အောင်မြင်မှုရဖို့အတွက် လျှိုဝှက်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားနေတယ်လို့ ဖော်ပြခံရတဲ့ မော်ရင်ဟိုရဲ့ စပါး


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချန်ပီယံရှစ်မှာ ခြေစွမ်းပြနေတဲ့ ဘရန်ဖို့ဒ် ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ စပါးအနေနဲ့ မော်ရင်ဟိုရဲ့ လက်အောက်မှာ အောင်မြင်မှုရဖို့အတွက် လျှို ဝှက်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုဟာ သူကိုင်တွယ်ခဲ့တဲ့အသင်း တွေနဲ့ ဒုတိယမြောက်ရာသီမှာ အောင်မြင်မှုတွေရယူနိုင်တာကြောင့် စပါးပရိသတ်တွေအနေနဲ့ အောင်မြင်မှုရယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။


အသင်းငယ်ဖြစ်တဲ့ ဘရန့်ဖို့ဒ်ကစားခဲ့တဲ့ ပွဲမှာ နည်းပြမော်ရင်ဟိုအနေနဲ့ အဓိက,ကစားသမား အစုံအလင်ကို အသုံးပြုပြီး အနိုင်ရဖို့အတွက် ကြိုးစားခဲ့တာကြောင့် ဆစ်ဆိုကို ၊ဆွန်ဟောင်မင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ စပါးအသင်းဟာ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် နောက်ထပ်ပွဲစဉ်ဆီမီးဖိုင်နယ် ပွဲစဉ် တစ် ခုဖြစ်တဲ့ မန်ချက်စတာဒါဘီက အနိုင်ရတဲ့အသင်းနဲ့ ဧပြီလမှာ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


ကာရာဘောင်းဖလားဗိုလ်လုပွဲကို တက်ရောက်ခဲ့အပြီးမှာတော့ မော်ရင်ဟိုက “ အသင်းအတွက် ချန်ပီယံဆုဖလားတစ်လုံး ရယူနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာ လျှိုဝှက်ထားစရာ မလိုပါဘူး။ ၂၀၀၄ ခုနှစ်မှာ အင်္ဂလန်ကို ရောက်လာခဲ့ပြီး အောင်မြင် မှုတွေ ရခဲ့တယ်ဆိုပေမယ့် ဒီနေ့အချိန်ထိ လေ့လာသင်ယူနေရဆဲပါပဲ။ စပါးအသင်းအနေနဲ့ ဆုဖလားအောင်မြင်မှုမရခဲ့တာ ၁၃ နှစ်ရှိပြီ ဖြစ်တာကြောင့် အသင်းကို ဆုဖလားတစ်လုံးရယူပေးချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေအာင္ျမင္မႈရဖို႔အတြက္ လွ်ိဳဝွက္ၿပီး ျပင္းျပင္းထန္ထန္ႀကိဳးစားေနတယ္လို႔ ေဖာ္ျပခံရတဲ့ ေမာ္ရင္ဟိုရဲ႕ စပါး
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ခ်န္ပီယံရွစ္မွာ ေျခစြမ္းျပေနတဲ့ ဘရန္ဖို႔ဒ္ ကို အႏိုင္ယူၿပီး ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တဲ့ စပါးအေနနဲ႔ ေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာ ေအာင္ျမင္မႈရဖို႔အတြက္ လွ်ိဳ ဝွက္ၿပီး ျပင္းျပင္းထန္ထန္ႀကိဳးစားေနတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ သူကိုင္တြယ္ခဲ့တဲ့အသင္း ေတြနဲ႔ ဒုတိယေျမာက္ရာသီမွာ ေအာင္ျမင္မႈေတြရယူႏိုင္တာေၾကာင့္ စပါးပရိသတ္ေတြအေနနဲ႔ ေအာင္ျမင္မႈရယူႏိုင္မယ္လို႔ ယံုၾကည္ေနေၾကာင္း သိရပါတယ္။
အသင္းငယ္ျဖစ္တဲ့ ဘရန္႔ဖို႔ဒ္ကစားခဲ့တဲ့ ပြဲမွာ နည္းျပေမာ္ရင္ဟိုအေနနဲ႔ အဓိက,ကစားသမား အစံုအလင္ကို အသံုးျပဳၿပီး အႏိုင္ရဖို႔အတြက္ ႀကိဳးစားခဲ့တာေၾကာင့္ ဆစ္ဆိုကို ၊ဆြန္ေဟာင္မင္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ႏွစ္ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တဲ့ စပါးအသင္းဟာ ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ေနာက္ထပ္ပြဲစဥ္ဆီမီးဖိုင္နယ္ ပြဲစဥ္ တစ္ ခုျဖစ္တဲ့ မန္ခ်က္စတာဒါဘီက အႏိုင္ရတဲ့အသင္းနဲ႔ ဧၿပီလမွာ ဗိုလ္လုပြဲယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
ကာရာေဘာင္းဖလားဗိုလ္လုပြဲကို တက္ေရာက္ခဲ့အၿပီးမွာေတာ့ ေမာ္ရင္ဟိုက “ အသင္းအတြက္ ခ်န္ပီယံဆုဖလားတစ္လံုး ရယူႏိုင္ဖို႔ ႀကိဳးစားေနတယ္ဆိုတာ လွ်ိဳဝွက္ထားစရာ မလိုပါဘူး။ ၂၀၀၄ ခုႏွစ္မွာ အဂၤလန္ကို ေရာက္လာခဲ့ၿပီး ေအာင္ျမင္ မႈေတြ ရခဲ့တယ္ဆိုေပမယ့္ ဒီေန႔အခ်ိန္ထိ ေလ့လာသင္ယူေနရဆဲပါပဲ။ စပါးအသင္းအေနနဲ႔ ဆုဖလားေအာင္ျမင္မႈမရခဲ့တာ ၁၃ ႏွစ္ရွိၿပီ ျဖစ္တာေၾကာင့္ အသင္းကို ဆုဖလားတစ္လံုးရယူေပးခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။