အသင်းမှာနေရာမရတဲ့ အိုဇေးလ်အနေနဲ့ ရူနီကစားခဲ့တဲ့ ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ ဆွေးနွေးနေတယ်လို့ သိရ


ပြီးခဲ့တဲ့ မတ်လကတည်းက အာဆင်နယ်အသင်းမှာ ကစားခွင့်မရဘဲ နေရာပျောက်ဆုံးနေခဲ့ကာ ဒီရာသီမှာတော့ အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခံခဲ့ရတဲ့ ကွင်းလယ်လူ အိုဇေးလ်အနေနဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ကစား ဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက် တမ်း ၆ လပဲကျန်တော့တာကြောင့် အခြားအသင်းတွေနဲ့ ဆွေးနွေးခွင့်ရရှိနေပြီလည်း ဖြစ်ပါတယ်။


Football.london ရဲ့ဖော်ပြချက်အရတော့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အို ဇေးလ်ကို ခေါ်ယူပြီး သူတို့အသင်းမှာ နာမည်ကြီး ကစားသမားရှိစေဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းဖြစ်ပြီး လက်ရှိ ဒါဘီအသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ရူနီက ဒီစီယူနိုက်တက်အသင်း မှာ ၂ နှစ်ကြာ ကစားခဲ့ဖူးပါတယ်။


အာဆင်နယ်အသင်းနည်းပြ အာတီတာရဲ့လက်အောက်မှာ ပွဲကစားခွင့်မရတာ ၁၀ လတာ ရှိပြီဖြစ်ပေမယ့် အိုဇေးလ်က “ ကျွန်တော်တို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်မပြောတော့ပါဘူး။ အခုက အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်ကိုလည်း ရောက် နေပြီဖြစ်တာကြောင့် အသင်းပြောင်းဖို့အတွက် ဆွေးနွေးခွင့်ရှိနေပါပြီ” လို့ ပြောခဲ့ပါတယ်။ အိုဇေးလ် ဟာ အာဆင်နယ် အသင်းအတွက် ပြန်ကစားပေးချင်တယ်လို့ ပြောဆိုမှုတွေရှိခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ အိုဇေးလ်ရဲ့ ပြောဆိုမှုအတွက် တစ်စုံတစ်ရာတုံ့ပြန်ခဲ့တာမျိုးတော့ မရှိခဲ့တာလည်း တွေ့ရပါတယ်။

zawgyi version

အသင္းမွာေနရာမရတဲ့ အိုေဇးလ္အေနနဲ႔ ႐ူနီကစားခဲ့တဲ့ ဒီစီယူႏိုက္တက္ကို ေျပာင္းေရႊ႕ကစားဖို႔ ေဆြးေႏြးေနတယ္လို႔ သိရ
ၿပီးခဲ့တဲ့ မတ္လကတည္းက အာဆင္နယ္အသင္းမွာ ကစားခြင့္မရဘဲ ေနရာေပ်ာက္ဆံုးေနခဲ့ကာ ဒီရာသီမွာေတာ့ အသင္းရဲ႕ လူစာရင္းကေန ဖယ္ရွားခံခဲ့ရတဲ့ ကြင္းလယ္လူ အိုေဇးလ္အေနနဲ႔ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ကို ေျပာင္းေရႊ႕ကစား ဖို႔ ေဆြးေႏြးေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ အိုေဇးလ္ဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္ တမ္း ၆ လပဲက်န္ေတာ့တာေၾကာင့္ အျခားအသင္းေတြနဲ႔ ေဆြးေႏြးခြင့္ရရွိေနၿပီလည္း ျဖစ္ပါတယ္။
Football.london ရဲ႕ေဖာ္ျပခ်က္အရေတာ့ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ဟာ အသက္ ၃၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အို ေဇးလ္ကို ေခၚယူၿပီး သူတို႔အသင္းမွာ နာမည္ႀကီး ကစားသမားရွိေစဖို႔အတြက္ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ အဂၤလန္ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္ၿပီး လက္ရွိ ဒါဘီအသင္းနည္းျပအျဖစ္ ေဆာင္ရြက္ေနတဲ့ ႐ူနီက ဒီစီယူႏိုက္တက္အသင္း မွာ ၂ ႏွစ္ၾကာ ကစားခဲ့ဖူးပါတယ္။
အာဆင္နယ္အသင္းနည္းျပ အာတီတာရဲ႕လက္ေအာက္မွာ ပြဲကစားခြင့္မရတာ ၁၀ လတာ ရွိၿပီျဖစ္ေပမယ့္ အိုေဇးလ္က “ ကၽြန္ေတာ္တို႔ ဘာေတြျဖစ္ခဲ့လဲဆိုတာ ျပန္မေျပာေတာ့ပါဘူး။ အခုက အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ခ်ိန္ကိုလည္း ေရာက္ ေနၿပီျဖစ္တာေၾကာင့္ အသင္းေျပာင္းဖို႔အတြက္ ေဆြးေႏြးခြင့္ရွိေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။ အိုေဇးလ္ ဟာ အာဆင္နယ္ အသင္းအတြက္ ျပန္ကစားေပးခ်င္တယ္လို႔ ေျပာဆိုမႈေတြရွိခဲ့ေပမယ့္ အသင္းတာဝန္ရွိသူေတြကေတာ့ အိုေဇးလ္ရဲ႕ ေျပာဆိုမႈအတြက္ တစ္စံုတစ္ရာတံု႔ျပန္ခဲ့တာမ်ိဳးေတာ့ မရွိခဲ့တာလည္း ေတြ႕ရပါတယ္။