ချဲလ်ဆီးအသင်းမှာ ကစားခွင့်မရတဲ့ ဒရင့်ဝါးတားကို ရှော်ကေး နဲ့ ကိုလုံး တို့ ဆက်သွယ်

ချဲလ်ဆီးအသင်းမှာ ပွဲကစားခွင့်မရတဲ့ ဒရင့်ဝါးတားကို ဘွန်ဒက်စ်လီဂါ ကလပ်အသင်းတွေက ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒရင့်ဝါးတားဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေ အသင်းနဲ့ အက်စတွန်ဗီလာအသင်းတွေထံ အငှားသွားရောက်ကစားခဲ့ပြီး ဒီရာသီမှာ ချဲလ်ဆီးအသင်းဆီ ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

သို့သော်လည်း သူဟာ ချဲလ်ဆီးအသင်းရဲ့ အသက် ၂၃ နှစ်အောက်အသင်းမှာပဲ ကစားခွင့်ရနေပါတယ်။ သတင်းများအရ ဒရင့်ဝါးတားကို ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်အသင်းတွေဖြစ်တဲ့ ရှော်ကေး နဲ့ ကိုလုံး တို့ (၂) သင်းစလုံးက ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလမှာ သူ့အသင်းနေနဲ့ အသင်းကနေ ထွက်ခွာလို့ရနိုင်မယ်ဆိုရင်တော့ ချဲလ်ဆီးအသင်းကလည်း သူ့ကို တားဆီးမှာ မဟုတ်ဘူးလို့ သိရပါတယ်။


