ယူနိုက်တက်ရဲ့ ပြိုင်ဘက် ဖြစ်လာတာက မန်စီးတီးအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်တယ်ဆိုပြီး ပြောခဲ့တဲ့ ဂွါဒီယိုလာ


မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်ရှိအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးဖြစ်တဲ့ ယူနိုက် တက်အသင်းရဲ့ ပြိုင်ဘက်ဖြစ်လာတဲ့အတွက် ဂုဏ်ယူစရာကောင်းကြောင်း ပြောခဲ့ပါတယ်။ မန်စီးတီးနဲ့ ယူနိုက်တက် ဟာ ဒီနေ့ညမှာတော့ လိဂ်ဖလား ဆီမီးဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


မန်စီးတီးအသင်းဟာ ယူနိုက်တက်အသင်းနည်းပြကြီး ဆာအဲလက်ဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီ နောက်ပိုင်း ရာသီကုန်အမှတ်ပေးဇယားမှာ ယူနိုက်တက်ရဲ့အထက်မှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းကို နည်း ပြ ဂွါဒီယိုလာ ရောက်လာပြီးနောက်မှာ အသင်းကြီးတစ်သင်းဖြစ်လာပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရာသီ တိုင်းမှာ ရေပန်းစားတဲ့အသင်းဖြစ်လာခဲ့သလို ၂၀၁၇-၁၈ ဘောလုံးရာသီတုန်းကဆိုရင်လည်း တစ်ရာသီလုံး ရမှတ် ၁၀၀ ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။


ဂွါဒီယိုလာက “ ယူနိုက်တက်က အသင်းကြီးတစ်သင်းဖြစ်ပြီး ကျွန်တော်အနေနဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ လည်း ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးရဲ့အထက်မှာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့အသင်းပါ။ နောက် ဆုံး ၁၀ စုနှစ် တစ်ခုလောက်ပဲ မန်စီးတီးအသင်းက ယူနိုက်တက်ရဲ့ အပေါ်မှာ ရပ်တည်နိုင်သေးတာဆိုပေမယ့် ယူနိုက် တက်လို အသင်းကြီးရဲ့ ပြိုင်ဘက်ဖြစ်လာတာက မန်စီးတီးအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္ရဲ႕ ၿပိဳင္ဘက္ ျဖစ္လာတာက မန္စီးတီးအတြက္ ဂုဏ္ယူစရာတစ္ခု ျဖစ္တယ္ဆိုၿပီး ေျပာခဲ့တဲ့ ဂြါဒီယိုလာ
မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက လက္ရွိအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အေအာင္ျမင္ဆံုးျဖစ္တဲ့ ယူႏိုက္ တက္အသင္းရဲ႕ ၿပိဳင္ဘက္ျဖစ္လာတဲ့အတြက္ ဂုဏ္ယူစရာေကာင္းေၾကာင္း ေျပာခဲ့ပါတယ္။ မန္စီးတီးနဲ႔ ယူႏိုက္တက္ ဟာ ဒီေန႔ညမွာေတာ့ လိဂ္ဖလား ဆီမီးဖိုင္နယ္အျဖစ္ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
မန္စီးတီးအသင္းဟာ ယူႏိုက္တက္အသင္းနည္းျပႀကီး ဆာအဲလက္ဖာဂူဆန္ အနားယူသြားတဲ့ ၂၀၁၂-၁၃ ေဘာလံုးရာသီ ေနာက္ပိုင္း ရာသီကုန္အမွတ္ေပးဇယားမွာ ယူႏိုက္တက္ရဲ႕အထက္မွာပဲ ရွိေနခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းကို နည္း ျပ ဂြါဒီယိုလာ ေရာက္လာၿပီးေနာက္မွာ အသင္းႀကီးတစ္သင္းျဖစ္လာၿပီးေနာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ရာသီ တိုင္းမွာ ေရပန္းစားတဲ့အသင္းျဖစ္လာခဲ့သလို ၂၀၁၇-၁၈ ေဘာလံုးရာသီတုန္းကဆိုရင္လည္း တစ္ရာသီလံုး ရမွတ္ ၁၀၀ ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အထိ ေအာင္ျမင္မႈရခဲ့ပါတယ္။
ဂြါဒီယိုလာက “ ယူႏိုက္တက္က အသင္းႀကီးတစ္သင္းျဖစ္ၿပီး ကြ်န္ေတာ္အေနနဲ႔ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြနဲ႔ လည္း ယွဥ္ၿပိဳင္ခဲ့ဖူးပါတယ္။ ယူႏိုက္တက္ဟာ မန္စီးတီးရဲ႕အထက္မွာ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ႏိုင္ခဲ့တဲ့အသင္းပါ။ ေနာက္ ဆံုး ၁၀ စုႏွစ္ တစ္ခုေလာက္ပဲ မန္စီးတီးအသင္းက ယူႏိုက္တက္ရဲ႕ အေပၚမွာ ရပ္တည္ႏိုင္ေသးတာဆိုေပမယ့္ ယူႏိုက္ တက္လို အသင္းႀကီးရဲ႕ ၿပိဳင္ဘက္ျဖစ္လာတာက မန္စီးတီးအတြက္ ဂုဏ္ယူစရာပဲ ျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။