ယူနိုက်တက်နောက်ခံလူ ရိုဟို ကို ခေါ်ယူချင်နေတဲ့ အဲလ်ချီအသင်း

စပိန်လာလီဂါမှာ ရုန်းကန်နေရတဲ့ အဲလ်ချီအသင်းဟာ ယူနိုက်တက်အသင်းမှာ မျက်နှာပေးမခံရတဲ့ နောက်ခံလူ ရိုဟိုကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ဒီရာသီ ယူနိုက်တက် လူငယ်အသင်းမှာ (၁) ပွဲသာ ကစားထားရပြီး အဲ့ဒါမတိုင်ခင်ကလည်း ဒဏ်ရာတွေကြောင့် အနားယူခဲ့ရပါတယ်။ သူ့ရဲ့ အိုးထရက်ဖိုဒ့်နဲ့ စာချုပ်သက်တမ်းဟာ နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ရိုဟိုဟာ ယခုအခါ နိုင်ငံခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးလို့ရနေပြီဖြစ်ပြီး ဗဟိုနောက်ခံလူကို ခေါ်ယူနိုင် မွေးရပ်မြေ အာဂျင်တီးနား က ကလပ်အသင်းဖြစ်တဲ့ ဘိုကာဂျူနီယာ က ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။

သို့သော်လည်း စပိန်က သတင်းစာများရဲ့ အဆိုအရ လာလီဂါကလပ် အဲလ်ချီ အသင်းဟာ ဘယ်နောက်ခံလူ နေရာပြဿနာကို ဖြေရှင်းရန်အတွက် သူတို့ပစ်မှတ်ထားနေတဲ့ ကစားသမား (၃) ယောက်ထဲမှာ ရိုဟိုပါဝင်နေတာ ဖြစ်ပါတယ်။ နောက်ထပ်သတင်းများအရ ရိုဟိုရဲ့ နောက်တန်းနေရာအစုံမှာ ကစားနိုင်တဲ့အစွမ်းကြောင့် အဲလ်ဂျီအသင်းက အဓိကပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

သို့သော်လည်း အဲလ်ချီအသင်းအနေနဲ့ သူ့ကို ခေါ်ယူနိုင်ရန် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက် နဲ့ နယူးကာဆယ်အသင်းတို့နဲ့ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းကစားသမားဟောင်းဟာ ယူနိုက်တက်အသင်းဆီကို ၂၀၁၄ ခုနှစ်က ရောက်ရှိလာပြီး အသင်းအတွက် (၁၂၂) ပွဲကစားထားကာ (၂) ဂိုးသွင်းယူပေးထားပါတယ်။

ယူႏိုက္တက္ေနာက္ခံလူ ႐ိုဟို ကို ေခၚယူခ်င္ေနတဲ့ အဲလ္ခ်ီအသင္း

စပိန္လာလီဂါမွာ ႐ုန္းကန္ေနရတဲ့ အဲလ္ခ်ီအသင္းဟာ ယူႏိုက္တက္အသင္းမွာ မ်က္ႏွာေပးမခံရတဲ့ ေနာက္ခံလူ ႐ိုဟိုကို ေခၚယူရန္ စိတ္၀င္စားေနတဲ့အသင္းေတြထဲမွာ ပါ၀င္လာၿပီျဖစ္ပါတယ္။ အသက္ ၃၀ အရြယ္ကစားသမားဟာ ဒီရာသီ ယူႏိုက္တက္ လူငယ္အသင္းမွာ (၁) ပြဲသာ ကစားထားရၿပီး အဲ့ဒါမတိုင္ခင္ကလည္း ဒဏ္ရာေတြေၾကာင့္ အနားယူခဲ့ရပါတယ္။ သူ႔ရဲ႕ အိုးထရက္ဖိုဒ့္နဲ႔ စာခ်ဳပ္သက္တမ္းဟာ ေႏြရာသီမွာ ကုန္ဆံုးမွာ ျဖစ္ပါတယ္။

႐ိုဟိုဟာ ယခုအခါ ႏိုင္ငံျခားကလပ္အသင္းေတြနဲ႔ ေဆြးေႏြးလို႔ရေနၿပီျဖစ္ၿပီး ဗဟိုေနာက္ခံလူကို ေခၚယူႏိုင္ ေမြးရပ္ေျမ အာဂ်င္တီးနား က ကလပ္အသင္းျဖစ္တဲ့ ဘိုကာဂ်ဴနီယာ က ေရပန္းအစားဆံုးျဖစ္ေနတယ္လို႔ သတင္းထြက္ေပၚထားပါတယ္။

သို႔ေသာ္လည္း စပိန္က သတင္းစာမ်ားရဲ႕ အဆိုအရ လာလီဂါကလပ္ အဲလ္ခ်ီ အသင္းဟာ ဘယ္ေနာက္ခံလူ ေနရာျပႆနာကို ေျဖရွင္းရန္အတြက္ သူတို႔ပစ္မွတ္ထားေနတဲ့ ကစားသမား (၃) ေယာက္ထဲမွာ ႐ိုဟိုပါ၀င္ေနတာ ျဖစ္ပါတယ္။ ေနာက္ထပ္သတင္းမ်ားအရ ႐ိုဟိုရဲ႕ ေနာက္တန္းေနရာအစံုမွာ ကစားႏိုင္တဲ့အစြမ္းေၾကာင့္ အဲလ္ဂ်ီအသင္းက အဓိကပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း အဲလ္ခ်ီအသင္းအေနနဲ႔ သူ႔ကို ေခၚယူႏိုင္ရန္ ပရီးမီးယားလိဂ္က ကလပ္အသင္းေတြျဖစ္တဲ့ ရွက္ဖီးလ္ယူႏိုက္တက္ နဲ႔ နယူးကာဆယ္အသင္းတို႔နဲ႔ ၿပိဳင္ဆိုင္ရမွာ ျဖစ္ပါတယ္။ စပို႔တင္းလစၥဘြန္းကစားသမားေဟာင္းဟာ ယူႏိုက္တက္အသင္းဆီကို ၂၀၁၄ ခုႏွစ္က ေရာက္ရွိလာၿပီး အသင္းအတြက္ (၁၂၂) ပြဲကစားထားကာ (၂) ဂိုးသြင္းယူေပးထားပါတယ္။