ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ ဝုဗ်ကို အနိုင်ရပြီး အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်လာခဲ့တဲ့ ယူနိုက်တက်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုတက်ဟာ ဝုလ်ဗာဟမ်တန်အသင်းကို အိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်ပေမယ့် ရုန်းကန်းခဲ့ရပြီး ပွဲပြီးခါနီးမှ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ ဝုလ်ဗာဟမ်တန်ကို အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ လက်ရှိအမှတ်ပေးဇယားမှာတော့ အဆင့်-၂ နေရာကို ရောက်ရှိလာခဲ့ပြီး ဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၂ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။


ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန်ရှိခဲ့စဉ်ကအတိုင်း ယူနိုက်တက်အသင်းရဲ့ပွဲရလဒ်ကို ပွဲပြီး ခရာမမှုတ်မချင်း ပြောလို့ မရသေးဘူးလို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပြီး ဒီပွဲမှာလည်း ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန် လာရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ အနိုင်ဂိုးသွင်းယူပြီးချိန်မှာတော့ ဖာဂူဆန်အနေနဲ့ မျက်နှာကိုအကာအကွယ် တပ်ဆင်ထားပေမယ့် ပြုံးနေခဲ့တယ်ဆိုပြီးတော့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။


ဂိုးမရှိရလဒ်နဲ့ ပွဲပြီးဆုံးတော့မယ်လို့ အားလုံးထင်ထားချိန်မှာ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေတဆင့် ရက်ရှ်ဖို့ဒ်က အနိုင်ဂိုးသွင်း ယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဝုလ်ဗာဟမ်တန်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ယူနိုက်တက်ကို အခက်တွေ့အောင် ကစားနိုင်တဲ့အသင်းဖြစ်တာကြောင့် ဒီပွဲမတိုင်ခင်တုန်းက ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာကစားရတာဖြစ်ပေမယ့် အမှတ် လျော့နိုင်ကြောင်း မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

zawgyi version

ရက္ရွ္ဖို႔ဒ္ရဲ႕ ေနာက္က်သြင္းဂိုးနဲ႔ ဝုဗ္ကို အႏိုင္ရၿပီး အမွတ္ေပးဇယား ဒုတိယေနရာကို ေရာက္လာခဲ့တဲ့ ယူႏိုက္တက္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ယူႏိုတက္ဟာ ဝုလ္ဗာဟမ္တန္အသင္းကို အိမ္ကြင္းမွာ ကစားခဲ့ရတာျဖစ္ေပမယ့္ ႐ုန္းကန္းခဲ့ရၿပီး ပြဲၿပီးခါနီးမွ တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္သြင္းယူတဲ့ တစ္လံုးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့ ပါတယ္။ ဝုလ္ဗာဟမ္တန္ကို အႏိုင္ရခဲ့တာေၾကာင့္ ယူႏိုက္တက္ဟာ လက္ရွိအမွတ္ေပးဇယားမွာေတာ့ အဆင့္-၂ ေနရာကို ေရာက္ရွိလာခဲ့ၿပီး ဇယားထိပ္ဆံုးက လီဗာပူးအသင္းနဲ႔ ၂ မွတ္ပဲ ကြာဟေတာ့တာ ျဖစ္ပါတယ္။
ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္ရွိခဲ့စဥ္ကအတိုင္း ယူႏိုက္တက္အသင္းရဲ႕ပြဲရလဒ္ကို ပြဲၿပီး ခရာမမႈတ္မခ်င္း ေျပာလို႔ မရေသးဘူးလို႔ မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ၾကၿပီး ဒီပြဲမွာလည္း ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္ လာေရာက္ ၾကည့္ရႈခဲ့တယ္လို႔ သိရပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ အႏိုင္ဂိုးသြင္းယူၿပီးခ်ိန္မွာေတာ့ ဖာဂူဆန္အေနနဲ႔ မ်က္ႏွာကိုအကာအကြယ္ တပ္ဆင္ထားေပမယ့္ ျပံဳးေနခဲ့တယ္ဆိုၿပီးေတာ့ သတင္းေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။
ဂိုးမရွိရလဒ္နဲ႔ ပြဲၿပီးဆံုးေတာ့မယ္လို႔ အားလံုးထင္ထားခ်ိန္မွာ ဖာနန္ဒက္စ္ရဲ႕ ေပးပို႔မႈကေနတဆင့္ ရက္ရွ္ဖို႔ဒ္က အႏိုင္ဂိုးသြင္း ယူေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဝုလ္ဗာဟမ္တန္အသင္းဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ယူႏိုက္တက္ကို အခက္ေတြ႕ေအာင္ ကစားႏိုင္တဲ့အသင္းျဖစ္တာေၾကာင့္ ဒီပြဲမတိုင္ခင္တုန္းက ယူႏိုက္တက္အေနနဲ႔ အိမ္ကြင္းမွာကစားရတာျဖစ္ေပမယ့္ အမွတ္ ေလ်ာ့ႏိုင္ေၾကာင္း မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။