ဘိုကာဂျူနီယာအသင်းဆီကို ပြောင်းရွှေ့ကစားရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားပြီ ဖြစ်တဲ့ ယူနိုက်တက်နောက်ခံလူ ရိုဟို

ယူနိုက်တက်နောက်ခံလူ မားကိုစ့်ရိုဟိုဟာ ဘိုကာဂျူနီယာအသင်းဆီ ပြောင်းရွှေ့ကစားရန် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ESPN သတင်းဌာနရဲ့ အဆိုအရ ရိုဟိုဟာ ဘိုကာဂျူနီယာအသင်းနဲ့ သဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ရိုဟိုရဲ့ အနာဂတ်ဟာ မရှိတော့တာဖြစ်လို့ သူဟာ အခု ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာရန် လုပ်ဆောင်နေတာပါ။

အမိမြေ အာဂျင်တီးနားကလပ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ၂ နှစ်သဘောတူညီမှု ထားတာလည်းဖြစ်ပါတယ်။ သို့သော်လည်း အခြားသော သတင်းများအရ ဘိုကာဂျူနီယာအသင်းက သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေလို့ ယူနိုက်တက်အသင်းက သူ့ကို ရာသီကုန်တဲ့အထိ စာချုပ်ကို ဆက်ဆွဲမထားပဲ လက်လွှတ်ပေးရန် တောင်းဆိုခိုင်းထားတယ်လို့လည်း သိရပါတယ်။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ အသင်းများအရ စပိန်လာလီဂါမှာ ရုန်းကန်နေရတဲ့ အဲလ်ချီအသင်းဟာ ယူနိုက်တက်အသင်းမှာ မျက်နှာပေးမခံရတဲ့ နောက်ခံလူ ရိုဟိုကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ဒီရာသီ ယူနိုက်တက် လူငယ်အသင်းမှာ (၁) ပွဲသာ ကစားထားရပြီး အဲ့ဒါမတိုင်ခင်ကလည်း ဒဏ်ရာတွေကြောင့် အနားယူခဲ့ရပါတယ်။ သူ့ရဲ့ အိုးထရက်ဖိုဒ့်နဲ့ စာချုပ်သက်တမ်းဟာ နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဘိုကာဂ်ဴနီယာအသင္းဆီကို ေျပာင္းေရႊ႕ကစားရန္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိသြားၿပီ ျဖစ္တဲ့ ယူႏိုက္တက္ေနာက္ခံလူ ႐ိုဟို

ယူႏိုက္တက္ေနာက္ခံလူ မားကိုစ့္႐ိုဟိုဟာ ဘိုကာဂ်ဴနီယာအသင္းဆီ ေျပာင္းေရႊ႕ကစားရန္ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။ ESPN သတင္းဌာနရဲ႕ အဆိုအရ ႐ိုဟိုဟာ ဘိုကာဂ်ဴနီယာအသင္းနဲ႔ သေဘာတူညီမႈ ရသြားၿပီျဖစ္ပါတယ္။ နညး္ျပ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာ ႐ိုဟိုရဲ႕ အနာဂတ္ဟာ မရွိေတာ့တာျဖစ္လို႔ သူဟာ အခု ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာရန္ လုပ္ေဆာင္ေနတာပါ။

အမိေျမ အာဂ်င္တီးနားကလပ္အသင္းနဲ႔ ပုဂၢိဳလ္ေရးအရ ၂ ႏွစ္သေဘာတူညီမႈ ထားတာလည္းျဖစ္ပါတယ္။ သို႔ေသာ္လည္း အျခားေသာ သတင္းမ်ားအရ ဘိုကာဂ်ဴနီယာအသင္းက သူ႔ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခ်င္ေနလို႔ ယူႏိုက္တက္အသင္းက သူ႔ကို ရာသီကုန္တဲ့အထိ စာခ်ဳပ္ကို ဆက္ဆြဲမထားပဲ လက္လႊတ္ေပးရန္ ေတာင္းဆိုခိုင္းထားတယ္လို႔လည္း သိရပါတယ္။