ဇန်နဝါရီအပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမား ၃ ယောက်ခေါ်နိုင်မယ်ဆိုရင် ချန်ပီယံဖြစ်နိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့


ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ပိုင်းနားရောက်နေပေမယ့် ချန်ပီယံဆု ရယူနိုင်ဖို့ ဆိုရင်တော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမား ၂ယောက်ကနေ ၃ ယောက်လောက်အထိ ခေါ်ယူဖို့ လိုအပ်မယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ လီဗာပူးနဲ့ ရမှတ်တူအနေအထားဖြစ်နေပြီး ဂိုးကွာခြား ချက်အရ ဒုတိယနေရာမှာ ရှိနေပေမယ့် လက်ကျန်ပွဲစဉ် တစ်ပွဲကစားဖို့ ရှိနေတာကြောင့် အမှတ်ပေးဇယားကို ဦးဆောင် နိုင်မယ်လို့လည်း ဖော်ပြခံနေရတာ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ၂၀၁၂-၁၃ ဘောလုံးရာသီအပြီး နည်းပြကြီး ဆာအဲလက်ဖာဂူဆန် အနားယူသွားပြီးနောက် နည်းပြ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့ခြင်း မရှိပါဘူး။ လက်ရှိနည်းပြ ဆိုးလ်ရှားအနေနဲ့ လည်း ထုတ်ပယ်ခံရဖို့ နီးစပ်နေတဲ့ အနေအထားဖြစ်ခဲ့ပြီးမှ အခုလို အမှတ်ပေးဇယားမှာ ဦးဆောင်နိုင်တဲ့ အနေအထားတွေ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်ကလည်း အသင်းအနေ နဲ့ နည်းပြဆိုးလ်ရှားကို အချိန်ပေးသင့်ကြောင်း ပြောခဲ့ပါတယ်။


the Athletic ရဲ့ ဖော်ပြမှုအရတော့ ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံဆုကိုရယူဖို့ဆိုရင် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား နှစ်ယောက်ကနေ သုံးယောက်အထိခေါ်ယူဖို့ လိုအပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒေါ့မန် အသင်းကစားသမား ဆန်ချိုကိုခေါ်ယူဖို့ စောင့်ကြည့်နေသလို ဘိုင်ယန်မြူးနစ်ကစားသမားတွေဖြစ်တဲ့ ကင်စလေကိုးမန်း နဲ့ အလာဘာတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ထိပ္တန္းကစားသမား ၃ ေယာက္ေခၚႏိုင္မယ္ဆိုရင္ ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့
ယူႏိုက္တက္အသင္းအေနနဲ႔ လက္ရွိမွာ အမွတ္ေပးဇယားထိပ္ပိုင္းနားေရာက္ေနေပမယ့္ ခ်န္ပီယံဆု ရယူႏိုင္ဖို႔ ဆိုရင္ေတာ့ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ထိပ္တန္းကစားသမား ၂ေယာက္ကေန ၃ ေယာက္ေလာက္အထိ ေခၚယူဖို႔ လိုအပ္မယ္လို႔ သတင္းေတြက ေဖာ္ျပသြားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိမွာ လီဗာပူးနဲ႔ ရမွတ္တူအေနအထားျဖစ္ေနၿပီး ဂိုးကြာျခား ခ်က္အရ ဒုတိယေနရာမွာ ရွိေနေပမယ့္ လက္က်န္ပြဲစဥ္ တစ္ပြဲကစားဖို႔ ရွိေနတာေၾကာင့္ အမွတ္ေပးဇယားကို ဦးေဆာင္ ႏိုင္မယ္လို႔လည္း ေဖာ္ျပခံေနရတာ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ၂၀၁၂-၁၃ ေဘာလံုးရာသီအၿပီး နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္ အနားယူသြားၿပီးေနာက္ နည္းျပ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိခဲ့ျခင္း မရွိပါဘူး။ လက္ရွိနည္းျပ ဆိုးလ္ရွားအေနနဲ႔ လည္း ထုတ္ပယ္ခံရဖို႔ နီးစပ္ေနတဲ့ အေနအထားျဖစ္ခဲ့ၿပီးမွ အခုလို အမွတ္ေပးဇယားမွာ ဦးေဆာင္ႏိုင္တဲ့ အေနအထားေတြ ျဖစ္လာခဲ့တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္ကလည္း အသင္းအေန နဲ႔ နည္းျပဆိုးလ္ရွားကို အခ်ိန္ေပးသင့္ေၾကာင္း ေျပာခဲ့ပါတယ္။
the Athletic ရဲ႕ ေဖာ္ျပမႈအရေတာ့ ယူႏိုက္တက္အသင္းအေနနဲ႔ ခ်န္ပီယံဆုကိုရယူဖို႔ဆိုရင္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကစားသမား ႏွစ္ေယာက္ကေန သံုးေယာက္အထိေခၚယူဖို႔ လိုအပ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ေဒါ့မန္ အသင္းကစားသမား ဆန္ခ်ိဳကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနသလို ဘိုင္ယန္ျမဴးနစ္ကစားသမားေတြျဖစ္တဲ့ ကင္စေလကိုးမန္း နဲ႔ အလာဘာတို႔ကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။