ချဲလ်ဆီးအသင်းမှာ နေရာမရဖြစ်နေတဲ့ တိုမိုရီကို ခေါ်ယူရန် လိဒ်ယူနိုက်တက်အသင်း စိတ်ဝင်စားနေ

လိဒ်ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းမှာ မျက်နှာသာ ပေးမခံရတဲ့ တိုမိုရီကို အခု ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အင်္ဂလိပ်ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ လမ်းပတ်ရဲ့အသင်းမှာ ပွဲကစားခွင့်အများအပြားရခဲ့ပေမယ့် ဒီရာသီမှာ အသင်းဆီကို ပီအက်စ်ဂျီအသင်းက ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား ရောက်ရှိလာလို့ ကစားခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။

လမ်းပတ်ရဲ့အသင်းမှာ ဗဟိုနောက်ခံလူ ရွေးချယ်စရာအဖြစ် ဇူးမား၊ ရူဒီဂါ နဲ့ ခရစ္စတန်ဆန် တို့လည်း အများအပြားရှိနေလို့ ဘီဘီစီသတင်းဌာနက အဆိုအရ လိဒ်ယူနိုက်တက်အသင်းဟာ အသက် ၂၃ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လိဒ်ယူနိုက်တက်နည်းပြ ဘီယယ်ဆာဟာ အသင်းမှာ ဒဏ်ရာရရှိနေတဲ့ နောက်ခံလူ ရိုဘင်ကိုခ့ျ်ကို ပြီးခဲ့တဲ့လကတည်းက ကာလရှည် လက်လွှွတ်ရမှာဖြစ်လို့ နောက်ခံလူ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဂျာမန်ကစားသမားဟာ ချဲလ်ဆီးအသင်းကို (၃-၁) နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက ရရှိခဲ့တဲ့ ဒူးဒဏ်ရာခွဲစိတ်ခံရပြီးနောက် (၃) လလောက် အနားယူရမယ်လို့ သိရပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြထားပြီး အဆင့် (၁၂) နေရာမှာ (၂၃) မှတ်ရထားတာ ဖြစ်ပါတယ်။ သို့သော်လည်း လိဒ်ယူနိုက်တက်အသင်းဟာ ပေးဂိုးတွေ အများအပြားခွင့်ပြုခံထားရပြီး ပရီးမီးယားလိဂ်မှာ ဒုတိယပေးဂိုးအများဆုံး အသင်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့လက သူတို့အသင်းဟာ နယူးကာဆယ်ကို (၅-၂) ၊ ဝက်စ်ဘရွန်းကို (၅-ဝ) နဲ့ ယူနိုက်တက်ကို (၆-၂)၊ နဲ့ စပါးကိုလည်း (၃-ဝ) နဲ့ ဂိုးပြတ်တွေ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။ တိုမိုရီကတော့ ဒီရာသီပရီးမီးယားလိဂ်မှာ (၄၅) မိနစ်ပဲ ကစားထားရပြီး နောက်ဆုံးကစားခဲ့တာက စပါးကို ရှုံးခဲ့တဲ့ ကာရာဘောင်ဖလားပွဲဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ အားနည်းနေတဲ့ နောက်တန်းပြဿနာကို ချဲလ်ဆီးအသင်းက တိုမိုရီကို ခေါ်ယူပြီး ဖြေရှင်းသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်နေပါတယ်။

ခ်ဲလ္ဆီးအသင္းမွာ ေနရာမရျဖစ္ေနတဲ့ တိုမိုရီကို ေခၚယူရန္ လိဒ္ယူႏိုက္တက္အသင္း စိတ္၀င္စားေန

လိဒ္ယူႏိုက္တက္အသင္းဟာ ခ်ဲလ္ဆီးအသင္းမွာ မ်က္ႏွာသာ ေပးမခံရတဲ့ တိုမိုရီကို အခု ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အဂၤလိပ္ဗဟိုေနာက္ခံလူဟာ ၿပီးခဲ့တဲ့ရာသီက နည္းျပ လမ္းပတ္ရဲ႕အသင္းမွာ ပြဲကစားခြင့္အမ်ားအျပားရခဲ့ေပမယ့္ ဒီရာသီမွာ အသင္းဆီကို ပီအက္စ္ဂ်ီအသင္းက ဝါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗား ေရာက္ရွိလာလို႔ ကစားခြင့္ ေပ်ာက္ဆံုးေနသူ ျဖစ္ပါတယ္။

လမ္းပတ္ရဲ႕အသင္းမွာ ဗဟိုေနာက္ခံလူ ေရြးခ်ယ္စရာအျဖစ္ ဇူးမား၊ ႐ူဒီဂါ နဲ႔ ခရစၥတန္ဆန္ တို႔လည္း အမ်ားအျပားရွိေနလို႔ ဘီဘီစီသတင္းဌာနက အဆိုအရ လိဒ္ယူႏိုက္တက္အသင္းဟာ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ လိဒ္ယူႏိုက္တက္နည္းျပ ဘီယယ္ဆာဟာ အသင္းမွာ ဒဏ္ရာရရွိေနတဲ့ ေနာက္ခံလူ ႐ိုဘင္ကိုခ့်္ကို ၿပီးခဲ့တဲ့လကတည္းက ကာလရွည္ လက္လႊြတ္ရမွာျဖစ္လို႔ ေနာက္ခံလူ ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။

ဂ်ာမန္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းကို (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲက ရရွိခဲ့တဲ့  ဒူးဒဏ္ရာခြဲစိတ္ခံရၿပီးေနာက္ (၃) လေလာက္ အနားယူရမယ္လို႔ သိရပါတယ္။ လိဒ္ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြ ျပထားၿပီး အဆင့္ (၁၂) ေနရာမွာ (၂၃) မွတ္ရထားတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း လိဒ္ယူႏိုက္တက္အသင္းဟာ ေပးဂိုးေတြ အမ်ားအျပားခြင့္ျပဳခံထားရၿပီး ပရီးမီးယားလိဂ္မွာ ဒုတိယေပးဂိုးအမ်ားဆံုး အသင္းျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့လက သူတို႔အသင္းဟာ နယူးကာဆယ္ကို (၅-၂) ၊ ၀က္စ္ဘရြန္းကို (၅-၀) နဲ႔ ယူႏိုက္တက္ကို (၆-၂)၊ နဲ႔ စပါးကိုလည္း (၃-၀) နဲ႔ ဂိုးျပတ္ေတြ ရႈံးထားခဲ့တာ ျဖစ္ပါတယ္။ တိုမိုရီကေတာ့ ဒီရာသီပရီးမီးယားလိဂ္မွာ (၄၅) မိနစ္ပဲ ကစားထားရၿပီး ေနာက္ဆံုးကစားခဲ့တာက စပါးကို ရႈံးခဲ့တဲ့ ကာရာေဘာင္ဖလားပြဲျဖစ္ပါတယ္။ လိဒ္ယူႏိုက္တက္အသင္းအေနနဲ႔ အသင္းရဲ႕ အားနည္းေနတဲ့ ေနာက္တန္းျပႆနာကို ခ်ဲလ္ဆီးအသင္းက တိုမိုရီကို ေခၚယူၿပီး ေျဖရွင္းသြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ေနပါတယ္။