၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံးပွဲမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် အဆင့်-၁ နေရာကနေ ဖယ်ပေးရဖို့ ဖြစ်လာတဲ့ လီဗာပူး


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ လီဗာပူးဟာ တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ်အတွက် ပထမဆုံးကစားခဲ့တဲ့ပွဲမှာ ရှုံးပွဲကြုံခဲ့သလို ဒီရာသီအတွက် ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ အဓိက,ကစားသမား အချို့ ဒဏ်ရာရနေတာကြောင့် အသင်းရဲ့ကစားကွက် ထိခိုက်မှုရှိစေခဲ့ပြီး ပရီးမီးယားနောက်ဆုံး ၃ ပွဲ ဆက်တို့ လီဗာပူးတို့ နိုင်ပွဲပျောက်ခဲ့တာ ဖြစ်ပါတယ်။


လက်ရှိမှာ အမှတ်ပေးဇယားကို လီဗာပူးက ယူနိုက်တက်နဲ့ ရမှတ်တူအနေအထားမှာ ဂိုးကွာခြားချက်နဲ့ ဦးဆောင်နေတယ် ဆိုပေမယ့် ယူနိုက်တက်အနေနဲ့ ကစားဖို့ တစ်ပွဲကျန်ရှိနေသေးတာကြောင့် လီဗာပူးအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာ ကို ဖယ်ပေးရဖို့ရှိနေတာဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့မှာ ကစားမယ့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အမှတ်ပေးဇယားမှာ နေရာအပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ခရစ္စတယ်ပဲလေ့စ်အသင်းကို ခုနှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲပြီးနောက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ် ၃ခုအတွင်း လီဗာပူးဟာ နိုင်ပွဲပျောက်ခဲ့သလို အသင်းရဲ့စွမ်းဆောင်ရည်ကလည်း သိသိသာသာကို ကျဆင်းသွားခဲ့ပါ တယ်။ ဒီပွဲစဉ် ၃ ခုမှာ လီဗာပူးအသင်းအနေနဲ့ ပြိုင်ဘက်အသင်းတွေကို ဂိုးပေါက်ခြိမ်းခြောက်မှု စုစုပေါင်း ၄၄ ကြိမ်ပြုလုပ် နိုင်ခဲ့ပေမယ့် သွင်းဂိုးကတော့ နှစ်ဂိုးပဲ ရရှိခဲ့တာဖြစ်ပါတယ်။

zawgyi version

၂၀၂၁ ခုႏွစ္ရဲ႕ ပထမဆံုးပြဲမွာ ရႈံးပြဲေတြ႕ခဲ့တာေၾကာင့္ အဆင့္-၁ ေနရာကေန ဖယ္ေပးရဖို႔ ျဖစ္လာတဲ့ လီဗာပူး
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ ပြဲစဥ္မွာ လီဗာပူးဟာ တစ္ဂိုးဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ၂၀၂၁ ခုႏွစ္အတြက္ ပထမဆံုးကစားခဲ့တဲ့ပြဲမွာ ရႈံးပြဲၾကံဳခဲ့သလို ဒီရာသီအတြက္ ဒုတိယေျမာက္ရႈံးပြဲၾကံဳေတြ႕ခဲ့တာပဲ ျဖစ္ပါတယ္။ အဓိက,ကစားသမား အခ်ိဳ႕ ဒဏ္ရာရေနတာေၾကာင့္ အသင္းရဲ႕ကစားကြက္ ထိခိုက္မႈရွိေစခဲ့ၿပီး ပရီးမီးယားေနာက္ဆံုး ၃ ပြဲ ဆက္တို႔ လီဗာပူးတို႔ ႏိုင္ပြဲေပ်ာက္ခဲ့တာ ျဖစ္ပါတယ္။
လက္ရွိမွာ အမွတ္ေပးဇယားကို လီဗာပူးက ယူႏိုက္တက္နဲ႔ ရမွတ္တူအေနအထားမွာ ဂိုးကြာျခားခ်က္နဲ႔ ဦးေဆာင္ေနတယ္ ဆိုေပမယ့္ ယူႏိုက္တက္အေနနဲ႔ ကစားဖို႔ တစ္ပြဲက်န္ရွိေနေသးတာေၾကာင့္ လီဗာပူးအေနနဲ႔ အမွတ္ေပးဇယားထိပ္ဆံုးေနရာ ကို ဖယ္ေပးရဖို႔ရွိေနတာျဖစ္ပါတယ္။ လာမယ့္ ဇန္နဝါရီ ၁၇ ရက္ေန႔မွာ ကစားမယ့္ ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈက အမွတ္ေပးဇယားမွာ ေနရာအေျပာင္းအလဲေတြ ျဖစ္လာႏိုင္တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ခရစၥတယ္ပဲေလ့စ္အသင္းကို ခုႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ပြဲၿပီးေနာက္ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူးကာလအတြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္ ၃ခုအတြင္း လီဗာပူးဟာ ႏိုင္ပြဲေပ်ာက္ခဲ့သလို အသင္းရဲ႕စြမ္းေဆာင္ရည္ကလည္း သိသိသာသာကို က်ဆင္းသြားခဲ့ပါ တယ္။ ဒီပြဲစဥ္ ၃ ခုမွာ လီဗာပူးအသင္းအေနနဲ႔ ၿပိဳင္ဘက္အသင္းေတြကို ဂိုးေပါက္ၿခိမ္းေျခာက္မႈ စုစုေပါင္း ၄၄ ႀကိမ္ျပဳလုပ္ ႏိုင္ခဲ့ေပမယ့္ သြင္းဂိုးကေတာ့ ႏွစ္ဂိုးပဲ ရရွိခဲ့တာျဖစ္ပါတယ္။