လမ်းပတ်ကို ထုတ်မယ့်သတင်းတွေထွက်နေပေမယ့် အတွင်းသတင်းသိသူတွေက အသင်းပိုင်ရှင်အေဘရာမိုဗစ်အနေနဲ့ ရူးနေတဲ့သူမဟုတ်ဟု တုံ့ပြန်ခဲ့


ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြလမ်းပတ်ကို ထုတ်ပယ်ပြီး ပီအက်စ်ဂျီအသင်းနည်းပြဟောင်း တူချယ်ကို အစားထိုး ခန့်အပ်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ချဲလ်ဆီးအသင်းရဲ့ အတွင်းသတင်းသိသူတွေကတော့ အသင်းပိုင်ရှင်ဖြစ်တဲ့ အေဘရာမိုဗစ်အနေနဲ့ ရူးနေမှာသာ လမ်းပတ်ကို ထုတ်ပယ်လိမ့်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ကြပါ တယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ အသင်းရဲ့ရလဒ်ပိုင်းဆိုးရွားမှုတွေဖြစ်လာရင် နည်းပြတွေကို ထုတ်ပယ် တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့လကမှ ပီအက်စ်ဂျီအသင်းကနေ ရလဒ်ပိုင်းဆိုးရွားမှုကြောင့် ထုတ်ပယ်ခံထားရတဲ့ တူချယ်ကို ချဲလ်ဆီးအသင်းအနေ နဲ့ နည်းပြအဖြစ်ခန့်အပ်မှာ မဟုတ်ကြောင်းနဲ့ ရလဒ်ပိုင်းဆိုးရွားနေပေမယ့် လမ်းပတ်အနေနဲ့ ထုတ်ပယ်ခံရမှာမဟုတ် ကြောင်း အတွင်းသတင်းသိသူတွေက ပြောခဲ့ပါတယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ပေါင်သန်း ၂၃၀ ကျော်သုံးစွဲပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် အခုလိုရလဒ်ပိုင်းဆိုးရွားနေတဲ့အချိန်မှာ ဝေဖန်ခံနေရ တာ ဖြစ်တယ်လို့လည်း အတွင်းသတင်းသိသူတွေက ပြောခဲ့ပါတယ်။


ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ခြောက်ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ရှုံးပွဲလေးပွဲအထိ ကြုံတွေ့ခဲ့တာ ကြောင့် အသင်းအနေနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတယ်လို့ ဖော်ပြခံခဲ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ မန်စီးတီးအသင်း နဲ့ ပွဲစဉ်မှာ ချဲလ်ဆီးဟာ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် သုံးဂိုးတစ်ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ချန်ပီယံဆုအတွက် အဓိက ယှဉ်ပြိုင်နေရတဲ့ အသင်းတွေထဲတစ်သင်းကို ရှုံးခဲ့တယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

zawgyi version

လမ္းပတ္ကို ထုတ္မယ့္သတင္းေတြထြက္ေနေပမယ့္ အတြင္းသတင္းသိသူေတြက အသင္းပိုင္ရွင္ေအဘရာမိုဗစ္အေနနဲ႔ ႐ူးေနတဲ့သူမဟုတ္ဟု တုံ႔ျပန္ခဲ့
ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ နည္းျပလမ္းပတ္ကို ထုတ္ပယ္ၿပီး ပီအက္စ္ဂ်ီအသင္းနည္းျပေဟာင္း တူခ်ယ္ကို အစားထိုး ခန္႔အပ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ အတြင္းသတင္းသိသူေတြကေတာ့ အသင္းပိုင္ရွင္ျဖစ္တဲ့ ေအဘရာမိုဗစ္အေနနဲ႔ ႐ူးေနမွာသာ လမ္းပတ္ကို ထုတ္ပယ္လိမ့္မယ္လို႔ ျပန္လည္တံု႔ျပန္ခဲ့ၾကပါ တယ္။ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ဟာ အသင္းရဲ႕ရလဒ္ပိုင္းဆိုးရြားမႈေတြျဖစ္လာရင္ နည္းျပေတြကို ထုတ္ပယ္ တတ္သူတစ္ဦးလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လကမွ ပီအက္စ္ဂ်ီအသင္းကေန ရလဒ္ပိုင္းဆိုးရြားမႈေၾကာင့္ ထုတ္ပယ္ခံထားရတဲ့ တူခ်ယ္ကို ခ်ဲလ္ဆီးအသင္းအေန နဲ႔ နည္းျပအျဖစ္ခန္႔အပ္မွာ မဟုတ္ေၾကာင္းနဲ႔ ရလဒ္ပိုင္းဆိုးရြားေနေပမယ့္ လမ္းပတ္အေနနဲ႔ ထုတ္ပယ္ခံရမွာမဟုတ္ ေၾကာင္း အတြင္းသတင္းသိသူေတြက ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေပါင္သန္း ၂၃၀ ေက်ာ္သံုးစြဲၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ အခုလိုရလဒ္ပိုင္းဆိုးရြားေနတဲ့အခ်ိန္မွာ ေဝဖန္ခံေနရ တာ ျဖစ္တယ္လို႔လည္း အတြင္းသတင္းသိသူေတြက ေျပာခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ေျခာက္ပြဲမွာ တစ္ပြဲသာ အႏိုင္ရခဲ့ၿပီး ရႈံးပြဲေလးပြဲအထိ ၾကံဳေတြ႕ခဲ့တာ ေၾကာင့္ အသင္းအေနနဲ႔ ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနတယ္လို႔ ေဖာ္ျပခံခဲ့ရပါတယ္။ ေနာက္ဆံုးကစားခဲ့တဲ့ မန္စီးတီးအသင္း နဲ႔ ပြဲစဥ္မွာ ခ်ဲလ္ဆီးဟာ အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ သံုးဂိုးတစ္ဂိုးနဲ႔ ရႈံးခဲ့တာေၾကာင့္ ခ်န္ပီယံဆုအတြက္ အဓိက ယွဥ္ၿပိဳင္ေနရတဲ့ အသင္းေတြထဲတစ္သင္းကို ရႈံးခဲ့တယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။