ဗြိတိန်မှာ နိုင်ငံအတွင်း Lockdown ချမှုတွေရှိနေပေမယ့် ပရီးမီးယားလိဂ်အပါအဝင် တစ်နိုင်ငံလုံးက ဘောလုံးပွဲတွေကို ဆက်ကျင်းပမယ်


တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကို ပြန်လည်ခံစားနေရတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ နိုင်ငံအတွင်း Lockdown ကျမှု တွေရှိနေပေမယ့် ပရီးမီးယားလိဂ်အပါဝင် တစ်နိုင်ငံလုံးက ဘောလုံးပွဲတွေကိုတော့ ဆက်လက်ကျင်းပမှာ ဖြစ်တယ်ဆိုပြီး ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင် က ပြောကြားခဲ့ပါတယ်။ ကိုဗစ်ပြန်လည်ဖြစ်ပွားနေတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၂ ပတ်ခန့် ရပ်နားမယ်ဆိုပြီး သတင်းတွေက ဖော်ပြမှုရှိခဲ့ပါတယ်။


ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဘောလုံးလောကမှာ ရှိတဲ့သူတွေအနေနဲ့ ရော ဂါကူးစက်ခံရမှုရှိလာခဲ့ပေမယ့် အကောင်းဆုံးထိန်းချုပ်မှုတွေလုပ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံအပြင် စကော့ တလန်နိုင်ငံရဲ့ အစိုးရကပါ ဘောလုံးပွဲတွေ ဆက်ကျင်းပဖို့အတွက် ပါဝင်လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။ ဒီတ ပတ်မှာတော့ လိဂ်ပွဲစဉ်တွေကို အင်္ဂလန်နိုင်ငံရဲ့အသင်းတွေပါဝင်တဲ့ အက်ဖ်အေဖလားပွဲစဉ်တွေကိုတော့ ယှဉ်ပြိုင်ကစားမှာ ပဲ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့သူတွေအနေနဲ့ ခရစ္စမတ်ကာလအတွင်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ အတိုင်း မနေဘဲ ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ သတင်းတွေရဲ့ဖော်ပြ မှုအပြီးမှာ ပျော်ပွဲရွှင်ပွဲတွေမှာပါဝင်ခဲ့တဲ့ ကစားတွေအနေနဲ့ သက်ဆိုင်ရာအသင်းတွေရဲ့ စုံစမ်းခြင်းခံနေရတယ်လို့ သတင်း တွေက ဖော်ပြခဲ့ပါတယ်။ စစ်ဆေးခံနေရတဲ့ကစားသမားတွေက စပါးအသင်းက လာမီလာ၊ လိုဆယ်လိုနဲ့ ရီဂူလွန် ၊ ဝက်စ် ဟမ်းက လန်ဇီနီ၊ ဖူလ်ဟမ်က မီထရိုဗစ်၊ ခရစ္စတယ်ပဲလေ့စ်က မီလီဗိုဂျီဗစ်နဲ့ မန်စီးတီးက မန်ဒီတို့ပဲ ဖြစ်ပါတယ်။

zawgyi version

ၿဗိတိန္မွာ ႏိုင္ငံအတြင္း Lockdown ခ်မႈေတြရွိေနေပမယ့္ ပရီးမီးယားလိဂ္အပါအဝင္ တစ္ႏိုင္ငံလံုးက ေဘာလံုးပြဲေတြကို ဆက္က်င္းပမယ္
တစ္ကမ႓ာလံုးမွာ ျဖစ္ပြားေနတဲ့ ကိုဗစ္ေရာဂါကို ျပန္လည္ခံစားေနရတဲ့ ၿဗိတိန္ႏိုင္ငံအေနနဲ႔ ႏိုင္ငံအတြင္း Lockdown က်မႈ ေတြရွိေနေပမယ့္ ပရီးမီးယားလိဂ္အပါဝင္ တစ္ႏိုင္ငံလံုးက ေဘာလံုးပြဲေတြကိုေတာ့ ဆက္လက္က်င္းပမွာ ျဖစ္တယ္ဆိုၿပီး ဝန္ႀကီးခ်ဳပ္ ေဘာ္ရစ္ဂၽြန္ဆင္ က ေျပာၾကားခဲ့ပါတယ္။ ကိုဗစ္ျပန္လည္ျဖစ္ပြားေနတာေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ၂ ပတ္ခန္႔ ရပ္နားမယ္ဆိုၿပီး သတင္းေတြက ေဖာ္ျပမႈရွိခဲ့ပါတယ္။
ေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ တာဝန္ရွိသူေတြကလည္း ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ေဘာလံုးေလာကမွာ ရွိတဲ့သူေတြအေနနဲ႔ ေရာ ဂါကူးစက္ခံရမႈရွိလာခဲ့ေပမယ့္ အေကာင္းဆံုးထိန္းခ်ဳပ္မႈေတြလုပ္ႏိုင္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ အဂၤလန္ႏိုင္ငံအျပင္ စေကာ့ တလန္ႏိုင္ငံရဲ႕ အစိုးရကပါ ေဘာလံုးပြဲေတြ ဆက္က်င္းပဖို႔အတြက္ ပါဝင္လုပ္ေဆာင္လာတယ္လို႔လည္း သိရပါတယ္။ ဒီတ ပတ္မွာေတာ့ လိဂ္ပြဲစဥ္ေတြကို အဂၤလန္ႏိုင္ငံရဲ႕အသင္းေတြပါဝင္တဲ့ အက္ဖ္ေအဖလားပြဲစဥ္ေတြကိုေတာ့ ယွဥ္ၿပိဳင္ကစားမွာ ပဲ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ကစားေနတဲ့သူေတြအေနနဲ႔ ခရစၥမတ္ကာလအတြင္း သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြ အတိုင္း မေနဘဲ ေပ်ာ္ပြဲရႊင္ပြဲေတြမွာ ပါဝင္ပတ္သက္ခဲ့တာေၾကာင့္ ေရာဂါပိုးကူးစက္ခံခဲ့ရတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပ မႈအၿပီးမွာ ေပ်ာ္ပြဲရႊင္ပြဲေတြမွာပါဝင္ခဲ့တဲ့ ကစားေတြအေနနဲ႔ သက္ဆိုင္ရာအသင္းေတြရဲ႕ စံုစမ္းျခင္းခံေနရတယ္လို႔ သတင္း ေတြက ေဖာ္ျပခဲ့ပါတယ္။ စစ္ေဆးခံေနရတဲ့ကစားသမားေတြက စပါးအသင္းက လာမီလာ၊ လိုဆယ္လိုနဲ႔ ရီဂူလြန္ ၊ ဝက္စ္ ဟမ္းက လန္ဇီနီ၊ ဖူလ္ဟမ္က မီထ႐ိုဗစ္၊ ခရစၥတယ္ပဲေလ့စ္က မီလီဗိုဂ်ီဗစ္နဲ႔ မန္စီးတီးက မန္ဒီတို႔ပဲ ျဖစ္ပါတယ္။