အေဘရာမိုဗစ် ဝယ်ယူပြီးနောက် ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်အညံဆုံးနည်းပြနေရာမှာ ဘိုအက်စ်နဲ့အတူ ရောက်သွားတဲ့ လမ်းပတ်


၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းကို ရုရှားသူဌေး အေဘရာမိုဗစ် ဝယ်ယူပြီးနောက် ကစားသမားကောင်းတွေကို ခေါ်ယူခဲ့ သလို နည်းပြကောင်းတွေကိုလည်း ခေါ်ယူခဲ့ပါတယ်။ အသင်းရဲ့ရလဒ်ပိုင်းစွမ်းဆောင်ရည်မကောင်းရင် နည်းပြတွေကို ထုတ်ပယ်လေ့ရှိတဲ့ အေဘရာမိုဗစ်ရဲ့ ချဲလ်ဆီးအသင်းမှာတော့ လက်ရှိနည်းပြဖြစ်တဲ့ လမ်းပတ်က နည်းပြဟောင်း ဘိုအက်စ်နဲ့အတူ စွမ်းဆောင်ရည်အညံ့ဆုံးနည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါ တယ်။

အချက်အလက်မှတ်တမ်းတွေကို စစ်တမ်းကောက်ယူတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တွက်ချက်မှုတွေအရ အေဘရာမိုဗစ်လက် ထက် နည်းပြတွေရဲ့ ကိုင်တွယ်ခဲ့တဲ့ပွဲအရေအတွက်ကို ရာခိုင်နှုန်းချကြည့်ရမှာ ၅၄ ပွဲကိုင်တွယ်ထားတဲ့ လမ်းပတ်က ၂၇ ပွဲ နိုင် ၁၁ ပွဲသရေနဲ့ ၁၆ ပွဲရှုံးခဲ့တာကြောင့် ၅၀ ရာခိုင်နှုန်းသာ နိုင်ပွဲရခဲ့ပြီး တစ်ပွဲပျမ်းမျှအမှတ်ကတော့ ၁.၇ မှတ်သာ ရရှိခဲ့ပါ တယ်။ လမ်းပတ်အနေနဲ့ နည်းပြဟောင်းဘိုအက်စ်နဲ့ တူခဲ့တယ်ဆိုပေမယ့် ဘိုအက်စ်က ၂၇ ပွဲကိုင်တွယ်ခဲ့ပြီး ၄၈ ရာခိုင်နှုန်း သာ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို နှစ်ခါကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုကတော့ အေဘရာမိုဗစ်လက်ထက် စွမ်းဆောင်ရည်အကောင်းဆုံးနည်း ပြတွေထဲမှာ ဒုတိယနေရာမှာရှိနေပါတယ်။ မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို ၂၁၂ ပွဲကိုင်တွယ်ခဲ့ပြီး ၆၆ ရာခိုင်နှုန်းအနိုင် ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့် မော်ရင်ဟိုရဲ့ တစ်ပွဲပျမ်းမျှရမှတ်က ၂.၁၉ မှတ်အထိရှိခဲ့ပြီး သူထက်စွမ်း ဆောင်ရည်ကောင်းတဲ့ နည်းပြကတော့ အေဘရမ်ဂရန့် ပဲဖြစ်ပါတယ်။ အေဘရမ်ဂရန့်ဟာ အသင်းကို ၃၂ ပွဲကိုင်တွယ်ခဲ့ရာ မှာတော့ အနိုင်ရအောင် ၆၉ ရာခိုင်နှုန်းစွမ်းဆောင်နိုင်ခဲ့ပြီး သူရဲ့ တစ်ပွဲပျမ်းမျှရလဒ်ကတော့ ၂.၃၁ အထိ ရှိခဲ့တာပဲ ဖြစ်ပါ တယ်။

zawgyi version

ေအဘရာမိုဗစ္ ဝယ္ယူၿပီးေနာက္ ခ်ဲလ္ဆီးအသင္းရဲ႕ စြမ္းေဆာင္ရည္အညံဆံုးနည္းျပေနရာမွာ ဘိုအက္စ္နဲ႔အတူ ေရာက္သြားတဲ့ လမ္းပတ္
၂၀၀၃ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းကို ႐ုရွားသူေဌး ေအဘရာမိုဗစ္ ဝယ္ယူၿပီးေနာက္ ကစားသမားေကာင္းေတြကို ေခၚယူခဲ့ သလို နည္းျပေကာင္းေတြကိုလည္း ေခၚယူခဲ့ပါတယ္။ အသင္းရဲ႕ရလဒ္ပိုင္းစြမ္းေဆာင္ရည္မေကာင္းရင္ နည္းျပေတြကို ထုတ္ပယ္ေလ့ရွိတဲ့ ေအဘရာမိုဗစ္ရဲ႕ ခ်ဲလ္ဆီးအသင္းမွာေတာ့ လက္ရွိနည္းျပျဖစ္တဲ့ လမ္းပတ္က နည္းျပေဟာင္း ဘိုအက္စ္နဲ႔အတူ စြမ္းေဆာင္ရည္အညံ့ဆံုးနည္းျပ အျဖစ္ မွတ္တမ္းဝင္ခဲ့တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရသိရပါ တယ္။
အခ်က္အလက္မွတ္တမ္းေတြကို စစ္တမ္းေကာက္ယူတဲ့ အဖြဲ႕အစည္းတစ္ခုရဲ႕ တြက္ခ်က္မႈေတြအရ ေအဘရာမိုဗစ္လက္ ထက္ နည္းျပေတြရဲ႕ ကိုင္တြယ္ခဲ့တဲ့ပြဲအေရအတြက္ကို ရာခိုင္ႏႈန္းခ်ၾကည့္ရမွာ ၅၄ ပြဲကိုင္တြယ္ထားတဲ့ လမ္းပတ္က ၂၇ ပြဲ ႏိုင္ ၁၁ ပြဲသေရနဲ႔ ၁၆ ပြဲရႈံးခဲ့တာေၾကာင့္ ၅၀ ရာခိုင္ႏႈန္းသာ ႏိုင္ပြဲရခဲ့ၿပီး တစ္ပြဲပ်မ္းမွ်အမွတ္ကေတာ့ ၁.၇ မွတ္သာ ရရွိခဲ့ပါ တယ္။ လမ္းပတ္အေနနဲ႔ နည္းျပေဟာင္းဘိုအက္စ္နဲ႔ တူခဲ့တယ္ဆိုေပမယ့္ ဘိုအက္စ္က ၂၇ ပြဲကိုင္တြယ္ခဲ့ၿပီး ၄၈ ရာခိုင္ႏႈန္း သာ ႏိုင္ပြဲရခဲ့တာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းကို ႏွစ္ခါကိုင္တြယ္ခဲ့တဲ့ ေမာ္ရင္ဟိုကေတာ့ ေအဘရာမိုဗစ္လက္ထက္ စြမ္းေဆာင္ရည္အေကာင္းဆံုးနည္း ျပေတြထဲမွာ ဒုတိယေနရာမွာရွိေနပါတယ္။ ေမာ္ရင္ဟိုဟာ ခ်ဲလ္ဆီးအသင္းကို ၂၁၂ ပြဲကိုင္တြယ္ခဲ့ၿပီး ၆၆ ရာခိုင္ႏႈန္းအႏိုင္ ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္ ေမာ္ရင္ဟိုရဲ႕ တစ္ပြဲပ်မ္းမွ်ရမွတ္က ၂.၁၉ မွတ္အထိရွိခဲ့ၿပီး သူထက္စြမ္း ေဆာင္ရည္ေကာင္းတဲ့ နည္းျပကေတာ့ ေအဘရမ္ဂရန္႔ ပဲျဖစ္ပါတယ္။ ေအဘရမ္ဂရန္႔ဟာ အသင္းကို ၃၂ ပြဲကိုင္တြယ္ခဲ့ရာ မွာေတာ့ အႏိုင္ရေအာင္ ၆၉ ရာခိုင္ႏႈန္းစြမ္းေဆာင္ႏိုင္ခဲ့ၿပီး သူရဲ႕ တစ္ပြဲပ်မ္းမွ်ရလဒ္ကေတာ့ ၂.၃၁ အထိ ရွိခဲ့တာပဲ ျဖစ္ပါ တယ္။