ဝုလ်ဗ်နဲ့ ပွဲအတွက် နှင်းတောထဲ လေ့ကျင့်ရေးဆင်းနေတဲ့ ယူနိုက်တက်ကြယ်ပွင့်များ

နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းနဲ့ကစားမယ့်ပွဲအတွက် နှင်းတောထဲမှာတောင် လေ့ကျင့်ရေးဆင်းနေတာကို မြင်တွေ့နေရပါတယ်။ နှစ်သစ်မှာ အက်စတွန်ဗီလာအသင်းနဲ့ မကစားခင် အင်္ဂါနေ့ညမှာ ဝုလ်ဗ်အသင်းကို ဧည့်ခံကစားရမယ့် ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်အသင်းကို မီအောင် လိုက်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟ ာလက်ရှိချန်ပီယံလီဗာပူးလ်အသင်းနောက်မှာ (၅) မှတ်ကွာနေပြီး တစ်ပွဲလျော့အနေအထားကိုရောက်နေပါတယ်။ မက်ဂွဲရား၊ ဘရူနိုဖာနန်ဒက်စ် နဲ့ ရပ်ရှ်ဖိုဒ့်တို့ဟာ နွေးနွေးထွေးထွေးဝတ်ဆင်ထားကြပြီး လေ့ကျင့်ရေးဆင်းနေတာ ဖြစ်ပါတယ်။ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာလည်း ကာဗာနီ ပါဝင်ပွဲထွက်လာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ လူမှုကွန်ယက်မှာ လူမျိုးရေးခွဲခြားတဲ့ ပိုစ့်ကို တင်ခဲ့တဲ့အတွက် (၃) ပွဲပယ် အပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး (၂) ပွဲကျန်ရှိနေသေးတာဖြစ်ပါတယ်။ ကာဗာနီဟာ လက်စတာအသင်းနဲ့ စနေနေ့က (၂-၂) သရေကျခဲ့တဲ့ပွဲမှာလည်း အရန်ခုံကနေ ဝင်ကစားခဲ့ပြီး အသင်းအတွက် (၁) ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဝုလ္ဗ္နဲ႔ ပြဲအတြက္ ႏွင္းေတာထဲ ေလ့က်င့္ေရးဆင္းေနတဲ့ ယူႏိုက္တက္ၾကယ္ပြင့္မ်ား

နည္းျပဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အသင္းဟာ ဝုလ္ဗ္အသင္းနဲ႔ကစားမယ့္ပြဲအတြက္ ႏွင္းေတာထဲမွာေတာင္ ေလ့က်င့္ေရးဆင္းေနတာကို ျမင္ေတြ႕ေနရပါတယ္။ ႏွစ္သစ္မွာ အက္စတြန္ဗီလာအသင္းနဲ႔ မကစားခင္ အဂၤါေန႔ညမွာ ဝုလ္ဗ္အသင္းကို ဧည့္ခံကစားရမယ့္ ယူႏိုက္တက္အသင္းဟာ အမွတ္ေပးဇယားထိပ္က လီဗာပူးလ္အသင္းကို မီေအာင္ လိုက္ေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟ ာလက္ရွိခ်န္ပီယံလီဗာပူးလ္အသင္းေနာက္မွာ (၅) မွတ္ကြာေနၿပီး တစ္ပြဲေလ်ာ့အေနအထားကိုေရာက္ေနပါတယ္။ မက္ဂြဲရား၊ ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ ရပ္ရွ္ဖိုဒ့္တို႔ဟာ ေႏြးေႏြးေထြးေထြး၀တ္ဆင္ထားၾကၿပီး ေလ့က်င့္ေရးဆင္းေနတာ ျဖစ္ပါတယ္။ အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာလည္း ကာဗာနီ ပါ၀င္ပြဲထြက္လာႏိုင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

ဥ႐ုေဂြးတိုက္စစ္မွဴးဟာ လူမႈကြန္ယက္မွာ လူမ်ိဳးေရးခြဲျခားတဲ့ ပိုစ့္ကို တင္ခဲ့တဲ့အတြက္ (၃) ပြဲပယ္ အျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရၿပီး (၂) ပြဲက်န္ရွိေနေသးတာျဖစ္ပါတယ္။ ကာဗာနီဟာ လက္စတာအသင္းနဲ႔ စေနေန႔က (၂-၂) သေရက်ခဲ့တဲ့ပြဲမွာလည္း အရန္ခံုကေန ၀င္ကစားခဲ့ၿပီး အသင္းအတြက္ (၁) ဂိုးဖန္တီးေပးခဲ့ပါတယ္။