၂ ပွဲဆက်နိုင်ပွဲရခဲ့ပေမယ့် အသင်းရဲ့ စီမံထားတဲ့အတိုင်း အပြောင်းအရွှေ့ကို ဆက်လုပ်သွားမယ်လို့ ပြောတဲ့ အာတီတာ


အာဆင်နယ်နည်းပြ အာတီတာက ချဲလ်ဆီး၊ ဘရိုက်တန်တို့ကို နှစ်ပွဲဆက် အနိုင်ရခဲ့တယ်ဆိုပေယ့် လာမယ့်ဇန်နဝါရီမှာ စီမံထားတဲ့ အပြောင်းအရွှေ့တိုင်း လုပ်ဆောင်သွားမှာဖြစ်ပြီး ရီးရဲလ်ကွင်းလယ်လူ အစ္စကို ခေါ်ယူဖို့ ပြင်ဆင်သွားမှာဖြစ် ကြောင်း ပြောခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲစဉ် ၂ ပွဲ မကစားခင် အမှတ်ပေးဇယား အဆင့်-၁၅ နေရာ ရောက်နေတာ ကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နည်းပြ အာတီတာလည်း ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် ခဲ့ပါတယ်။


ချဲလ်ဆီး၊ ဘရိုက်တန် တို့ကို ၂ ပွဲဆက်အနိုင်ရပြီးနောက်မှာတော့ အာဆင်နယ်ဟာ တန်းဆင်းဇုန်နဲ့ ၉ မှတ်အထိကွာဟ သွားတာကြောင့် ဖိအားလျော့သွားခဲ့ပြီး ထိပ်ဆုံး ၆ သင်းစာရင်းဝင်နိုင်ဖို့အတွက် မျှော်လင့်လာနိုင်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ကစားသမား ၇ ယောက်လောက် အထိ ထွက်ဖို့ရှိနေပြီး ရီးရဲလ်ကွင်းလယ်လူ အစ္စကိုခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


အာဆင်နယ်နည်းပြ အာတီတာက “ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲဆက်အနိုင်ရခဲ့တာကြောင့် ဖိအားတွေနည်းနည်းလျော့ သွားတယ်ဆိုပေမယ့် အပြောင်းအရွှေ့မှာစီမံထားတဲ့အတိုင်း လုပ်ဆောင်သွားမှာပါ။ အသင်းကနေ ကစားသမားအချို့ ထွက်သွားဖို့ ရှိနေပြီး အသင်းရဲ့လိုအပ်နေတဲ့နေရာအတွက် အစ္စကို,ကို ခေါ်ယူသွားဖို့ ရှိနေပါတယ်။ အစ္စကနဲ့ သီးသန့် ပြောဆိုထားတာတွေ မရှိသေးပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

၂ ပြဲဆက္ႏိုင္ပြဲရခဲ့ေပမယ့္ အသင္းရဲ႕ စီမံထားတဲ့အတိုင္း အေျပာင္းအေရႊ႕ကို ဆက္လုပ္သြားမယ္လို႔ ေျပာတဲ့ အာတီတာ
အာဆင္နယ္နည္းျပ အာတီတာက ခ်ဲလ္ဆီး၊ ဘ႐ိုက္တန္တို႔ကို ႏွစ္ပြဲဆက္ အႏိုင္ရခဲ့တယ္ဆိုေပယ့္ လာမယ့္ဇန္နဝါရီမွာ စီမံထားတဲ့ အေျပာင္းအေရႊ႕တိုင္း လုပ္ေဆာင္သြားမွာျဖစ္ၿပီး ရီးရဲလ္ကြင္းလယ္လူ အစၥကို ေခၚယူဖို႔ ျပင္ဆင္သြားမွာျဖစ္ ေၾကာင္း ေျပာခဲ့ပါတယ္။ အာဆင္နယ္ဟာ ဒီပြဲစဥ္ ၂ ပြဲ မကစားခင္ အမွတ္ေပးဇယား အဆင့္-၁၅ ေနရာ ေရာက္ေနတာ ေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး နည္းျပ အာတီတာလည္း ထုတ္ပယ္ခံရႏိုင္တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚ ခဲ့ပါတယ္။
ခ်ဲလ္ဆီး၊ ဘ႐ိုက္တန္ တို႔ကို ၂ ပြဲဆက္အႏိုင္ရၿပီးေနာက္မွာေတာ့ အာဆင္နယ္ဟာ တန္းဆင္းဇုန္နဲ႔ ၉ မွတ္အထိကြာဟ သြားတာေၾကာင့္ ဖိအားေလ်ာ့သြားခဲ့ၿပီး ထိပ္ဆံုး ၆ သင္းစာရင္းဝင္ႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္လာႏိုင္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္ဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကေန ကစားသမား ၇ ေယာက္ေလာက္ အထိ ထြက္ဖို႔ရွိေနၿပီး ရီးရဲလ္ကြင္းလယ္လူ အစၥကိုေခၚယူဖို႔ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။
အာဆင္နယ္နည္းျပ အာတီတာက “ ေနာက္ဆံုးကစားခဲ့တဲ့ ၂ ပြဲဆက္အႏိုုင္ရခဲ့တာေၾကာင့္ ဖိအားေတြနည္းနည္းေလ်ာ့ သြားတယ္ဆိုေပမယ့္ အေျပာင္းအေရႊ႕မွာစီမံထားတဲ့အတိုင္း လုပ္ေဆာင္သြားမွာပါ။ အသင္းကေန ကစားသမားအခ်ိဳ႕ ထြက္သြားဖို႔ ရွိေနၿပီး အသင္းရဲ႕လိုအပ္ေနတဲ့ေနရာအတြက္ အစၥကို,ကို ေခၚယူသြားဖို႔ ရွိေနပါတယ္။ အစၥကနဲ႔ သီးသန္႔ ေျပာဆိုထားတာေတြ မရွိေသးပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။