ယူနိုက်တက် နဲ့ မန်စီးတီးအသင်းဆီက စိတ်ဝင်စားမှု ခံရသော်လည်း ဘွန်ဒက်စ်လီဂါ ကနေ မထွက်ခွာချင်ဘူးလို့ ဆိုလိုက်တဲ့ ကိုးမန်း

ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ကိုးမန်းက ယူနိုက်တက် နဲ့ မန်စီးတီးအသင်းတို့က စိတ်ဝင်စားမှုကြောင့် ပျော်ရွှင်နေသော်လည်း မပြောင်းဘူးလို့ ပြောသွားခဲ့ပါတယ်။ ပြင်သစ်တောင်ပံကစားသမားဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၁၅) ပွဲကစားပြီးချိန်မှာ (၅) ဂိုးသွင်းပြီး (၉) ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်တွေကတည်းက ကိုးမန်းကို ဆက်သွယ်နေတာပါ။ အသက် ၂၄ နှစ်အရွယ်ကစားသမားကလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကြောင့် ပျော်ရွှင်သော်လည်း ဘိုင်ယန်မြူးနစ်အသင်းကနေ မထွက်ခွာချင်ဘူးလို့ ပြောသွားခဲ့ပါတယ်။

“ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံရတာ အရမ်းကောင်းပါတယ်။ အဲ့ဒါက ကျွန်တော့်ကို ယုံကြည်မှု တစ်ရပ်ပေးလိုက်သလိုပါပဲ။ ဒါပေမယ့် ကျွန်တော့်မှာ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေပါသေးတယ်။ ကျွန်တော် ဟာ ဘိုင်ယန်မြူးနစ်အသင်းအကြောင်းပဲ တွေပါတယ်။ အဲ့ဒါက ကောင်းပြီး ကျွန်တော်လည်း ပျော်ရွှင်ရပါတယ်” လို့ ကိုးမန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ယူႏိုက္တက္ နဲ႔ မန္စီးတီးအသင္းဆီက စိတ္၀င္စားမႈ ခံရေသာ္လည္း ဘြန္ဒက္စ္လီဂါ ကေန မထြက္ခြာခ်င္ဘူးလို႔ ဆိုလိုက္တဲ့ ကိုးမန္း

ဘိုင္ယန္ျမဴးနစ္ ၾကယ္ပြင့္ ကိုးမန္းက ယူႏိုက္တက္ နဲ႔ မန္စီးတီးအသင္းတို႔က စိတ္၀င္စားမႈေၾကာင့္ ေပ်ာ္ရႊင္ေနေသာ္လည္း မေျပာင္းဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ျပင္သစ္ေတာင္ပံကစားသမားဟာ ဒီရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ (၁၅) ပြဲကစားၿပီးခ်ိန္မွာ (၅) ဂိုးသြင္းၿပီး (၉) ဂိုးဖန္တီးေပးထားသူ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့အပတ္ေတြကတည္းက ကိုးမန္းကို ဆက္သြယ္ေနတာပါ။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားကလည္း ပရီးမီးယားလိဂ္ ထိပ္သီးကလပ္အသင္းေတြရဲ႕ ကမ္းလွမ္းမႈေၾကာင့္ ေပ်ာ္ရႊင္ေသာ္လည္း ဘိုင္ယန္ျမဴးနစ္အသင္းကေန မထြက္ခြာခ်င္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။

“ထိပ္သီးအသင္းေတြရဲ႕ စိတ္၀င္စားမႈကို ခံရတာ အရမ္းေကာင္းပါတယ္။ အဲ့ဒါက ကၽြန္ေတာ့္ကို ယံုၾကည္မႈ တစ္ရပ္ေပးလိုက္သလိုပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ့္မွာ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိေနပါေသးတယ္။ ကၽြန္ေတာ္ ဟာ ဘိုင္ယန္ျမဴးနစ္အသင္းအေၾကာင္းပဲ ေတြပါတယ္။ အဲ့ဒါက ေကာင္းၿပီး ကၽြန္ေတာ္လည္း ေပ်ာ္ရႊင္ရပါတယ္” လို႔ ကိုးမန္းက ေျပာခဲ့တာ ျဖစ္ပါတယ္။