အသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် နောက်ခံလူ ဆိုခရာ့တစ် ကို ရောင်းချချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဆိုခရာ့တစ်ကို အီတလီစီးရီးအေ ကလပ် ဂျီနိုအာ အသင်းက ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဗဟိုနောက်ခံလူရဲ့ စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ဒီအပြောင်းအရွှေ့မှာပဲ ရောင်းချချင်နေတာ ဖြစ်ပါတယ်။

ဆိုခရာ့တစ်ကို အာဆင်နယ်နည်းပြ အာတီတာက အသုံးမပြုတော့တာ ဖြစ်ပြီး အသက် (၃၂) နှစ်အရွယ်ကစားသမားဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် လူစာရင်းတွေမှာ မပါဝင်တော့ပါဘူး။ နောက်ခံလူဟာ ၂၀၁၈ ခုနှစ်တုန်းက ဒေါ့မွန်အသင်းကနေ ပေါင် ၁၇ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းအတွက် (၆၉)ပွဲကစားထားသူ ဖြစ်ပါတယ်။ ဂရိ လက်ရွေးစင်ကစားသမားကို နာပိုလီ နဲ့ ဖီနာဘာချီအသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။ ဂျီနိုအာအသင်းကတော့ လာဇီယို နောက်ခံလူ ဒန်းနစ်ဗာဗရိုအစား အသင်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကစားခဲ့တဲ့ ဆိုခရာ့တစ်ကို ပြန်လည် အာရုံစိုက်လာတာ ပဲ ဖြစ်ပါတယ်။

ဗာဗရိုဟာ အီတလီကလပ်အသင်းနဲ့ လေ့ကျင့်ရေး ဆင်းခဲ့ပေမယ့် စကိုင်းအီတလီက သတင်းများအရ သူ့ရဲ့ ကြံ့ခိုင်မှုကြောင့် စိုးရိမ်နေတယ်လို့ သိရပါတယ်။ အာတီတာကတော့ ကိုလာဆီနက်ကိုလည်း အသင်းကနေ ရောင်းထုတ်ချင်နေပြီး အသင်းကို ပြန်လည်တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။

အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ ေနာက္ခံလူ ဆိုခရာ့တစ္ ကို ေရာင္းခ်ခ်င္ေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ ဆိုခရာ့တစ္ကို အီတလီစီးရီးေအ ကလပ္ ဂ်ီႏိုအာ အသင္းက ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ ဗဟိုေနာက္ခံလူရဲ႕ စာခ်ဳပ္သက္တမ္းက ေႏြရာသီမွာ ကုန္ဆံုးမွာ ျဖစ္ၿပီး အာဆင္နယ္အသင္းကလည္း ဒီအေျပာင္းအေရႊ႕မွာပဲ ေရာင္းခ်ခ်င္ေနတာ ျဖစ္ပါတယ္။

ဆိုခရာ႔တစ္ကို အာဆင္နယ္နည္းျပ အာတီတာက အသံုးမျပဳေတာ့တာ ျဖစ္ၿပီး အသက္ (၃၂) ႏွစ္အရြယ္ကစားသမားဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ လူစာရင္းေတြမွာ မပါ၀င္ေတာ့ပါဘူး။ ေနာက္ခံလူဟာ ၂၀၁၈ ခုႏွစ္တုန္းက ေဒါ့မြန္အသင္းကေန ေပါင္ ၁၇ သန္းနဲ႔ ေရာက္ရွိလာခဲ့သူ ျဖစ္ၿပီး အသင္းအတြက္ (၆၉)ပြဲကစားထားသူ ျဖစ္ပါတယ္။ ဂရိ လက္ေရြးစင္ကစားသမားကို နာပိုလီ နဲ႔ ဖီနာဘာခ်ီအသင္းတို႔ကလည္း စိတ္၀င္စားေနပါတယ္။ ဂ်ီႏိုအာအသင္းကေတာ့ လာဇီယို ေနာက္ခံလူ ဒန္းနစ္ဗာဗ႐ိုအစား အသင္းမွာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အထိ ကစားခဲ့တဲ့ ဆိုခရာ႔တစ္ကို ျပန္လည္ အာရံုစိုက္လာတာ ပဲ ျဖစ္ပါတယ္။

ဗာဗ႐ိုဟာ အီတလီကလပ္အသင္းနဲ႔ ေလ့က်င့္ေရး ဆင္းခဲ့ေပမယ့္ စကိုင္းအီတလီက သတင္းမ်ားအရ သူ႔ရဲ႕ ၾကံ့ခိုင္မႈေၾကာင့္ စိုးရိမ္ေနတယ္လို႔ သိရပါတယ္။ အာတီတာကေတာ့ ကိုလာဆီနက္ကိုလည္း အသင္းကေန ေရာင္းထုတ္ခ်င္ေနၿပီး အသင္းကို ျပန္လည္တည္ေဆာက္ခ်င္ေနတာ ျဖစ္ပါတယ္။