ယူနိုက်တက်တိုက်စစ်မှူး အစ်ဂ်ဟာလိုကို ပြိုင်ဘက် ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေ

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အစ်ဂ်ဟာလိုကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက ဒီလမှာပဲ ခေါ်ယူသွားနိုင်ဖွယ်ရှိနေပါတယ်။ စကိုင်းစပေါ့ သတင်းဌာနရဲ့ အဆိုအရ ကာတာနဲ့ ဆော်ဒီက ကလပ်အသင်းတွေဟာ ယူနိုက်တက်မှာ အငှားသွားကစားနေတဲ့ အစ်ဂ်ဟာလိုရဲ့ စာချုပ်သက်တမ်းက ဇန်နဝါရီ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်က အမည်မဖော်လိုတဲ့ ကလပ်အသင်း (၂) သင်းကလည်း စုံစမ်းနေတယ်လို့ သိရပါတယ်။ အစ်ဂ်ဟာလိုရဲ့ မိခင်ကလပ် ရှန်ဟိုင်းရှန်ဟွာနဲ့ စာချုပ်သက်တမ်းကလည်း ဒီဇင်ဘာလ (၃၁) ရက်နေ့အထိဖြစ်ပြီး အငှားစာချုပ်ကုန်ရင် အသင်းကို ပြန်လာမယ်လို့ မျှော်နေတာဖြစ်ပါတယ်။ တိုက်စစ်မှူးကတော့ တရုတ်ကလပ်ကနေ ထွက်ခွာချင်နေပေမယ့် အခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်နေတယ်လို့ သိရပါတယ်။

ယူႏိုက္တက္တိုက္စစ္မွဴး အစ္ဂ္ဟာလိုကို ၿပိဳင္ဘက္ ပရီးမီးယားလိဂ္အသင္းေတြက စိတ္၀င္စားေန

ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွဴး အစ္ဂ္ဟာလိုကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းေတြက ဒီလမွာပဲ ေခၚယူသြားႏိုင္ဖြယ္ရွိေနပါတယ္။ စကိုင္းစေပါ့ သတင္းဌာနရဲ႕ အဆိုအရ ကာတာနဲ႔ ေဆာ္ဒီက ကလပ္အသင္းေတြဟာ ယူႏိုက္တက္မွာ အငွားသြားကစားေနတဲ့ အစ္ဂ္ဟာလိုရဲ႕ စာခ်ဳပ္သက္တမး္က ဇန္နဝါရီ ၃၁ ရက္ေန႔မွာ သက္တမ္းကုန္ဆံုးမွာျဖစ္လို႔ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္က အမည္မေဖာ္လိုတဲ့ ကလပ္အသင္း (၂) သင္းကလည္း စံုစမ္းေနတယ္လို႔ သိရပါတယ္။ အစ္ဂ္ဟာလိုရဲ႕ မိခင္ကလပ္ ရွန္ဟိုင္းရွန္ဟြာနဲ႔ စာခ်ဳပ္သက္တမ္းကလည္း ဒီဇင္ဘာလ (၃၁) ရက္ေန႔အထိျဖစ္ၿပီး အငွားစာခ်ဳပ္ကုန္ရင္ အသင္းကို ျပန္လာမယ္လို႔ ေမွ်ာ္ေနတာျဖစ္ပါတယ္။ တိုက္စစ္မွဴးကေတာ့ တ႐ုတ္ကလပ္ကေန ထြက္ခြာခ်င္ေနေပမယ့္ အျခားအသင္းေတြဆီက ကမ္းလွမ္းမႈေတြကိုလည္း နားစြင့္ေနတယ္လို႔ သိရပါတယ္။