လက်စတာအသင်းရဲ့ တိုက်စစ်ကစားသမား ဂရေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်တဲ့ မာဆေးလ်အသင်း

မာဆေးလ်အသင်းဟာ လက်စတာအသင်းရဲ့ တိုက်စစ်ကစားသမား ဂရေးကို နောက်လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။ ဂရေးရဲ့ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းက ရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပြီး သူဟာ ယခုအခါ ပရီးမီးယားလိဂ် အပြင်က အသင်းတွေနဲ့ ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်။

ဘင်ဖီကာ နဲ့ မိုနာကိုအသင်းတို့ကလည်း ၂၀၁၆ ခုနှစ်က လက်စတာအသင်းကို ရောက်လာခဲ့တဲ့ ဂရေးကို စိတ်ဝင်စားခဲ့တဲ့အသင်းတွေဖြစ်ပါတယ်။ ဒီရာသီမှာ (၂) ပွဲသာ ကစားထားရတဲ့ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ထားပါတယ်။

သူဟာ အာဆင်နယ်အသင်း နဲ့ ကာရာဘောင်ဖလားပွဲမှာ ပွဲထွက်ကစားခဲ့ရပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲမှာ အရန်ခုံကနေ ထပြီး ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားဟာ လက်ကျန်ရာသီကို လူငယ်အသင်းမှာ အချိန်ကုန်ရမယ်လို့ သိရပါတယ်။ ဂရေးဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ လက်စတာအသင်းအတွက် (၂၁) ပွဲကစားထားပြီး (၂) ဂိုးသွင်းထားသူဖြစ်ပါတယ်။သူဟာ အသင်းအတွက် ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး (၄) ဂိုးသွင်းခဲ့ပါတယ်။

လက္စတာအသင္းရဲ႕ တိုက္စစ္ကစားသမား ဂေရးကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ ေဆြးေႏြးေနၿပီျဖစ္တဲ့ မာေဆးလ္အသင္း

မာေဆးလ္အသင္းဟာ လက္စတာအသင္းရဲ႕ တိုက္စစ္ကစားသမား ဂေရးကို ေနာက္လာမယ့္ ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ စတင္ေဆြးေႏြးေနၿပီလို႔ သိရပါတယ္။ ဂေရးရဲ႕ လက္စတာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ရာသီကုန္ရင္ ကုန္ဆံုးမွာ ျဖစ္ၿပီး သူဟာ ယခုအခါ ပရီးမီးယားလိဂ္ အျပင္က အသင္းေတြနဲ႔ ေဆြးေႏြးႏိုင္ၿပီ ျဖစ္ပါတယ္။

ဘင္ဖီကာ နဲ႔ မိုနာကိုအသင္းတို႔ကလည္း ၂၀၁၆ ခုႏွစ္က လက္စတာအသင္းကို ေရာက္လာခဲ့တဲ့ ဂေရးကို စိတ္၀င္စားခဲ့တဲ့အသင္းေတြျဖစ္ပါတယ္။ ဒီရာသီမွာ (၂) ပြဲသာ ကစားထားရတဲ့ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ လက္စတာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ ျငင္းဆန္ထားပါတယ္။

သူဟာ အာဆင္နယ္အသင္း နဲ႔ ကာရာေဘာင္ဖလားပြဲမွာ ပြဲထြက္ကစားခဲ့ရၿပီး ဒီဇင္ဘာလ ၁၈ ရက္ေန႔ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ (၁-၁) သေရက်ခဲ့တဲ့ပြဲမွာ အရန္ခံုကေန ထၿပီး ကစားခြင့္ ရခဲ့သူ ျဖစ္ပါတယ္။ တိုက္စစ္ကစားသမားဟာ လက္က်န္ရာသီကို လူငယ္အသင္းမွာ အခ်ိန္ကုန္ရမယ္လို႔ သိရပါတယ္။ ဂေရးဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ လက္စတာအသင္းအတြက္ (၂၁) ပြဲကစားထားၿပီး (၂) ဂိုးသြင္းထားသူျဖစ္ပါတယ္။သူဟာ အသင္းအတြက္ ၂၀၁၈-၁၉ ေဘာလံုးရာသီတုနး္က အေကာင္းဆံုး ေျခစြမး္ျပခဲ့ၿပီး (၄) ဂိုးသြင္းခဲ့ပါတယ္။