ယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးဖလားအကြောင်းပြောရန် အရမ်းစောနေတယ်လို့ ဆိုလိုက်တဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်

ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နေတယ်လို့ ပြောဆိုရန် အရမ်းစောနေသေးတယ်လို့ ဆာအဲလက်စ်ဖာဂူဆန်က ပြောသွားပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် နောက်ပိုင်းပွဲတွေဆက်တိုက် ရလဒ်တွေ ကောင်းခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှာ လီဗာပူးလ်အသင်းနဲ့ အမှတ်တူ ဂိုးကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒါ့အပြင်ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းထက် တစ်ပွဲလျော့ကစားထားပြီး အဲ့ဒီပွဲကို နောက်တစ်ပတ်မှာ ဘန်လေအသင်းနဲ့ ကစားရမှာပါ။ လီဗာပူးလ်အသင်းကတော့ နောက်ဆုံး(၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီ (၁၇) ရက်နေ့မှာ အမှတ်ပေးဖလားလုပွဲလို့ တင်စားပြီးပြောနေကြတဲ့ ယူနိုက်တက်ကို ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။

နည်းပြကြီးဖာဂူဆန်ကတော့ အမှတ်ပေးဖလား စိန်ခေါ်မှု နဲ့ပတ်သက်ပြီး “ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ဒီလိုနေ့ရက်တွေမှာဆိုရင် ပိုပြီး ခက်ခဲပါတယ်” လို့ ဒေးလီးမေးလ်သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

ယူႏိုက္တက္အသင္းအေနနဲ႔ အမွတ္ေပးဖလားအေၾကာင္းေျပာရန္ အရမ္းေစာေနတယ္လို႔ ဆိုလိုက္တဲ့ ဂႏၲ၀င္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္

ယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚေနတယ္လို႔ ေျပာဆိုရန္ အရမ္းေစာေနေသးတယ္လို႔ ဆာအဲလက္စ္ဖာဂူဆန္က ေျပာသြားပါတယ္။ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ပိုင္းပြဲေတြဆက္တိုက္ ရလဒ္ေတြ ေကာင္းခဲ့ၿပီး အမွတ္ေပးဇယားထိပ္ပိုင္းမွာ လီဗာပူးလ္အသင္းနဲ႔ အမွတ္တူ ဂိုးကြာနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ယူႏိုက္တက္အသင္းဟာ လီဗာပူးလ္အသင္းထက္ တစ္ပြဲေလ်ာ့ကစားထားၿပီး အဲ့ဒီပြဲကို ေနာက္တစ္ပတ္မွာ ဘန္ေလအသင္းနဲ႔ ကစားရမွာပါ။ လီဗာပူးလ္အသင္းကေတာ့ ေနာက္ဆံုး(၃) ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ့ၿပီး ဇန္နဝါရီ (၁၇) ရက္ေန႔မွာ အမွတ္ေပးဖလားလုပြဲလို႔ တင္စားၿပီးေျပာေနၾကတဲ့ ယူႏိုက္တက္ကို ဧည့္ခံကစားသြားရမွာျဖစ္ပါတယ္။

နည္းျပႀကီးဖာဂူဆန္ကေတာ့ အမွတ္ေပးဖလား စိန္ေခၚမႈ နဲ႔ပတ္သက္ၿပီး “ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္ဖို႔ဆိုတာ လြယ္ကူတဲ့အရာေတာ့မဟုတ္ပါဘူး။ ဒီလိုေန႔ရက္ေတြမွာဆိုရင္ ပိုၿပီး ခက္ခဲပါတယ္” လို႔ ေဒးလီးေမးလ္သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။