ဂျူဗင်တပ်စ်မှာ အထိုင်ကျရန် ရုန်းကန်နေရတဲ့ နောက်ခံလူ ဒီမိုင်ရယ်လ်ကို ခေါ်ယူရန် လီဗာပူးလ် နဲ့ ရီးရဲလ်မက်ဒရစ်အသင်း စိတ်ဝင်စား

လီဗာပူးလ် ၊ ရီးရဲလ်မက်ဒရစ် နဲ့ စပါးအသင်းတို့ဟာ ဂျူဗင်တပ်စ်အသင်းမှာ အထိုင်ကျရန် ရုန်းကန်နေရတဲ့ နောက်ခံလူ ဒီမိုင်ရယ်လ်ရဲ့ သတင်းတွေကို နားစွင့်နေတယ်လို့ သိရပါတယ်။ သတင်းများအရ တူရကီလက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ နည်းပြသစ် ပီယာလို လက်အောက်၌ ပုံမှန်ပွဲကစားခွင့်ရရန် ပျောက်ဆုံးနေလို့ တူရင်မှာ ရှိနေတဲ့ သူ့အနာဂတ်ကို စဉ်းစားနေသူဖြစ်ပါတယ်။

ဒီလမှာ မထွက်ခွာဘူးဆိုရင် နောက်နွေရာသီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲမှာ တူရကီလက်ရွေးစင်အသင်းမှာ ရှိနေတဲ့ သူ့အနာဂတ်ကို စိုးရိမ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးလ်၊ စပါး နဲ့ လက်စတာအသင်းတို့ကလည်း ဒီမိုင်ရယ်လ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ သူ့ကို ပေါင်သန်း ၅၀ နဲ့ ရောင်းချချင်နေပါတယ်။ ဒီမိုင်ရယ်လ်ရဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ နွေရာသီအထိ ဖြစ်ပါတယ်။



