ရာသီအစတုန်းက မန်စီးတီးအသင်းဟာ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်ခဲ့တာလို့ ဆိုလိုက်တဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်း

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ရာသီအစက သူတို့ အသင်းဟာ အစမကောင်းခဲ့ပေမယ့် ယခုအခါ အလျင်အမြန်တိုးတက်လာပြီလို့ ပြောသွားခဲ့ပါတယ်။ ဒီဘရိုင်းဟာ တနင်္ဂနွေနေ့ မန်စီးတီးအသင်း ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲ၌ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။

သူက “ ကျွန်တော်တို့ ပြဿနာတွေ အများကြီးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒဏ်ရာ ပြဿနာတွေ နဲ့ ရာသီအကြို မှာ သေချာမပြင်ဆင်ခဲ့ရပါဘူး။ အသင်းက ရာသီအသစ်ကို စတင်ဖို့ ရုပ်ပိုင်းဆိုင်းရာ ရော၊ စိတ်ပိုင်းဆိုင်ရာရော အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့လအနည်းငယ် ဒဏ်ရာပြဿနာတွေ အနည်းငယ်ဖြေရှင်းနိုင်ခဲ့ပြီးနောက် ကျွန်တေ်ာတို့ဟာ ပုံစံမှန်လာခဲ့ပါတယ်။

နိုင်ပွဲအများစု ရရှိခဲ့ပြီးတော့ အမှတ်ပေးဇယားထိပ်ကို တဖြည်းဖြည်း တက်လာနိုင်ခဲ့ပါပြီ။ ဇန်နဝါရီမှာ (၈) ပွဲကစားရဖို့ ရှိနေပါတယ်။ အဲ့ဒါတွေက ခက်ခဲမှာဖြစ်ပေမယ့် အဲ့ဒါက အရေးအကြီးဆုံးအရာဖြစ်လို့ ကျွန်တော်တို့ဟာ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောသွားခဲ့ပါတယ်။

ရာသီအစတုန္းက မန္စီးတီးအသင္းဟာ ႐ုပ္ပိုင္းဆိုင္ရာ နဲ႔ စိတ္ပိုင္းဆိုင္ရာ အဆင္သင့္မျဖစ္ခဲ့တာလို႔ ဆိုလိုက္တဲ့ ကြင္းလယ္ဖန္တီးရွင္ ဒီဘ႐ိုင္း

မန္စီးတီး ကြင္းလယ္လူ ဒီဘ႐ိုင္းက ရာသီအစက သူတို႔ အသင္းဟာ အစမေကာင္းခဲ့ေပမယ့္ ယခုအခါ အလ်င္အျမန္တိုးတက္လာၿပီလို႔ ေျပာသြားခဲ့ပါတယ္။ ဒီဘ႐ိုင္းဟာ တနဂၤေႏြေန႔ မန္စီးတီးအသင္း ခ်ဲလ္ဆီးကို အႏိုင္ရခဲ့တဲ့ပြဲ၌ ေျခစြမ္းျပခဲ့သူ ျဖစ္ပါတယ္။

သူက “ ကၽြန္ေတာ္တို႔ ျပႆနာေတြ အမ်ားႀကီးကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒဏ္ရာ ျပႆနာေတြ နဲ႔ ရာသီအႀကိဳ မွာ ေသခ်ာမျပင္ဆင္ခဲ့ရပါဘူး။ အသင္းက ရာသီအသစ္ကို စတင္ဖို႔ ႐ုပ္ပိုင္းဆိုင္းရာ ေရာ၊ စိတ္ပိုင္းဆိုင္ရာေရာ အဆင္သင့္မျဖစ္ခဲ့ပါဘူး။  ၿပီးခဲ့တဲ့လအနည္းငယ္ ဒဏ္ရာျပႆနာေတြ အနည္းငယ္ေျဖရွင္းႏိုင္ခဲ့ၿပီးေနာက္ ကၽြန္ေတ္ာတို႔ဟာ ပံုစံမွန္လာခဲ့ပါတယ္။

ႏိုင္ပြဲအမ်ားစု ရရွိခဲ့ၿပီးေတာ့ အမွတ္ေပးဇယားထိပ္ကို တျဖည္းျဖည္း တက္လာႏိုင္ခဲ့ပါၿပီ။ ဇန္နဝါရီမွာ (၈) ပြဲကစားရဖို႔ ရွိေနပါတယ္။ အဲ့ဒါေတြက ခက္ခဲမွာျဖစ္ေပမယ့္ အဲ့ဒါက အေရးအႀကီးဆံုးအရာျဖစ္လို႔ ကၽြန္ေတာ္တို႔ဟာ အဆင္သင့္ျဖစ္ေနပါၿပီ” လို႔ ေျပာသြားခဲ့ပါတယ္။