ဘရူနိုဖာနန်ဒက်စ်က အဲရစ်ကန်တိုနာ လို ယူနိုက်တက်ကို ဦးဆောင်နိုင်မယ့်သူလို့ ပေါ့အင့်စ် ပြောကြားခဲ့


ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါ့အင့်စ်က အသင်းရဲ့ကွင်းလယ်ကစားသမား ဘရူနို ဖာနန် ဒက်စ်အနေနဲ့ အဲရစ်ကန်တိုနာလိုမျိုး အသင်းကို အကောင်းဆုံးဦးဆောင်နိုင်မယ့်သူလို့ ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်လာပြီးနောက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့ သွင်းဂိုးပေါင်း ၃၁ ဂိုးမှာ ပါဝင်ခဲ့သလို ၂၀၂၀ ခုနှစ် အတွင်း ယူနိုက်တက်ရဲ့ တစ်လတာ အကောင်းဆုံးကစားသမားဆုကိုလည်း ၆ ကြိမ်အထိ ရရှိခဲ့သူ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ လက်ရှိမှာ လီဗာပူးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အဆင့်-၂ နေရာမှာ ရှိနေတယ်ဆိုပေမယ့် ဘန်လေနဲ့ ကစားဖို့ တစ်ပွဲကျန်နေသေးတာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ များနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပြီး အခုလို အမှတ်ပေးဇယားထိပ်ဆုံးရောက်ဖို့အတွက် ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်တွေက အဓိကကျခဲ့ကြောင်းရေးသားခဲ့ ကြပါတယ်။ ပေါ့အင့်စ်က ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်တွေဟာ ယူနိုက်တက်မှာ နောက်ထပ်အဲရစ်ကန်တိုနာ တစ်ယောက်ကို ထပ်တွေ့နေရသလိုပဲလည်း ပြောခဲ့ပါတယ်။


Monday Night Football အစီအစဉ်မှာ ပေါ့အင့်စ်က “ အဲရစ်ကန်တိုနာရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ တွေ့ခဲ့ဖူး ကြမှာပါ။ သူက အသင်းအတွက် ဂိုးလည်းသွင်းယူနိုင်သလို ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်တဲ့သူပါ။ အသင်းမှာ သူပါလာ တယ်ဆိုရင် အသင်းသားတွေအနေနဲ့ စိတ်ဓာတ်တက်ကြွပြီး အနိုင်ရဖို့အတွက် ပိုပြီးစွမ်းဆောင်နိုင်ပါတယ်။ အခုလို ဖာနန် ဒက်စ်က ယူနိုက်တက်အတွက် နောက်ထပ် အဲရစ်ကန်တိုနာ လိုမျိုး စွမ်းဆောင်ပြနေပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘ႐ူႏိုဖာနန္ဒက္စ္က အဲရစ္ကန္တိုနာ လို ယူႏိုက္တက္ကို ဦးေဆာင္ႏိုင္မယ့္သူလို႔ ေပါ့အင့္စ္ ေျပာၾကားခဲ့
ယူႏိုက္တက္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေပါ့အင့္စ္က အသင္းရဲ႕ကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ ဒက္စ္အေနနဲ႔ အဲရစ္ကန္တိုနာလိုမ်ိဳး အသင္းကို အေကာင္းဆံုးဦးေဆာင္ႏိုင္မယ့္သူလို႔ ေျပာခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကို ေရာက္လာၿပီးေနာက္မွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းရဲ႕ သြင္းဂိုးေပါင္း ၃၁ ဂိုးမွာ ပါဝင္ခဲ့သလို ၂၀၂၀ ခုႏွစ္ အတြင္း ယူႏိုက္တက္ရဲ႕ တစ္လတာ အေကာင္းဆံုးကစားသမားဆုကိုလည္း ၆ ႀကိမ္အထိ ရရွိခဲ့သူ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ လက္ရွိမွာ လီဗာပူးနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္အရ အဆင့္-၂ ေနရာမွာ ရွိေနတယ္ဆိုေပမယ့္ ဘန္ေလနဲ႔ ကစားဖို႔ တစ္ပြဲက်န္ေနေသးတာေၾကာင့္ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ဖို႔ မ်ားေနတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၿပီး အခုလို အမွတ္ေပးဇယားထိပ္ဆံုးေရာက္ဖို႔အတြက္ ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ရည္ေတြက အဓိကက်ခဲ့ေၾကာင္းေရးသားခဲ့ ၾကပါတယ္။ ေပါ့အင့္စ္က ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ေတြဟာ ယူႏိုက္တက္မွာ ေနာက္ထပ္အဲရစ္ကန္တိုနာ တစ္ေယာက္ကို ထပ္ေတြ႕ေနရသလိုပဲလည္း ေျပာခဲ့ပါတယ္။
Monday Night Football အစီအစဥ္မွာ ေပါ့အင့္စ္က “ အဲရစ္ကန္တိုနာရဲ႕ စြမ္းေဆာင္ရည္ေတြကို ကၽြန္ေတာ္တို႔ ေတြ႕ခဲ့ဖူး ၾကမွာပါ။ သူက အသင္းအတြက္ ဂိုးလည္းသြင္းယူႏိုင္သလို ဂိုးဖန္တီးမႈေတြလည္း ျပဳလုပ္ႏိုင္တဲ့သူပါ။ အသင္းမွာ သူပါလာ တယ္ဆိုရင္ အသင္းသားေတြအေနနဲ႔ စိတ္ဓာတ္တက္ႂကြၿပီး အႏိုင္ရဖို႔အတြက္ ပိုၿပီးစြမ္းေဆာင္ႏိုင္ပါတယ္။ အခုလို ဖာနန္ ဒက္စ္က ယူႏိုက္တက္အတြက္ ေနာက္ထပ္ အဲရစ္ကန္တိုနာ လိုမ်ိဳး စြမ္းေဆာင္ျပေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။