အမ်ဘတ်ပီက နောက်တန်း မကစားတတ်တာကြောင့် လီဗာပူးအနေနဲ့ ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဂျွန်ဘားနက်စ်


လီဗာပူး အသင်းကစားသမားဟောင်း ဂျွန်ဘားနက်စ်က အမ်ဘတ်ပီအနေနဲ့ အံအားဖွယ်ကောင်းတဲ့ကစားသမားတစ်ဦးလို့ ဆိုရမှာဖြစ်ပေမယ့် နောက်တန်းမှာ ကစားနိုင်ခြင်းမရှိတာကြောင့် ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ လီဗာပူး ဟာ အမ်ဘတ်ပီကိုခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအသင်းမှာ နောက်တန်းကစား သမားတွေ ဒဏ်ရာရနေတာကြောင့် တိုက်စစ်ကစားနိုင်သူထက် နောက်ခံလူတွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။


ဂျွန်ဘားနက်စ် က “ အမ်ဘတ်ပီက အရည်အချင်းပြည့်ဝပြီး အံသြလောက်အောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားမျိုးပါ။ တိုက်စစ်မှာ နေရာစုံကစားနိုင်ပေမယ့် ခံစစ်မှာတော့ သူအနေနဲ့ မကစားနိုင်ပါဘူး။ သူသာ နောက်တန်းဗဟိုလူနေရာမှာ ကစားနိုင်မယ်ဆိုရင် လီဗာပူးအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ သူကို ခေါ်ယူမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တိုက်စစ်နဲ့ ကွင်းလယ်က အကောင်းဆုံးပုံစံမှာ ရှိနေပေမယ့် ခံစစ်ကတော့ အားနည်းမှုတွေ ရှိနေပါတယ်” လို့ ပြောခဲ့ပါ တယ်။


ဆက်လက်ပြီး ဂျွန်ဘားနက်စ်က လီဗာပူးအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲဆက်နိုင်ပွဲပျောက်ခဲ့တာကြောင့် ဝေဖန်မှုတွေ ကြုံနေရပေမယ့် လက်ကျန်ရာသီမှာ အကောင်းဆုံးခြေစွမ်းနဲ့အတူ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရှိနေတယ်လို့လည်းပြောခဲ့ ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေသေးတဲ့ အမ်ဘတ်ပီကို လီဗာပူးအပြင် အခြားအ သင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်၊ ဘာစီလိုနာနဲ့ မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

အမ္ဘတ္ပီက ေနာက္တန္း မကစားတတ္တာေၾကာင့္ လီဗာပူးအေနနဲ႔ ေခၚယူမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ဂၽြန္ဘားနက္စ္
လီဗာပူး အသင္းကစားသမားေဟာင္း ဂၽြန္ဘားနက္စ္က အမ္ဘတ္ပီအေနနဲ႔ အံအားဖြယ္ေကာင္းတဲ့ကစားသမားတစ္ဦးလို႔ ဆိုရမွာျဖစ္ေပမယ့္ ေနာက္တန္းမွာ ကစားႏိုင္ျခင္းမရွိတာေၾကာင့္ ေခၚယူမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ လီဗာပူး ဟာ အမ္ဘတ္ပီကိုေခၚယူဖို႔ စိတ္ဝင္စားတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ လက္ရွိအသင္းမွာ ေနာက္တန္းကစား သမားေတြ ဒဏ္ရာရေနတာေၾကာင့္ တိုက္စစ္ကစားႏိုင္သူထက္ ေနာက္ခံလူေတြ လိုအပ္ေနတာပဲ ျဖစ္ပါတယ္။
ဂၽြန္ဘားနက္စ္ က “ အမ္ဘတ္ပီက အရည္အခ်င္းျပည့္ဝၿပီး အံၾသေလာက္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားမ်ိဳးပါ။ တိုက္စစ္မွာ ေနရာစံုကစားႏိုင္ေပမယ့္ ခံစစ္မွာေတာ့ သူအေနနဲ႔ မကစားႏိုင္ပါဘူး။ သူသာ ေနာက္တန္းဗဟိုလူေနရာမွာ ကစားႏိုင္မယ္ဆိုရင္ လီဗာပူးအေနနဲ႔ ဇန္နဝါရီအေျပာင္းအေရႊ႕မွာပဲ သူကို ေခၚယူမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔မွာ တိုက္စစ္နဲ႔ ကြင္းလယ္က အေကာင္းဆံုးပံုစံမွာ ရွိေနေပမယ့္ ခံစစ္ကေတာ့ အားနည္းမႈေတြ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါ တယ္။
ဆက္လက္ၿပီး ဂၽြန္ဘားနက္စ္က လီဗာပူးအေနနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ သံုးပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ၾကံဳေနရေပမယ့္ လက္က်န္ရာသီမွာ အေကာင္းဆံုးေျခစြမ္းနဲ႔အတူ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ ရွိေနတယ္လို႔လည္းေျပာခဲ့ ပါတယ္။ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပျဖစ္ေနေသးတဲ့ အမ္ဘတ္ပီကို လီဗာပူးအျပင္ အျခားအ သင္းႀကီးေတြျဖစ္တဲ့ ရီးရဲလ္၊ ဘာစီလိုနာနဲ႔ မန္စီးတီးတို႔ကလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။