CIES က စစ်တမ်းအရ တန်ကြေးအများဆုံးကစားသမားအဖြစ် ရပ်ရှ်ဖိုဒ့်က ထိပ်ဆုံးက ဦးဆောင်နေပြီး မက်ဆီ ထက် တန်ကြေးများတဲ့ ကစားသမား (၁၀) ယောက်တောင် ယူနိုက်တက်အသင်းမှာ ပါဝင်

CIES ရဲ့ အပြောင်းအရွှေ့ တန်ကြေး နောက်ဆုံး စစ်တမ်းများထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ဟာ ပေါင်သန်း ၁၅၀ နဲ့ အယောက် (၁၀၀) စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပြီး သူ့နောက်မှာ တော့ ဟာလန်း၊ အာနိုးလ်၊ ဘရူနိုဖာနန်ဒက်စ် နဲ့ အမ်ဘာပေးတို့က အသီးသီး ရပ်တည်နေပါတယ်။

CIES ဟာ ကစားသမားရဲ့ အသက်အရွယ် ၊ လက်ရှိ စွမ်းဆောင်ရည် နဲ့ အသင်းလိုက်စွမ်းဆောင်အပြင် ဈေးကွက်အခြေအနေတွေအပေါ် မူတည်ပြီး တွက်ချက်တဲ့ ပုံသေနည်းကို အသုံးပြုထားတာဖြစ်ပါတယ်။ သို့သော်လည်း စာရင်းထဲမှာ အံ့အားသင့်စရာကောင်းတဲ့ ရပ်တည်မှုတွေ ပါဝင်နေပါတယ်။

အဲ့ဒါကတော့ လက်ရှိကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ ကစားသမား ဖြစ်တဲ့ မက်ဆီဟာ ပေါင် ၄၉ သန်းနဲ့ အဆိုပါစာရင်းရဲ့ အဆင့် (၉၇) နေရာမှာ ရပ်တည်နေပါတယ်။ သူ့အပေါ်မှာ ယူနိုက်တက် အသင်းက ကစားသမား (၁၀) ယောက်တောင် ပါဝင်နေပြီး သူတို့ကတော့ ရပ်ရှ်ဖိုဒ့်၊ ဘရူနိုဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ မာရှယ်လ်၊ ဝမ်ဘစ်ဆာကာ၊ ဗန်ဒီဘိခ်၊ ဒန်နီရယ်လ်ဂျိမ်းစ်၊ မက်ဂွဲရား၊ တွမ်မီနေး နဲ့ လင်ဒီလော့ဖ် တို့ ဖြစ်ပါတယ်။

မက်ဆီဟာ အရင်က အဆိုပါ စာရင်းမှာ ထိပ်ဆုံးမှာပဲ အမြဲတမ်းရှိခဲ့ပေမယ့် လက်ရှိသူ့ရဲ့ ကုန်တော့မယ့် စာချုပ်သက်တမ်းကြောင့် ယခုလို အဆင့် များစွာ လျော့ကျနေတာပါ။ ဒါ့အပြင် အသက်အရွယ်ကလည်း (၃၃) နှစ်ဆိုတဲ့ အပိုင်းအခြားတစ်ခုကို ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။

မက်ဆီထက် ပိုဆိုးတာက ရော်နယ်ဒိုဟာ အဆင့် (၁၀၀) အတွင်းတောင် မဝင်တော့တဲ့ အနေအထားကို ရောက်နေပါတယ်။ ရော်နယ်ဒိုဟာ CIES ရဲ့ ဇယားမှာတော့ အဆင့် (၁၃၁) ကို ရောက်ရှိနေတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုရဲ့ တန်ကြေးက ပေါင် ၄၂.၅ သန်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့လည်း စာချုပ်ဖျက်သိမ်းကြေးမရှိထားလို့ ယခုလို အဆင့် နိမ့်နေတယ်လို့ သိရပါတယ်။

CIES က စစ္တမ္းအရ တန္ေၾကးအမ်ားဆံုးကစားသမားအျဖစ္ ရပ္ရွ္ဖိုဒ့္က ထိပ္ဆံုးက ဦးေဆာင္ေနၿပီး မက္ဆီ ထက္ တန္ေၾကးမ်ားတဲ့ ကစားသမား (၁၀) ေယာက္ေတာင္ ယူႏိုက္တက္အသင္းမွာ ပါ၀င္

CIES ရဲ႕ အေျပာင္းအေရႊ႕  တန္ေၾကး ေနာက္ဆံုး စစ္တမ္းမ်ားထြက္ေပၚလာၿပီ ျဖစ္ပါတယ္။ ယူႏိုက္တက္တိုက္စစ္မွဴး ရပ္ရွ္ဖိုဒ့္ဟာ ေပါင္သန္း ၁၅၀ နဲ႔ အေယာက္ (၁၀၀) စာရင္းမွာ ထိပ္ဆံုးက ဦးေဆာင္ေနၿပီး သူ႔ေနာက္မွာ ေတာ့ ဟာလန္း၊ အာႏိုးလ္၊ ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ အမ္ဘာေပးတို႔က အသီးသီး ရပ္တည္ေနပါတယ္။

CIES ဟာ ကစားသမားရဲ႕ အသက္အရြယ္ ၊ လက္ရွိ စြမ္းေဆာင္ရည္ နဲ႔ အသင္းလိုက္စြမ္းေဆာင္အျပင္ ေစ်းကြက္အေျခအေနေတြအေပၚ မူတည္ၿပီး တြက္ခ်က္တဲ့ ပံုေသနည္းကို အသံုးျပဳထားတာျဖစ္ပါတယ္။ သို႔ေသာ္လည္း စာရင္းထဲမွာ အံ့အားသင့္စရာေကာင္းတဲ့ ရပ္တည္မႈေတြ ပါ၀င္ေနပါတယ္။

အဲ့ဒါကေတာ့ လက္ရွိကမာၻ႔အေကာင္းဆံုး ဆိုတဲ့ ကစားသမား ျဖစ္တဲ့ မက္ဆီဟာ ေပါင္ ၄၉ သန္းနဲ႔ အဆိုပါစာရင္းရဲ႕ အဆင့္ (၉၇) ေနရာမွာ ရပ္တည္ေနပါတယ္။ သူ႔အေပၚမွာ ယူႏိုက္တက္ အသင္းက ကစားသမား (၁၀) ေယာက္ေတာင္ ပါ၀င္ေနၿပီး သူတို႔ကေတာ့ ရပ္ရွ္ဖိုဒ့္၊ ဘ႐ူႏိုဖာနန္ဒက္စ္၊ ဂရင္းဝုဒ္၊ မာရွယ္လ္၊ ၀မ္ဘစ္ဆာကာ၊ ဗန္ဒီဘိခ္၊ ဒန္နီရယ္လ္ဂ်ိမ္းစ္၊ မက္ဂြဲရား၊ တြမ္မီေနး နဲ႔ လင္ဒီေလာ့ဖ္ တို႔ ျဖစ္ပါတယ္။

မက္ဆီဟာ အရင္က အဆိုပါ စာရင္းမွာ ထိပ္ဆံုးမွာပဲ အၿမဲတမ္းရွိခဲ့ေပမယ့္ လက္ရွိသူ႔ရဲ႕ ကုန္ေတာ့မယ့္ စာခ်ဳပ္သက္တမ္းေၾကာင့္ ယခုလို အဆင့္ မ်ားစြာ ေလ်ာ့က်ေနတာပါ။ ဒါ့အျပင္ အသက္အရြယ္ကလည္း (၃၃) ႏွစ္ဆိုတဲ့ အပိုင္းအျခားတစ္ခုကို ေရာက္ရွိလို႔ေနၿပီ ျဖစ္ပါတယ္။

မက္ဆီထက္ ပိုဆိုးတာက ေရာ္နယ္ဒိုဟာ အဆင့္ (၁၀၀) အတြင္းေတာင္ မ၀င္ေတာ့တဲ့ အေနအထားကို ေရာက္ေနပါတယ္။ ေရာ္နယ္ဒိုဟာ CIES ရဲ႕ ဇယားမွာေတာ့ အဆင့္ (၁၃၁) ကို ေရာက္ရွိေနတာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုရဲ႕ တန္ေၾကးက ေပါင္ ၄၂.၅ သန္းျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔လည္း စာခ်ဳပ္ဖ်က္သိမ္းေၾကးမရွိထားလို႔ ယခုလို အဆင့္ နိမ့္ေနတယ္လို႔ သိရပါတယ္။