ကာရာဘောင်းဖလားက ချန်ပီယံလိဂ် မဟုတ်လို့ ၄ နှစ်ဆက်ရလည်း မထူးခြားဘူးလို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကို အနိုင်ယူပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကာရာဘောင်းဖလားက ချန်ပီ ယံလိဂ်ဖလား မဟုတ်တာကြောင့် ၄ နှစ်ဆက်ရလည်း မထူးခြားဘူးလို့ ပြောခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာကထွက် လာပြီးနောက်မှာ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို ထပ်မံရယူနိုင်ခဲ့ခြင်း မရှိတာဘဲ ဖြစ်ပါတယ်။


မန်စီးတီးအသင်းဟာ ကစားသမားအချို့ ပါဝင်ကစားနိုင်ခြင်းမရှိတာကြောင့် နည်းပြဂွါဒီယိုလာအနေနဲ့ ယူနိုက်တက်နဲ့ပွဲ အတွက် ကစားကွက်ကိုအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၅၀ မိနစ် မှာ ဂျွန်စတုန်း နဲ့ ပွဲချိန် ၈၃ မိနစ်မှာ ဖာနန်ဒင်ဟိုက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ ကို တက်ရောက်နိုင်ခဲ့တဲ့ မန်စီးတီးဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အထိ လိဂ်ဖလားဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လီ ဗာပူးရဲ့ စံချိန်ကိုလည်း လိုက်မီခဲ့တယ်လို့ သိရပါတယ်။


မန်စီးတီးအသင်းဟာ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကာရာဘောင်း (လိဂ်)ဖလား ပွဲစဉ်တွေကို ၂၄ ပွဲကစားခဲ့ရာမှာ ၁၈ ပွဲနိုင် ၄ ပွဲသရေနဲ့ ၂ ပွဲသာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ချန်ပီယံဆုကို ၃ နှစ်ဆက်ရရှိထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ဗိုလ်လုပွဲ တက်ရောက်ခဲ့အပြီးမှာတော့ ဂွါဒီယိုလာက “ ကျွန်တော်တို့အနေနဲ့ ရာသီကြိုပွဲစဉ်တွေကတည်းက အကောင်းဆုံးရလဒ် တွေရဖို့ ကြိုးစားထားပြီးသားပါ။ အသင်းအတွက် ချန်ပီယံလိဂ်ဖလားက အဓိကဆိုပေမယ့် အခြားချန်ပီယံဆုတွေကိုလည်း ရယူနိုင်အောင် ကြိုးစားသွားမှာပါ။ ကာရာဘောင်းဖလား ၄ နှစ်ဆက်ချန်ပီယံဖြစ်ဖို့ထက် ချန်ပီယံလိဂ်ဖလား ရဖို့ပိုလိုအပ် ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ကာရာေဘာင္းဖလားက ခ်န္ပီယံလိဂ္ မဟုတ္လို႔ ၄ ႏွစ္ဆက္ရလည္း မထူးျခားဘူးလို႔ ေျပာလိုက္တဲ့ ဂြါဒီယိုလာ
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္အသင္းကို အႏိုင္ယူၿပီးေနာက္ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တဲ့ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ကာရာေဘာင္းဖလားက ခ်န္ပီ ယံလိဂ္ဖလား မဟုတ္တာေၾကာင့္ ၄ ႏွစ္ဆက္ရလည္း မထူးျခားဘူးလို႔ ေျပာခဲ့ပါတယ္။ ဂြါဒီယိုလာဟာ ဘာစီလိုနာကထြက္ လာၿပီးေနာက္မွာ ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီးအသင္းတို႔ကို ကိုင္တြယ္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားကို ထပ္မံရယူႏိုင္ခဲ့ျခင္း မရွိတာဘဲ ျဖစ္ပါတယ္။
မန္စီးတီးအသင္းဟာ ကစားသမားအခ်ိဳ႕ ပါဝင္ကစားႏိုင္ျခင္းမရွိတာေၾကာင့္ နည္းျပဂြါဒီယိုလာအေနနဲ႔ ယူႏိုက္တက္နဲ႔ပြဲ အတြက္ ကစားကြက္ကိုအေျပာင္းအလဲ ျပဳလုပ္ခဲ့ပါတယ္။ မန္စီးတီးအသင္းအတြက္ အႏိုင္ဂိုးေတြကိုေတာ့ ပြဲခ်ိန္ ၅၀ မိနစ္ မွာ ဂၽြန္စတုန္း နဲ႔ ပြဲခ်ိန္ ၈၃ မိနစ္မွာ ဖာနန္ဒင္ဟိုက သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ကို အႏိုင္ယူၿပီး ဗိုလ္လုပြဲ ကို တက္ေရာက္ႏိုင္ခဲ့တဲ့ မန္စီးတီးဟာ ၁၉၈၁ ခုႏွစ္ကေန ၁၉၈၄ ခုႏွစ္အထိ လိဂ္ဖလားဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တဲ့ လီ ဗာပူးရဲ႕ စံခ်ိန္ကိုလည္း လိုက္မီခဲ့တယ္လို႔ သိရပါတယ္။
မန္စီးတီးအသင္းဟာ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ကာရာေဘာင္း (လိဂ္)ဖလား ပြဲစဥ္ေတြကို ၂၄ ပြဲကစားခဲ့ရာမွာ ၁၈ ပြဲႏိုင္ ၄ ပြဲသေရနဲ႔ ၂ ပြဲသာ ရႈံးနိမ့္ခဲ့တာ ျဖစ္ၿပီး ခ်န္ပီယံဆုကို ၃ ႏွစ္ဆက္ရရွိထားတဲ့အသင္းလည္းျဖစ္ပါတယ္။ ဗိုလ္လုပြဲ တက္ေရာက္ခဲ့အၿပီးမွာေတာ့ ဂြါဒီယိုလာက “ ကြ်န္ေတာ္တို႔အေနနဲ႔ ရာသီႀကိဳပြဲစဥ္ေတြကတည္းက အေကာင္းဆံုးရလဒ္ ေတြရဖို႔ ႀကိဳးစားထားၿပီးသားပါ။ အသင္းအတြက္ ခ်န္ပီယံလိဂ္ဖလားက အဓိကဆိုေပမယ့္ အျခားခ်န္ပီယံဆုေတြကိုလည္း ရယူႏိုင္ေအာင္ ႀကိဳးစားသြားမွာပါ။ ကာရာေဘာင္းဖလား ၄ ႏွစ္ဆက္ခ်န္ပီယံျဖစ္ဖို႔ထက္ ခ်န္ပီယံလိဂ္ဖလား ရဖို႔ပိုလိုအပ္ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။