အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ ရမှတ်တူနေတဲ့အတွက် ဝမ်းသာနေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ ရမှတ်တူသွားတဲ့အတွက် ဝမ်းသာနေပါတယ်။ လီဗာပူးလ်အသင်းကတော့ ဇယားထိပ်မှာ ဂိုးကွာခြားချက်နဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ ဆိုးလ်ရှားက “ ဟုတ်ပါတယ်၊ ကျွန်တော်တို့ လုပ်နေတဲ့ အရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်းပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့ တစ်နှစ်အတွင်းမှာ တိုးတက်လာတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မနှစ်က နှစ်သစ်မှာ အာဆင်နယ်အသင်းကို ရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပိုပိုပြီး တောင့်တင်းသထက် တောင့်တင်းလာပါပြီ။

ဒီကစားသမားတွေက အရမ်းကို ကောင်းကြပါတယ်။ သူတို့ဟာ သင်ယူနေပြီး အရေးပါတဲ့အရာကို ဆက်ပြီး သင်ယူလိုစိတ်ရှိကြပါတယ်။ သူတို့ဟာ နေ့တိုင်း အောင်ပွဲကို ဆာလောင်စိတ်နဲ့ ရောက်လာကြပါတယ်။ သူတို့ဟာ အာရုံစူးစိုက်မှု အပြည့်ရှိခဲ့ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်အတွက်လည်း “ သူဟာပင်နယ်တီကို ကန်ချင်နေပြီး ဒါက ပထမဆုံးအရာပါပဲ။ သူက လွဲချော်မှာကို ဘယ်တုန်းကမှ မစိုးရိမ်ပါဘူး။ သူဟာ ပင်နယ်တီကန်တဲ့နေရာမှာ အရမ်းကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ပါ” လို့ ထပ်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အမွတ္ေပးဇယားထိပ္ဆံုးက လီဗာပူးလ္အသင္းနဲ႔ ရမွတ္တူေနတဲ့အတြက္ ၀မ္းသာေနတဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အက္စတြန္ဗီလာအသင္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ အမွတ္ေပးဇယားထိပ္က လီဗာပူးလ္အသင္းန႔ဲ ရမွတ္တူသြားတဲ့အတြက္ ၀မ္းသာေနပါတယ္။ လီဗာပူးလ္အသင္းကေတာ့ ဇယားထိပ္မွာ ဂိုးကြာျခားခ်က္နဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။

ဆိုးလ္ရွားက “ ဟုတ္ပါတယ္၊ ကၽြန္ေတာ္တို႔ လုပ္ေနတဲ့ အရာနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ အရမ္းေပ်ာ္ရႊင္ရပါတယ္။ ကၽြန္ေတာ္တို႔ တစ္ႏွစ္အတြင္းမွာ တိုးတက္လာတယ္ဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ မႏွစ္က ႏွစ္သစ္မွာ အာဆင္နယ္အသင္းကို ရႈံးခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ သိသိသာသာ တိုးတက္လာခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ပိုပိုၿပီး ေတာင့္တင္းသထက္ ေတာင့္တင္းလာပါၿပီ။

ဒီကစားသမားေတြက အရမး္ကို ေကာင္းၾကပါတယ္။ သူတို႔ဟာ သင္ယူေနၿပီး အေရးပါတဲ့အရာကို ဆက္ၿပီး သင္ယူလိုစိတ္ရွိၾကပါတယ္။ သူတို႔ဟာ ေန႔တိုင္း ေအာင္ပြဲကို ဆာေလာင္စိတ္နဲ႔ ေရာက္လာၾကပါတယ္။ သူတို႔ဟာ အာရံုစူးစိုက္မႈ အျပည့္ရွိခဲ့ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

အႏိုင္ဂိုးသြင္းေပးခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္အတြက္လည္း “ သူဟာပင္နယ္တီကို ကန္ခ်င္ေနၿပီး ဒါက ပထမဆံုးအရာပါပဲ။ သူက လြဲေခ်ာ္မွာကို ဘယ္တုန္းကမွ မစိုးရိမ္ပါဘူး။  သူဟာ ပင္နယ္တီကန္တဲ့ေနရာမွာ အရမး္ကို ယံုၾကည္မႈရွိတဲ့သူတစ္ေယာက္ပါ” လို႔ ထပ္ေျပာသြားခဲ့တာ ျဖစ္ပါတယ္။