နှစ်သစ်ကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီလို့ ဝက်စ်ဘရွန်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဆိုလိုက်တဲ့ အာဆင်နယ်တောင်ပံကစားသမား ဆာကာ

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ဆာကာ က ဝက်စ်ဘရွန်းကို အနိုင်ရခဲ့တဲ့ပွဲက ၂၀၂၁ ကို အကောင်းဆုံး စတင်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ မနေ့ညက (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဆာကာ က အာဆင်နယ်အသင်းအတွက် အနိုင်ဂိုး (၁) ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

သူက “ နှစ်သစ်ကို အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ (၃) ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်တိုပ တည်ဆောက်ချင်သလို လုပ်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်လည်း တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီဂိုးတွေကို ကျွန်တော်နှစ်သက်ပါတယ်။ ပွဲချိန်အတွင်း ဘောလုံးအများအပြားထိနိုင်ခဲ့ပြီး အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်း စွမ်းဆောင်ရည်ပြန်လည်ကောင်းလာတာနဲ့ ပတ်သက်ပြီး ဆာကာ က “ ဒါက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပါပဲ။ ကျွန်တော်တို့ဟာ အနိုင်ရလောက်တဲ့အထိ ကောင်းခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ မရပ်တန့်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ယုံကြည်ချက်ရှိရှိနဲ့ ကစားနေတာဖြစ်ပါတယ်။ အဲ့ဒါကလည်း အခု အလုပ်ဖြစ်နေလို့ ကျွန်တော်ပျော်ရွှင်မိပါတယ်” လို့ ထပ်ပြီးပြောသွားခဲ့တာ ဖြစ်ပါတယ်။

ႏွစ္သစ္ကို အေကာင္းဆံုး စတင္ႏိုင္ခဲ့ၿပီလို႔ ၀က္စ္ဘရြန္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ဆိုလိုက္တဲ့ အာဆင္နယ္ေတာင္ပံကစားသမား ဆာကာ

အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား ဆာကာ က ၀က္စ္ဘရြန္းကို အႏိုင္ရခဲ့တဲ့ပြဲက ၂၀၂၁ ကို အေကာင္းဆံုး စတင္ႏိုင္ခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။ မေန႔ညက (၄-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဆာကာ က အာဆင္နယ္အသင္းအတြက္ အႏိုင္ဂိုး (၁) ဂိုး သြင္းယူေပးခဲ့သူ ျဖစ္ပါတယ္။

သူက “ ႏွစ္သစ္ကို အေကာင္းဆံုး စတင္ႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ (၃) ပြဲဆက္တိုက္ အႏိုင္ရခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ကၽြန္ေတာ္တိုပ တည္ေဆာက္ခ်င္သလို လုပ္ႏိုင္ခဲ့ပါတယ္။ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ အရမ္းကို ေပ်ာ္ရႊင္မိပါတယ္။ ကံေကာင္းစြာနဲ႔ ကၽြန္ေတာ္လည္း တစ္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အဲ့ဒီဂိုးေတြကို ကၽြန္ေတာ္ႏွစ္သက္ပါတယ္။ ပြဲခ်ိန္အတြင္း ေဘာလံုးအမ်ားအျပားထိႏိုင္ခဲ့ၿပီး အေကာင္းဆံုးကစားႏိုင္ခဲ့ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္း စြမ္းေဆာင္ရည္ျပန္လည္ေကာင္းလာတာနဲ႔ ပတ္သက္ၿပီး ဆာကာ က “ ဒါက ကၽြန္ေတာ္တို႔ရဲ႕ စိတ္ဓာတ္ပါပဲ။ ကၽြန္ေတာ္တို႔ဟာ အႏိုင္ရေလာက္တဲ့အထိ ေကာင္းခဲ့တယ္ဆိုတဲ့ ယံုၾကည္ခ်က္ကို ဘယ္ေတာ့မွ မရပ္တန္႔ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ဟာ ယံုၾကည္ခ်က္ရွိရွိနဲ႔ ကစားေနတာျဖစ္ပါတယ္။ အဲ့ဒါကလည္း အခု အလုပ္ျဖစ္ေနလို႔ ကၽြန္ေတာ္ေပ်ာ္ရႊင္မိပါတယ္” လို႔ ထပ္ၿပီးေျပာသြားခဲ့တာ ျဖစ္ပါတယ္။