ရပ်ရှ်ဖိုဒ့် တိုးတက်လာတာနဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို ချီးကျူးသင့်တယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်ဂန္တဝင် အီယန်ရိုက်

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမား အီယန်ရိုက်က ရပ်ရှ်ဖိုဒ့် တိုးတက်လာတာနဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို ချီးကျူးသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ တစ်နေ့က ကစားခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ရပ်ရှ်ဖိုဒ့်ကို ဘယ်ခြမ်းကနေ ညာခြမ်းကို ပြောင်းလဲကစားခိုင်းတဲ့ ဆိုးလ်ရှားကို ချီးကျူးသင့်တယ်လို့ ထင်ပါတယ်။ ဘယ်ကနေ သူပြောင်းကစားလိုက်တဲ့အခါမှာ ပြိုင်ဘက်နောက်တန်းက တစ်ကယ်ကို ဒုက္ခရောက်သွားပါတယ်။ ရိုမန်ဆေ့စ် နဲ့ ထိသွားလို့ သူကံလည်းကောင်းခဲ့တာပါ။ ရိုမန်ဆေ့စ်က အဲ့ဒီပွဲမှာ ကောင်းခဲ့တဲ့သူတစ်ယောက်ပါ။ ရပ်ရှ်ဖိုဒ့်အတွက်တော့ အဲ့ဒီပွဲက ချီးကျူးရမှာပါ။ ပြီးတော့ အဲ့ဒီအတွက ်ဆိုးလ်ရှားကိုလည်း ချီးကျူးသင့်ပါတယ်” လို့ အီယန်ရိုက်က ပြောသွားခဲ့ပါတယ်။


