ယူနိုက်တက်နောက်ခံလူ ဖိုဆူမန်ဆာ ကို စိတ်ဝင်စားနေတဲ့ ဘွန်ဒက်စ်လီဂါကလပ် (၃) သင်း

ဘွန်ဒက်စ်လီဂါ ကလပ်အသင်း (၃) သင်းဟာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဖိုဆူမန်ဆာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဟော်လန်လက်ရွေးစင်နောက်ခံလူဟာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းတာကို ပယ်ချလိုက်ပြီး ၂၀၂၁ မှာ အိုးထရက်ဖိုဒ့်က ထွက်ခွာရန် အဆင်သင့်ဖြစ်နေသူ ဖြစ်ပါတယ်။

သတင်းများအရ ဖိုဆူမန်ဆာဟာ ဂျာမနီကို ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။ ဟာသာဘာလင် ၊ မိုချန်ဂလာဘတ် နဲ့ ဟော့ဖန်ဟိမ်းအသင်းတို့အားလုံးဟာ နောက်ခံလူရဲ့ အခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဟော်လန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀၈) မိနစ်သာ ကစားထားရပါတယ်။


