မရရင် အိုဇေးလ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးမှာ မဟုတ်ဘူးလို့ သတိပေးလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက လာမယ့် ရက်အနည်းငယ်အတွင်းမှာ အိုဇေးလ်ရဲ့ အနာဂတ်ကို ဖြေရှင်းသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ နည်းပြကြီးကတော့ အသင်းကနေ ဖယ်ထားတဲ့ ကွင်းလယ်ဖန်တီးရှင်အတွက် အခု ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ဈေးမှန်မရရင် ထွက်ခွာခွင့် ပေးသွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

သတင်းများအရ အာဆင်နယ်အသင်းဟာ အိုဇေးလ်ကို ဒီလအစောပိုင်းမှာပဲ အသင်းက ထွက်ခွာစေချင်နေတယ်လို့ သိရပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ရဖူးခဲ့တဲ့ ကစားသမားဟာ အာတီတာရဲ့ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် လူစာရင်းတွေမှာ မပါဝင်ထားဘူးဖြစ်ပြီး မတ်လကတည်းက အသင်းအတွက် မကစားထားရသူဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ တစ်ပတ် ပေါင် ၃ သိန်း ခွဲရနေတဲ့ အသက် ၃၂ နှစ်အရွယ်ကစားသမားကို ဖာနာဘာချီ နဲ့ ဒီစီယူနိုက်တက်အသင်းအပါအဝင် မေဂျာလိဂ် ကလပ်တွေကလည်း စိတ်ဝင်စားနေပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းကတော့ ဇူလိုင်လမှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် နှစ်ဖက်ကြား ဆွေးနွေးမှု အဆင်ပြေရင်တော့ ဒီလအစောပိုင်းမှာပဲ အသင်းကနေ ထွက်ခွာမယ်လို့ သိရပါတယ်။ “ နောက်လာမယ့် ရက်အနည်းငယ်အတွင်း ဘာဖြစ်လာမလဲဆိုတာကို ကျွန်တော် ဆုံးဖြတ်သွားမယ်” လို့ အာတီတာက ပြောသွားခဲ့ပါတယ်။

ေစ်းမွန္မရရင္ အိုေဇးလ္ကို အသင္းကေန ထြက္ခြာခြင့္ ေပးမွာ မဟုတ္ဘူးလို႔ သတိေပးလိုက္တဲ့ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာက လာမယ့္ ရက္အနည္းငယ္အတြင္းမွာ အိုေဇးလ္ရဲ႕ အနာဂတ္ကို ေျဖရွင္းသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ နည္းျပႀကီးကေတာ့ အသင္းကေန ဖယ္ထားတဲ့ ကြင္းလယ္ဖန္တီးရွင္အတြက္ အခု ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေစ်းမွန္မရရင္ ထြက္ခြာခြင့္ ေပးသြားမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

သတင္းမ်ားအရ အာဆင္နယ္အသင္းဟာ အိုေဇးလ္ကို ဒီလအေစာပိုင္းမွာပဲ အသင္းက ထြက္ခြာေစခ်င္ေနတယ္လို႔ သိရပါတယ္။ ဂ်ာမနီလက္ေရြးစင္အသင္းနဲ႔ ကမာၻ႕ဖလား ရဖူးခဲ့တဲ့ ကစားသမားဟာ အာတီတာရဲ႕ ပရီးမီးယားလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ လူစာရင္းေတြမွာ မပါ၀င္ထားဘူးျဖစ္ၿပီး မတ္လကတည္းက အသင္းအတြက္ မကစားထားရသူျဖစ္ပါတယ္။

အာဆင္နယ္အသင္းမွာ တစ္ပတ္ ေပါင္ ၃ သိန္း ခြဲရေနတဲ့ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားကို ဖာနာဘာခ်ီ နဲ႔ ဒီစီယူႏိုက္တက္အသင္းအပါအ၀င္ ေမဂ်ာလိဂ္ ကလပ္ေတြကလည္း စိတ္၀င္စားေနပါတယ္။ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကေတာ့ ဇူလိုင္လမွာ ကုန္ဆံုးမွာ ျဖစ္ေပမယ့္ ႏွစ္ဖက္ၾကား ေဆြးေႏြးမႈ အဆင္ေျပရင္ေတာ့ ဒီလအေစာပိုင္းမွာပဲ အသင္းကေန ထြက္ခြာမယ္လို႔ သိရပါတယ္။ “ ေနာက္လာမယ့္ ရက္အနည္းငယ္အတြင္း ဘာျဖစ္လာမလဲဆိုတာကို ကၽြန္ေတာ္ ဆံုးျဖတ္သြားမယ္” လို႔ အာတီတာက ေျပာသြားခဲ့ပါတယ္။