ဒီယေဂိုကော်စတာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် အာဆင်နယ်နဲ့ အပြိုင်ဖြစ်နေတဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်အသင်းဟာ ဒီယေဂိုကော်စတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် နီးစပ်နေပြီလို့ သိရပါတယ်။ ဒေးလီးမေးလ်က အဆိုအရ ဝုလ်ဗ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ခေါ်ယူရန်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တစ်ပတ်ပေါင် ၂ သိန်း ၇ သောင်း လစာ ပေးချေနေရတဲ့ စပိန်တိုက်စစ်မှူးကို အက်သလက်တီကိုမက်ဒရစ်အသင်းက အင်္ဂါနေ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုနဲ့ လမ်းခွဲလိုက်တာပါ။ ကော်စတာကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းတစ်သင်းဆီက ပြောင်းရွှေ့ပေးစရာမလိုပဲ ခေါ်ယူလို့ ရနိုင်ပြီဖြစ်ပါတယ်။

တိုက်စစ်မှူးကို အာဆင်နယ်အသင်းကလည်း ဆက်သွယ်နေတာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် ဝုလ်ဗ်အသင်းကလည်း ဆက်သွယ်လာပါပြီ။ ဝုလ်ဗ်အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ရာအူးလ်ဟီမီနက်ဇ်ဟာ ဦးခေါင်းခွံအက်ကွဲ ဒဏ်ရာကြောင့် လက်ရှိမှာ ပါဝင်ကစားလို့ မရနိုင်သေးတာဖြစ်လို့ အသက် ၃၂ နှစ်အရွယ်ကစားသမားကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဒီေယဂိုေကာ္စတာ ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ အာဆင္နယ္နဲ႔ အၿပိဳင္ျဖစ္ေနတဲ့ ဝုလ္ဗ္အသင္း

ဝုလ္ဗ္အသင္းဟာ ဒီေယဂိုေကာ္စတာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ နီးစပ္ေနၿပီလို႔ သိရပါတယ္။ ေဒးလီးေမးလ္က အဆိုအရ ဝုလ္ဗ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းလိုက္တဲ့ တိုက္စစ္မွဴး ဒီေယဂို ေကာ္စတာကို ေခၚယူရန္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

တစ္ပတ္ေပါင္ ၂ သိန္း ၇ ေသာင္း လစာ ေပးေခ်ေနရတဲ့ စပိန္တိုက္စစ္မွဴးကို အက္သလက္တီကိုမက္ဒရစ္အသင္းက အဂၤါေန႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈနဲ႔ လမ္းခြဲလိုက္တာပါ။ ေကာ္စတာကို လာမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းတစ္သင္းဆီက ေျပာင္းေရႊ႕ေပးစရာမလိုပဲ ေခၚယူလို႔ ရႏိုင္ၿပီျဖစ္ပါတယ္။

တိုက္စစ္မွဴးကို အာဆင္နယ္အသင္းကလည္း ဆက္သြယ္ေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ဝုလ္ဗ္အသင္းကလည္း ဆက္သြယ္လာပါၿပီ။ ဝုလ္ဗ္အသင္းရဲ႕ အဓိက တိုက္စစ္မွဴးတစ္ေယာက္ျဖစ္တဲ့ ရာအူးလ္ဟီမီနက္ဇ္ဟာ ဦးေခါင္းခြံအက္ကြဲ ဒဏ္ရာေၾကာင့္ လက္ရွိမွာ ပါ၀င္ကစားလို႔ မရႏိုင္ေသးတာျဖစ္လို႔ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားကို ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။