နာပိုလီ ကစားသမားတွေဖြစ်တဲ့ ဇီလင်စကီး နဲ့ လိုဇန်နို ကို ခေါ်ယူရန် အသင်းနဲ့ တိုင်ပင်နေပြီဖြစ်တဲ့ အဲဗာတန်နည်းပြ အန်စလော့တီ
အဲဗာတန်နည်းပြ အန်စလော့တီက နာပိုလီ ကွင်းလယ်လူ ဇီလင်စကီး နဲ့ ပတ်သက်ပြီး ချီးကျူးစကားပြောသွားခဲ့ပါတယ်။ အန်စလော့တီက နာပိုလီအသင်းမှာ နည်းပြတာဝန်ကို (၁၈) လကြာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ “ဇီလင်စကီးက ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ပါတယ်၊ သူဟာ ကျွန်တော်နဲ့တုန်းက နေရာစုံမှာ ကစားခဲ့သူပါ။
ဒါပေမယ့် သူ့မှာ အရမ်းကို ကြီးမားတဲ့ စွမ်းဆောင်ရည်တွေ ရှိနေသော်လည်း သူဟာ အခွင့်အရေး ပျောက်ဆုံးနေပါတယ်။ သူဟာ အရမ်းကို လျင်မြန်ပြီး ဘောလုံးနဲ့အတူရှိနေရင်လည်း ကျွမ်းကျင်သူတစ်ယောက်ပါ။ သူ့မှာ တိုးတက်မှု ပျောက်ဆုံးနေတာပါ” လို့ အန်စလော့တီက ရေဒီယို အစီအစဉ် တစ်ခုမှာ ပြောသွားခဲ့ပါတယ်။
လိုဇန်နို နဲ့ ပတ်သက်ပြီးတော့လည်း အန်စလော့တီက “ သူကတော့ လျင်မြန်မှု နဲ့ ပတ်သက်ပြီး ထူးခြားမှု ရှိနေတဲ့ ကစားသမား လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အရမ်းမြန်ပါတယ်။ မနှစ်က သူဟာ အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ မနှစ်က အပြောင်းအရွှေ့ နောက်ဆုံးရက်မှ အသင်းကို ရောက်လာတဲ့သူဖြစ်လို့ပါ” လို့ ထပ်ပြီး ပြောခဲ့တာဖြစ်ပါတယ်။