ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ဒရက်စ်လာကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ လိဒ်ယူနိုက်တက်

လိဒ်ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ဒရက်စ်လာကို ခေါ်ယူရန် မျက်စိကျနေပါတယ်။ သတင်းများအရ လိဒ်ယူနိုက်တက်အသင်းဟာ ဒရက်စ်လာကို လက်မှတ်ထိုးခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒရက်စ်လာဟာ ပြီးခဲ့တဲ့နွေရာသီကလည်း လိဒ်ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့ကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

သို့သော်လည်း ယခုအခါ လိဒ်ယူနိုက်တက်အသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမားကို အသင်းထံခေါ်ယူရန် ပြန်လည် စိတ်ဝင်စားလာတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီအသင်းရဲ့ ရာသီကုန်ရင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ နောက်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလို့ ရနိုင်ပြီး ဒီလမှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးလို့ရနေပြီလို့ သိရပါတယ်။


