နယူးကာဆယ်အသင်းနဲ့ ကစားမယ့်ပွဲ လူစာရင်း မှာ လီဗာပူးလ်ကွင်းလယ်လူ သီယာဂိုပါဝင်

လီဗာပူးလ်ကွင်းလယ်လူ သီယာဂိုဟာ နယူးကာဆယ်အသင်းနဲ့ ကစားမယ့်ပွဲလူစာရင်းမှာ ပါဝင်လာပါတယ်။ သတင်းများအရ သီယာဂိုဟာ နယူးကာဆယ်နဲ့ကစားမယ့်ပွဲမှာ ပါဝင်ပွဲထွက်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမားဟာ အောက်တိုဘာလက အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ် ဒါဘီပွဲပြီးကတည်းက ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရသူပါ။

သို့သော်လည်း စပိန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ရေးပြန်ဆင်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သတင်းများအရ နည်းပြ ယာဂင်ကလော့ပ်ကတော့ ဘာမှမပြောထားတာဖြစ်လို့ သီယာဂိုဟာ တနလာၤနေ့ ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ ပွဲမှသာ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

နယူးကာဆယ္အသင္းနဲ႔ ကစားမယ့္ပြဲ လူစာရင္း မွာ လီဗာပူးလ္ကြငး္လယ္လူ သီယာဂိုပါ၀င္

လီဗာပူးလ္ကြငး္လယ္လူ သီယာဂိုဟာ နယူးကာဆယ္အသင္းနဲ႔ ကစားမယ့္ပြဲလူစာရင္းမွာ ပါ၀င္လာပါတယ္။ သတင္းမ်ားအရ သီယာဂိုဟာ နယူးကာဆယ္နဲ႔ကစားမယ့္ပြဲမွာ ပါ၀င္ပြဲထြက္ဖြယ္ရွိေနတာ ျဖစ္ပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဘိုင္ယန္ျမဴးနစ္အသင္းကေန ေခၚယူထားတဲ့ ကြင္းလယ္ကစားသမားဟာ ေအာက္တိုဘာလက အဲဗာတန္အသင္းနဲ႔ မာေဆးဆိုဒ္ ဒါဘီပြဲၿပီးကတည္းက ဒူးဒဏ္ရာေၾကာင့္ အနားယူခဲ့ရသူပါ။

သို႔ေသာ္လည္း စပိန္လက္ေရြးစင္ကစားသမားဟာ ၿပီးခဲ့တဲ့အပတ္က ေလ့က်င့္ေရးျပန္ဆင္းခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္သတင္းမ်ားအရ နည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ ဘာမွမေျပာထားတာျဖစ္လို႔ သီယာဂိုဟာ တနလာၤေန႔ ကစားမယ့္ ေဆာက္သမ္တန္အသင္းနဲ႔ ပြဲမွသာ ပါ၀င္ကစားႏိုင္ဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။