ဝီလီယံနဲ့ ပီပီ တို့က စမစ်ရိုဝီကို နောက်ထပ် ဂနာဘရီ တစ်ယောက်ဖြစ်လာအောင် လုပ်ပေးမယ်လို့ အီယန်ရိုက် ပြောဆို

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ဝီလီယံနဲ့ ပီပီ တို့က အသင်းရဲ့ လူငယ်ကစားသမားဖြစ်တဲ့ စမစ် ရိုဝီကို ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အာဆင်နယ်ကစားသမားဟောင်း ဂနာဘရီလိုမျိုး ဖြစ်လာအောင် စွမ်း ဆောင်နိုင်မယ်လို့ ကစားသမားဟောင်းဖြစ်တဲ့ အီယန်ရိုက်က ပြောခဲ့ပါတယ်။

ဂနာဘရီဟာ အာဆင်နယ်လူငယ်အသင်းရဲ့ ကစားသမားတစ်ဦးဆိုပေမယ့် ပုံမှန်ကစားခွင့်မရတာကြောင့် အသင်းပြောင်းသွားခဲ့ပြီးနောက်မှာ ထင်ရှားလာတဲ့ ကစားသ မားတစ်ဦးလည်း ဖြစ်ပါတယ်။
အီယန်ရိုက်စ်က “ အာဆင်နယ်အသင်းမှာက အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေအများကြီး ရှိသလို စီနီယာ ကစားသမားကောင်းတွေလည်း ရှိပါတယ်။

စမစ်ရိုဝီ အနေနဲ့ ဝီလီယံ၊ ပီပီ တို့ကို ကျော်ပြီး ပွဲထွက်ခွင့်ရဖို့ ခက်ခဲမှာ ဆိုပေ မယ့် ဒီကစားသမားကောင်းတွေရဲ့ အတွေ့အကြုံတွေကို သင်ယူခွင့်ရမှာပဲ ဖြစ်ပါတယ်။ စမစ်ရိုဝီ ဟာ အသင်းရဲ့နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့သူပါ” လို့ ပြောသွားခဲ့ပါတယ်။


အာဆင်နယ်အသင်းမှာ အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အိုဇေးလ်က နည်းပြအာတီတာနဲ့ အဆင်မပြေမှုတွေကြောင့် အသင်းရဲ့လူစာရင်းကနေ ဖယ်ရှားခံရပြီးနောက် အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်နေရာက လွတ်နေခဲ့တာဖြစ်ပြီး ဒီနေရာကို စမစ်ရိုဝီက ဝင်ရောက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တယ်လို့လည်း အီယန်ရိုက်စ်က ပြောခဲ့ပါတယ်။ ဆက်လက်ပြီး အီယန်ရိုက်စ် က အာဆင်နယ်အသင်းအနေနဲ့ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့်ပေးပြီး အသင်းမှာ ဆက်ထိန်း ထားဖို့ လိုကြောင်းလည်း ပြောခဲ့ပါတယ်

ဝီလီယံနဲ႔ ပီပီ တို႔က စမစ္႐ိုဝီကို ေနာက္ထပ္ ဂနာဘရီ တစ္ေယာက္ျဖစ္လာေအာင္ လုပ္ေပးမယ္လို႔ အီယန္႐ိုက္ ေျပာဆို

အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမားေတြျဖစ္တဲ့ ဝီလီယံနဲ႔ ပီပီ တို႔က အသင္းရဲ႕ လူငယ္ကစားသမားျဖစ္တဲ့ စမစ္ ႐ိုဝီကို ဘိုင္ယန္ျမဴးနစ္အသင္းမွာ ေျခစြမ္းျပေနတဲ့ အာဆင္နယ္ကစားသမားေဟာင္း ဂနာဘရီလိုမ်ိဳး ျဖစ္လာေအာင္ စြမ္း ေဆာင္ႏိုင္မယ္လို႔ ကစားသမားေဟာင္းျဖစ္တဲ့ အီယန္႐ိုက္က ေျပာခဲ့ပါတယ္။

ဂနာဘရီဟာ အာဆင္နယ္လူငယ္အသင္းရဲ႕ ကစားသမားတစ္ဦးဆိုေပမယ့္ ပုံမွန္ကစားခြင့္မရတာေၾကာင့္ အသင္းေျပာင္းသြားခဲ့ၿပီးေနာက္မွာ ထင္ရွားလာတဲ့ ကစားသ မားတစ္ဦးလည္း ျဖစ္ပါတယ္။
အီယန္႐ိုက္စ္က “ အာဆင္နယ္အသင္းမွာက အရည္အခ်င္းရွိတဲ့ လူငယ္ကစားသမားေတြအမ်ားႀကီး ရွိသလို စီနီယာ ကစားသမားေကာင္းေတြလည္း ရွိပါတယ္။

စမစ္႐ိုဝီ အေနနဲ႔ ဝီလီယံ၊ ပီပီ တို႔ကို ေက်ာ္ၿပီး ပြဲထြက္ခြင့္ရဖို႔ ခက္ခဲမွာ ဆိုေပ မယ့္ ဒီကစားသမားေကာင္းေတြရဲ႕ အေတြ႕အႀကဳံေတြကို သင္ယူခြင့္ရမွာပဲ ျဖစ္ပါတယ္။ စမစ္႐ိုဝီ ဟာ အသင္းရဲ႕ေနာက္ဆုံး ကစားခဲ့တဲ့ ၃ ပြဲမွာ ပြဲထြက္ခြင့္ရခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့သူပါ” လို႔ ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းမွာ အဓိကကြင္းလယ္လူတစ္ဦးျဖစ္တဲ့ အိုေဇးလ္က နည္းျပအာတီတာနဲ႔ အဆင္မေျပမႈေတြေၾကာင့္ အသင္းရဲ႕လူစာရင္းကေန ဖယ္ရွားခံရၿပီးေနာက္ အသင္းရဲ႕ကြင္းလယ္ဖန္တီးရွင္ေနရာက လြတ္ေနခဲ့တာျဖစ္ၿပီး ဒီေနရာကို စမစ္႐ိုဝီက ဝင္ေရာက္ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တယ္လို႔လည္း အီယန္႐ိုက္စ္က ေျပာခဲ့ပါတယ္။ ဆက္လက္ၿပီး အီယန္႐ိုက္စ္ က အာဆင္နယ္အသင္းအေနနဲ႔ အရည္အခ်င္းရွိတဲ့ လူငယ္ကစားသမားေတြကို ပြဲထြက္ခြင့္ေပးၿပီး အသင္းမွာ ဆက္ထိန္း ထားဖို႔ လိုေၾကာင္းလည္း ေျပာခဲ့ပါတယ္