မန်စီးတီးအသင်းက ကစားသမား (၂) ယောက် နဲ့ ဝန်ထမ်းတစ်ယောက် ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိ

မန်စီးတီးအသင်းက စကော့ကာဆန် ၊ ကိုးလ်ပဲလ်မာ နဲ့ ဝန်ထမ်းတစ်ယောက်တို့ဟာ ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိတယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂိုးသမား၊ လူငယ်ကွင်းလယ်ကစားသမား နဲ့ ဝန်ထမ်းတို့ဟာ မန်စီးတီးအသင်းမှာ ကိုဗစ်ဖြစ်နေတဲ့ ကစားသမား (၆) ယော် ၊ ဝန်ထမ်း (၃) ယောက် ၊ အကယ်ဒမီကစားသမား တစ်ယောက် နဲ့ အမျိုးသမီး ကစားသမား (၄) ယောက်တို့နဲ့ ပူးပေါင်းရမှာဖြစ်ပါတယ်။

အဆိုပါသတင်းဟာ ဂွါဒီယိုလာရဲ့အသင်း ယူနိုက်တက် နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲမကစားခင် နာရီပိုင်းအလိုမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂါနေ့က ထွက်ရှိခဲ့တဲ့သတင်းများအရ လည်း ပရီးမီးယားလိဂ်မှာ ကိုဗစ် ရောဂါပိုး တွေ့ရှိတဲ့ အယောက် (၄၀) စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မန္စီးတီးအသင္းက ကစားသမား (၂) ေယာက္ နဲ႔ ၀န္ထမ္းတစ္ေယာက္ ကိုဗစ္ပိုး စစ္ေဆးေတြ႕ရွိ

မန္စီးတီးအသင္းက စေကာ့ကာဆန္ ၊ ကိုးလ္ပဲလ္မာ နဲ႔ ၀န္ထမ္းတစ္ေယာက္တို႔ဟာ ကိုဗစ္ ၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိတယ္လို႔ အတည္ျပဳသတင္းထုတ္ျပန္ခဲ့ပါတယ္။ ဂိုးသမား၊ လူငယ္ကြင္းလယ္ကစားသမား နဲ႔ ၀န္ထမ္းတို႔ဟာ မန္စီးတီးအသင္းမွာ ကိုဗစ္ျဖစ္ေနတဲ့ ကစားသမား (၆) ေယာ္ ၊ ၀န္ထမ္း (၃) ေယာက္ ၊ အကယ္ဒမီကစားသမား တစ္ေယာက္ နဲ႔  အမ်ိဳးသမီး ကစားသမား (၄) ေယာက္တို႔နဲ႔ ပူးေပါင္းရမွာျဖစ္ပါတယ္။

အဆိုပါသတင္းဟာ ဂြါဒီယိုလာရဲ႕အသင္း ယူႏိုက္တက္ နဲ႔ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲမကစားခင္  နာရီပိုင္းအလိုမွာ ထြက္ေပၚလာခဲ့ပါတယ္။ အဂၤါေန႔က ထြက္ရွိခဲ့တဲ့သတင္းမ်ားအရ လည္း ပရီးမီးယားလိဂ္မွာ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိတဲ့ အေယာက္ (၄၀) စစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။