အမှတ်ပေးဖလားအကြောင်း ပြောဆိုရန် အရမ်းကို စောနေတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်ဂိုးသမား ဒီဂီယာ

ယူနိုက်တက် ဂိုးသမား ဒီဂီယာက အခုအချိန်က အမှတ်ပေးဖလားအကြောင်း ပြောဆိုရန် အရမ်းကို စောလွန်းနေတယ်လို့ ပြောသွားခဲ့ပါတယ်။ ဝုလ်ဗ်အသင်းကို မနေ့ညက အနိုင်ရခဲ့လို့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနောက် ဒုတိယနေရာကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မနေ့က အနိုင်ရခဲ့တဲ့ပွဲမှာ နာကျင်အချိန်ပို နောက်ဆုံးမိနစ်ရောက်မှ အနိုင်ဂိုးသွင်းယူခဲ့တာပါ။

“ အဆုံးအထိ တိုက်ခိုက်သွားရမှာဖြစ်ပါတယ်။ ဒီလိုရလဒ် နဲ့ ခြေစွမ်းကို ရာသီကုန်တဲ့အထိ ဆက်ပြီးထိန်းသိမ်းသွားမယ်လို့ ယုံကြည်နေပြီး ဒီနေ့လို့ အနိုင်ဂိုးတွေ ဆက်သွင်းဖို့ ကြိုးစားသွားရပါမယ်” လို့ ဒီဂီယာက ပြောသွားခဲ့ပါတယ်။ သို့သော်လည်း ဒီဂီယာက လက်ရှိမှာတော့ အမှတ်ပေးဖလားအကြောင်းပြောဆိုရန် ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ စိတ်အေးအေးထားရပါဦးမယ်၊ ပွဲတွေကစားဖို့က အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ဟာ ဖလားပွဲတွေလည်း အများကြီးကစားရဦးမှာ ဖြစ်ပါတယ်။ အရှေ့ကို ကြိုပြီး အာရုံစိုက်လို့မရပါဘူး။ နောက်ပွဲတွေကို အာရုံစိုက်ရမှာပဲ ဖြစ်ပါတယ်” လို့ ဒီဂီယာ ထပ်ပြီးပြောသွားခဲ့ပါတယ်။

အမွတ္ေပးဖလားအေၾကာင္း ေျပာဆိုရန္ အရမ္းကို ေစာေနတယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ဂိုးသမား ဒီဂီယာ

ယူႏိုက္တက္ ဂိုးသမား ဒီဂီယာက အခုအခ်ိန္က အမွတ္ေပးဖလားအေၾကာင္း ေျပာဆိုရန္ အရမ္းကို ေစာလြန္းေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဝုလ္ဗ္အသင္းကို မေန႔ညက အႏိုင္ရခဲ့လို႔ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ အမွတ္ေပးဇယားဦးေဆာင္ေနတဲ့ လီဗာပူးလ္အသင္းေနာက္ ဒုတိယေနရာကို ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ မေန႔က အႏိုင္ရခဲ့တဲ့ပြဲမွာ နာက်င္အခ်ိန္ပို ေနာက္ဆံုးမိနစ္ေရာက္မွ အႏိုင္ဂိုးသြင္းယူခဲ့တာပါ။

“ အဆံုးအထိ တိုက္ခိုက္သြားရမွာျဖစ္ပါတယ္။ ဒီလိုရလဒ္ နဲ႔ ေျခစြမ္းကို ရာသီကုန္တဲ့အထိ ဆက္ၿပီးထိန္းသိမ္းသြားမယ္လို႔ ယံုၾကည္ေနၿပီး ဒီေန႔လို႔ အႏိုင္ဂိုးေတြ ဆက္သြင္းဖို႔ ႀကိဳးစားသြားရပါမယ္” လို႔ ဒီဂီယာက ေျပာသြားခဲ့ပါတယ္။ သို႔ေသာ္လည္း ဒီဂီယာက လက္ရွိမွာေတာ့ အမွတ္ေပးဖလားအေၾကာင္းေျပာဆိုရန္ ျငင္းဆန္သြားခဲ့တာျဖစ္ပါတယ္။

“ ကၽြန္ေတာ္တို႔ စိတ္ေအးေအးထားရပါဦးမယ္၊ ပြဲေတြကစားဖို႔က အမ်ားႀကီး က်န္ပါေသးတယ္။ ကၽြန္ေတာ္တို႔ဟာ ဖလားပြဲေတြလည္း အမ်ားႀကီးကစားရဦးမွာ ျဖစ္ပါတယ္။ အေရွ႕ကို ႀကိဳၿပီး အာရံုစိုက္လို႔မရပါဘူး။ ေနာက္ပြဲေတြကို အာရံုစိုက္ရမွာပဲ ျဖစ္ပါတယ္” လို႔ ဒီဂီယာ ထပ္ၿပီးေျပာသြားခဲ့ပါတယ္။