လူသစ်တွေဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တဲ့ အေဘရာဟမ်


ချဲလ်ဆီးအသင်းတိုက်စစ်မှူးဖြစ်တဲ့ အေဘရာဟမ်က နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို ရောက်ရှိလာတဲ့ တိုက်စစ်မှူး တီမိုဝါနာ နဲ့ ကိုင်ဟာဗက်ဇ်တို့ ခြေစွမ်းမပြနိုင်တာနဲ့ ပတ်သက်ပြီး ရှင်းပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဂျာမန်သား နှစ်ယောက်အတွက် ချဲလ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေးစရိတ် ပေါင် ၁၁၇.၅ သန်း အကုန်အကျခံပြီး ခေါ်ယူခဲ့တာဖြစ် ပေမယ့် ဒီကစားသမားတွေကတော့ မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ဘူး ဖြစ်နေပါတယ်။


ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အသင်းဟောင်းတွေမှာ အံသြဖွယ်ခြေစွမ်းပြနိုင်ခဲ့တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ဟာ ချဲလ်ဆီးအသင်းမှာတော့ ရုန်းကန်နေရပြီး ခြေစွမ်းမပြနိုင်တာ တွေ့ရပါတယ်။ ပွဲထွက်ကစားခွင့်ရနေတဲ့ တီမိုဝါနာက သွင်း ဂိုး ၄ ဂိုးသွင်းယူထားပြီး ကိုင်ဟာဗက်ဇ်ကတော့ သွင်းဂိုးတစ်ဂိုးသာ ရရှိထားတာ ဖြစ်ပါတယ်။ အေဘရာဟမ်ကတော့ အသင်းပရိသတ်တွေအနေနဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ရဲ့ ခြေစွမ်းကိုသိရဖို့အတွက် အချိန်ပေးသင့်တယ်ဆိုပြီး ပြော သွားခဲ့ပါတယ်။


အေဘရာဟမ်က “ ကျွန်တော်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ အတူတကွပူးတွဲပြီး လေ့ကျင့်သလို ပွဲကစားတဲ့အချိန်မှာလည်း အကောင်းဆုံး ကစားနိုင်ဖို့ ကြိုးစားကြပါတယ်။ တစ်ယောက်ဆီကနေ အခြားတစ်ယောက်က သင်ယူစရာတွေကို သင်ယူ ရင်းနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေကြတာပါ။ သူတို့က ထူးချွန်တဲ့ကစားသမားတွေဖြစ်ပေမယ့် အသင်းသစ်မှာ ဖြစ်တာကြောင့် ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်” လို့ အသင်းရဲ့ ဝက်ဘ်ဆိုဒ်ကနေ တဆင့် ပြောခဲ့ပါ တယ်။

zawgyi version

လူသစ္ေတြျဖစ္တဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ ႐ုန္းကန္ေနရတာနဲ႔ ပတ္သက္ၿပီး ရွင္းျပခဲ့တဲ့ ေအဘရာဟမ္
ခ်ဲလ္ဆီးအသင္းတိုက္စစ္မွဴးျဖစ္တဲ့ ေအဘရာဟမ္က ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကို ေရာက္ရွိလာတဲ့ တိုက္စစ္မွဴး တီမိုဝါနာ နဲ႔ ကိုင္ဟာဗက္ဇ္တို႔ ေျခစြမ္းမျပႏိုင္တာနဲ႔ ပတ္သက္ၿပီး ရွင္းျပမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီဂ်ာမန္သား ႏွစ္ေယာက္အတြက္ ခ်ဲလ္ဆီးအသင္းဟာ ေျပာင္းေရႊ႕ေၾကးစရိတ္ ေပါင္ ၁၁၇.၅ သန္း အကုန္အက်ခံၿပီး ေခၚယူခဲ့တာျဖစ္ ေပမယ့္ ဒီကစားသမားေတြကေတာ့ ေမွ်ာ္မွန္းထားသေလာက္ ေျခစြမ္းမျပႏိုင္ဘူး ျဖစ္ေနပါတယ္။
ၿပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက အသင္းေဟာင္းေတြမွာ အံၾသဖြယ္ေျခစြမ္းျပႏိုင္ခဲ့တဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ဟာ ခ်ဲလ္ဆီးအသင္းမွာေတာ့ ႐ုန္းကန္ေနရၿပီး ေျခစြမ္းမျပႏိုင္တာ ေတြ႕ရပါတယ္။ ပြဲထြက္ကစားခြင့္ရေနတဲ့ တီမိုဝါနာက သြင္း ဂိုး ၄ ဂိုးသြင္းယူထားၿပီး ကိုင္ဟာဗက္ဇ္ကေတာ့ သြင္းဂိုးတစ္ဂိုးသာ ရရွိထားတာ ျဖစ္ပါတယ္။ ေအဘရာဟမ္ကေတာ့ အသင္းပရိသတ္ေတြအေနနဲ႔ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ရဲ႕ ေျခစြမ္းကိုသိရဖို႔အတြက္ အခ်ိန္ေပးသင့္တယ္ဆိုၿပီး ေျပာ သြားခဲ့ပါတယ္။
ေအဘရာဟမ္က “ ကၽြန္ေတာ္တို႔ဟာ ေလ့က်င့္ေရးကြင္းမွာ အတူတကြပူးတြဲၿပီး ေလ့က်င့္သလို ပြဲကစားတဲ့အခ်ိန္မွာလည္း အေကာင္းဆံုး ကစားႏိုင္ဖို႔ ႀကိဳးစားၾကပါတယ္။ တစ္ေယာက္ဆီကေန အျခားတစ္ေယာက္က သင္ယူစရာေတြကို သင္ယူ ရင္းနဲ႔ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေဆာင္ေနၾကတာပါ။ သူတို႔က ထူးခၽြန္တဲ့ကစားသမားေတြျဖစ္ေပမယ့္ အသင္းသစ္မွာ ျဖစ္တာေၾကာင့္ ေျခစြမ္းျပႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနရတာပဲ ျဖစ္ပါတယ္” လို႔ အသင္းရဲ႕ ဝက္ဘ္ဆိုဒ္ကေန တဆင့္ ေျပာခဲ့ပါ တယ္။