အထောင်တိုက်စစ်မှူးနေရာမှာ ကစားသွားတဲ့ ဒီဘရိုင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲက ဒီဘရိုင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပါတယ်။ အထောင်တိုက်စစ်မှူးနေရာမှာ ကစားခဲ့တဲ့ ဒီဘရိုင်းဟာ (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲ၌ အနိုင်ဂိုး (၁) ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဂွါဒီယိုလာက “ ကီဗင်က နေရာအများကြီးမှာ ကစားနိုင်ပါတယ်။

သူလေ့ကျင့်ရေးဆင်းခဲ့တာတွေအတွက် ကျွန်တော်တို့ဟာ ကွင်းလယ်မှာ ဘာနာဒို နဲ့ အခြားကစားသမားတွေအများကြီး ပိုရှိစေချင်ပါတယ်။ ကျွန်တော်တို့ဟာ တန်ပြန်တိုက်စစ်ကို ကွင်းလယ် နဲ့ တောင်ပံကနေ တစ်ဆင့် သူနဲ့ လုပ်စေချင်ခဲ့တာပါ။ သူဟာ အရမ်းကောင်းခဲ့ပါတယ်။ သူရဲ့ စွမ်းအင်တွေနဲ့ အလုပ်ဖြစ်ခဲ့ပါတယ်။ သူတစ်ကယ်ကို ကောင်းကောင်းလုပ်ခဲ့ပါတယ်။ သူအဲ့ဒီမှာ ကောင်းကောင်းကစားနိုင်ပါတယ်။

သူဟာ တောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်ပြီး ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်လည်း ကစားနိုင်သူပါ။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး သံသယမဖြစ်ပါဘူး။ ကျွန်တော်တို့ဟာ ကီဗင်ဒီဘရိုင်းအကြောင်း ပြောနေတာဖြစ်ပါတယ်။ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မလောက်ပါဘူး” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။



