ဂရီလစ်ရှ်ကို ခေါ်လို့ရတာကြောင့် ပေါ့ဘာ ထွက်သွားလည်း ဂရုမစိုက်ဘူးလို့ ပြောခဲ့တဲ့ ရီယိုဖာဒီနန်


ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့အပြင် ကစားသမားကိုယ်တိုင်က ရီးရဲလ်မှာ ကစားချင်တယ်လို့ပြောထားတာကြောင့် ပေါ့ဘာအနေနဲ့ အသင်းက ထွက်သွားမယ် ဆိုရင်တောင် သူရဲ့နေရာမှာ အစားထိုးဖို့ အက်စ်တွန်ဗီလာက ဂရီလစ်ရှ်ကို ခေါ်ယူလို့ ရတာကြောင့် ဂရုစိုက်နေမှာမဟုတ် ကြောင်း ပြောခဲ့ပါတယ်။ ပေ့ါဘာ ဟာ အသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်းနေရသလို နေရာရဖို့လည်း အဆင်မပြေဖြစ်နေ တာကြောင့် အသင်းပြောင်းဖို့ သတင်းတွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။


ရီယိုဖာဒီနန်က “ အသင်းမှာ ပေါ့ဘာရဲ့နေရာက အရေးပါတယ်ဆိုပေမယ့် အစားထိုးဝင်ရောက်ကစားနိုင်တဲ့သူတွေ ရှိပါ တယ်။ သူရဲ့ အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာရဲ့ လုပ်ဆောင်မှုတွေကြောင့် အသင်းနဲ့ ကစားသမားကြားမှာ နားလည်မှုလွဲတာ တွေ ဖြစ်စေပါတယ်။ ပေါ့ဘာအနေနဲ့ အသင်းပြောင်းရွှေ့သွားမယ်ဆိုရင်တောင် အက်စ်တွန်ဗီလာက ဂရီလစ်ရှ်ကို အသင်း အနေနဲ့ ခေါ်ယူနိုင်တာကြောင့် သူအသင်းပြောင်းမှာကို ဂရုစိုက်နေစရာမလိုပါဘူး” လို့ ပြောသွားခဲ့ပါတယ်။


ဆက်လက်ပြီး ဖာဒီနန်က သူအနေနဲ့ ဂရီလစ်ရှ်နဲ့ ရင်းနှီးမှုရှိတာကြောင့် အသင်းကို ပြောင်းရွှေ့လာဖို့အတွက် တိုက်တွန်းနိုင် ကြောင်းလည်း ပြောခဲ့ပါတယ်။ ဖာဒီနန်က “ ဂရီလစ်ရှ်ကို သူအသက် ဆယ်ကျော်သက်ကတည်းက တွေခဲ့ဖူးပါတယ်။ ကျွန် တော်ရဲ့ စားသောက်ဆိုင်ကို လာရင်းနဲ့ သိခဲ့တာပါ။ သူက ဘောလုံးကို ရူးသွပ်တဲ့သူတစ်ဦးဖြစ်ပြီး အလုပ်ကို ကြိုးစားသူ လည်း ဖြစ်ပါတယ်။ သူရဲ့ကစားဟန်က ဘရာဇီးအသင်းက ရော်နယ်ဒင်ဟို၊ ဘာစီလိုနာက မက်ဆီတို့ရဲ့ ကစားဟန်နဲ့ ဆင် တူပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဂရီလစ္ရွ္ကို ေခၚလို႔ရတာေၾကာင့္ ေပါ့ဘာ ထြက္သြားလည္း ဂ႐ုမစိုက္ဘူးလို႔ ေျပာခဲ့တဲ့ ရီယိုဖာဒီနန္
ယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း တစ္ဦးျဖစ္တဲ့ ရီယိုဖာဒီနန္က အေျပာင္းအေရႊ႕သတင္းေတြထြက္ေနတဲ့အျပင္ ကစားသမားကိုယ္တိုင္က ရီးရဲလ္မွာ ကစားခ်င္တယ္လို႔ေျပာထားတာေၾကာင့္ ေပါ့ဘာအေနနဲ႔ အသင္းက ထြက္သြားမယ္ ဆိုရင္ေတာင္ သူရဲ႕ေနရာမွာ အစားထိုးဖို႔ အက္စ္တြန္ဗီလာက ဂရီလစ္ရွ္ကို ေခၚယူလို႔ ရတာေၾကာင့္ ဂ႐ုစိုက္ေနမွာမဟုတ္ ေၾကာင္း ေျပာခဲ့ပါတယ္။ ေပ့ါဘာ ဟာ အသင္းမွာ ပံုမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္းေနရသလို ေနရာရဖို႔လည္း အဆင္မေျပျဖစ္ေန တာေၾကာင့္ အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။
ရီယိုဖာဒီနန္က “ အသင္းမွာ ေပါ့ဘာရဲ႕ေနရာက အေရးပါတယ္ဆိုေပမယ့္ အစားထိုးဝင္ေရာက္ကစားႏိုင္တဲ့သူေတြ ရွိပါ တယ္။ သူရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ရြိဳင္အိုလာရဲ႕ လုပ္ေဆာင္မႈေတြေၾကာင့္ အသင္းနဲ႔ ကစားသမားၾကားမွာ နားလည္မႈလြဲတာ ေတြ ျဖစ္ေစပါတယ္။ ေပါ့ဘာအေနနဲ႔ အသင္းေျပာင္းေရႊ႕သြားမယ္ဆိုရင္ေတာင္ အက္စ္တြန္ဗီလာက ဂရီလစ္ရွ္ကို အသင္း အေနနဲ႔ ေခၚယူႏိုင္တာေၾကာင့္ သူအသင္းေျပာင္းမွာကို ဂ႐ုစိုက္ေနစရာမလိုပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး ဖာဒီနန္က သူအေနနဲ႔ ဂရီလစ္ရွ္နဲ႔ ရင္းႏွီးမႈရွိတာေၾကာင့္ အသင္းကို ေျပာင္းေရႊ႕လာဖို႔အတြက္ တိုက္တြန္းႏိုင္ ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ ဖာဒီနန္က “ ဂရီလစ္ရွ္ကို သူအသက္ ဆယ္ေက်ာ္သက္ကတည္းက ေတြခဲ့ဖူးပါတယ္။ ကြ်န္ ေတာ္ရဲ႕ စားေသာက္ဆိုင္ကို လာရင္းနဲ႔ သိခဲ့တာပါ။ သူက ေဘာလံုးကို ႐ူးသြပ္တဲ့သူတစ္ဦးျဖစ္ၿပီး အလုပ္ကို ႀကိဳးစားသူ လည္း ျဖစ္ပါတယ္။ သူရဲ႕ကစားဟန္က ဘရာဇီးအသင္းက ေရာ္နယ္ဒင္ဟို၊ ဘာစီလိုနာက မက္ဆီတို႔ရဲ႕ ကစားဟန္နဲ႔ ဆင္ တူပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။